ရွေးချယ်တာမှန်ရင် မျက်နှာလေးနဲ့ အလွန်လိုက်ဖက်ညီပြီး ကြည့်ကောင်းပါတယ်။

မိန်းမသားတွေအတွက်တော့ ဆံပင်ဆိုတာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆံပင်ပုံစံအသစ်ပြောင်းတော့မယ်ဆိုရင် မိန်းကလေးတွေ အရမ်းစဉ်းစားကြပြီး ဆံသဆရာ/ဆရာမကိုလည်း အထူးရွေးချယ်ကြတာ ဖြစ်ပါတယ်။

 

နဖူးပေါ်မှာချထားတဲ့ဆံမြိတ် (bangs) စတိုင်လ်ဟာ နောက်ပိုင်းမှာအရမ်းခေတ်စားလာပါတယ်။ ဒါပေမယ့် သတိတော့ထားရမှာပါ။ ဆံမြိတ်ချတဲ့စတိုင်လ် (bangs) ဟာ ရွေးချယ်တာမှန်ရင် မျက်နှာလေးနဲ့ အလွန်လိုက်ဖက်ညီပြီး ကြည့်ကောင်းပေမယ့် မျက်နှာနဲ့လိုက်ဖက်မညီတဲ့ပုံစံကို ရွေးချယ်မိရင်တော့ အလွန်ကြည့်ရဆိုးပြီး နောက်ပိုင်းမှာ ပြန်နောင်တရ ရပါလိမ့်မယ်။ ဒီတော့ မိမိမျက်နှာအချိုးအစားကိုမူတည်ပြီး ထားရမယ့် ဆံပင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်နှာရှည်တဲ့သူတွေအတွက်

Thinking-About-A-New-Haircut-Check-Out-This-Guide-To-Bangs.jpg 

သင့်မျက်နှာဟာ ထောင့်မှန်စတုဂံပုံသဏ္ဍာန်ဆန်ပြီး မေးရိုးနားမှာမှ ပြေပြစ်သွားတယ်ဆိုရင် ဒါဟာမျက်နှာရှည်တယ်ဆိုတာကို ဖော်ပြနေတာပါပဲ။ ဒီလိုမျက်နှာပိုင်ရှင်တွေကတော့ poker straight လို့ခေါ်တဲ့ လှပတဲ့ဆံမြိတ်စတိုင်လ်မျိုးနဲ့ အထူးလိုက်ဖက်ပါတယ်။ (ပုံပါအတိုင်း) မျက်နှာက သိသာထင်ရှားတဲ့ပုံစံရှိတဲ့အတွက် ဒီလိုရေပြင်ညီပုံစံ ဆံပင်စတိုင်လ်က မျက်နှာကို အထောက်အကူပေးမှာပါ။

၂။ မျက်နှာဝိုင်းတဲ့သူတွေအတွက်

2.-For-A-Circular-Face.jpg 

ဖော်ပြပါပုံထဲက ချစ်စရာမင်းသမီးလေး Emma Stone လို မျက်နှာဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားသူတွေကတော့ လှိုင်းတွန့်လေးတွေနဲ့ အတိုအရှည်မညီတဲ့ဆံမြိတ်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီလိုအနုပညာဆန်စွာ ဖရိုဖရဲဖြစ်ခြင်းက လှပတဲ့အသွင်သဏ္ဍာန်ကို ဖန်ဆင်းပေးနိုင်မှာပါ။ နောက်ပြီး မျက်နှာကို နက်ရှိုင်းစွာ ဘောင်ခတ်ပေးထားနိုင်မှာပါ။ အရမ်းခေါက်ချိုးညီနေမှာစိုးရင် ဆံပင်ကို ဘေးတစောင်းခွဲထားလိုက်လို့လည်းရပါတယ်။

၃။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေအတွက်

3.-For-An-Oval-Face.jpg 

ဘဲဥပုံမျက်နှာကို ပိုင်ဆိုင်ထားသူတွေအတွက်ကတော့ သတင်းကောင်းပါပဲ။ သူတို့ကတော့ ဘယ်လိုဆံမြိတ် (bangs) ပုံုစံမျိုးနဲ့မဆို လိုက်ဖက်ညီပါတယ်။ ဒါပေမယ့် အလိုက်ဖက်ဆုံးကတော့ pin-straight, breezy နဲ့ light bangs ပုံစံတွေပါပဲ။

၄။ စတုရန်းပုံစံမျက်နှာပိုင်ရှင်တွေအတွက်

4.-For-A-Square-Face.jpg 

မေးရိုးကျယ်ပြီး ကားတဲ့သူတွေကတော့ စတုရန်းပုံစံမျက်နှာပိုင်ရှင်တွေဖြစ်ပါတယ်။ (Rihanna လိုမျိုးပေါ့။) အဲဒီလိုမျက်နှာပိုင်ရှင် တွေအတွက်ကတော့ ပေါ့ပါးပြီး ကောင်းမွန်လှပတဲ့ဆံမြိတ်လေးတွေနဲ့ မျက်နှာကိုဘောင်ခတ်ဖို့ပါပဲ။ နဖူးကိုအရမ်းကြီးဖုံးမထားဘဲ ခပ်ကျဲကျဲချထားတဲ့ပုံစံက မျက်နှာကိုပေါ်လွင်စေပါတယ်။

၅။ အသည်းပုံမျက်နှာပိုင်ရှင်တွေအတွက်

5.-For-A-Heart-Face.jpg 

Cheryl Cole လိုမျိုး အသည်းနှလုံးပုံမျက်နှာပိုင်ရှင်တစ်ယောက်ဖြစ်နေပါသလား။ နဖူးကိုပေါ်လွင်စေဖို့ light bangs စတိုင်လ်ကိုသာ ရွေးချယ်လိုက်ပါ။ သင့်မှာ ပါးရိုးမြင့်မြင့်နဲ့ ရှေ့ကိုနည်းနည်း စူးထွက်နေတဲ့ မေးရိုးတို့ရှိတာကြောင့် ဒီဆံပင်ပုံလေးက မျက်နှာကို ပေါ်လွင်စေမှာပါ။

Sourse: stylecraze

Share

Loading Next Article...
က္က