ရေမွှေးဆွတ်ပြီးရင် အသားကို မပွတ်ရဘူး။

ကြိုက်လို့ဆွတ်ဆွတ်၊ ခန္ဓာကိုယ်ကအနံ့တွေပျောက်အောင်ဆွတ်ဆွတ် ... ဘယ်လိုပဲဖြစ်ဖြစ် ရေမွှေးဆွတ်သူတွေ အများကြီး။ ဆွတ်သမျှရေမွှေးတိုင်းလည်း အနံ့စွဲစေချင်တယ်လေ။ နာမည်ကြီးရေမွှေးထုတ်လုပ်ရေး Jo Malone London ရဲ့ fragrance director ဖြစ်တဲ့ Celine Roux က ရေမွှေးဆွတ်ရင် အနံ့ပိုစွဲအောင်၊ မွှေးနံ့ပိုရအောင် ဆွတ်နည်းတွေ ပြောပြသွားပါတယ်။

 

၁။ ရေမွှေးကို ခန္ဓာကိုယ်အသားပေါ် တိုက်ရိုက်ဖြန်းတဲ့အခါ သွေးခုန်နေတဲ့နေရာလေးတွေကို ဆွတ်ရင် ပိုပြီးအနံ့စွဲပါတယ်။ လက်ကောက်ဝတ်သွေးကြော၊ တံတောင်ဆစ်အတွင်းပိုင်း၊ နားရွက်နောက်သွေးကြောလို နေရာတွေက အခြားနေရာမှာဆွတ်တာထက် ပိုပြီး ရေမွှေးနံ့ထွက်ပါတယ်။ ပူနွေးပြီး သွေးလည်ပတ်မှုကောင်းတဲ့နေရာတွေကို ရေမွှေးဆွတ်ပါ။

၂။ ဆံပင်နဲ့ အဝတ်အစားတွေပေါ်ကိုလည်း ရေမွှေးဆွတ်ပါ။ ဆံပင်ကို ရေမွှေးတိုက်ရိုက်မဆွတ်ဘဲ ရေမွှေးဖြန်းထားတဲ့ဘီးလေးနဲ့ ဖြီးပေးပေါ့။ ရေမွှေးနံ့တွေ တစ်ကိုယ်လုံးလွှမ်းနေအောင်လေ။ အနားကပ်လာတိုင်း ကိုယ့်အနံ့လေးနဲ့ ဖမ်းစားချင်ရင် ခုပြောသလိုလုပ်နော်။

 

၃။ ရေမွှေးဆွတ်ပြီးရင် အသားကို မပွတ်ရဘူး။ လက်ကောက်ဝတ်မှာ ရေမွှေးကိုဖြန်းပြီး နောက်လက်ကောက်ဝတ်နဲ့ ပွတ်လိုက်ရင် အနံ့ပြောင်းသွားတယ်။ အနံ့လည်းမစွဲတော့ဘူး။

၄။ အရေပြားက အစိုဓာတ်ပြည့်နေရင်လည်း ရေမွှေးနံ့ပိုစွဲတာမို့ မဆွတ်ခင်မှာ body lotion ဖြစ်ဖြစ် vaseline လေးဖြစ်ဖြစ် အရင်လိမ်းပြီးမှဆွတ်ပါ။

 

နောက်တစ်ခု အကြံပေးချင်တာကလေ ရေမွှေးဆွတ်ရင် တခြားအနံ့တွေနဲ့မရောတာကောင်းတယ်။ ချွေးနံ့ပျောက်ဆေး၊ body lotion တို့ကို အနံ့ပြင်းတာတွေ မသုံးသင့်ဘူး။ အနံ့တွေရောကုန်ရော။

Share

Loading Next Article...
က္က