ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တယ်ဆိုရင် ရုပ်ရည်လေးတစ်ခုတည်းကိုသာ သနေလို့မရဘဲ ကိုယ်နံ့နဲ့ အသံကိုပါ ဆွဲဆောင်မှုရှိအောင် ပြုလုပ်လို့လိုအပ်နေပါတယ်။

အလှတရားဆိုတာ ဘာလဲ။ အလှတရားနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်။ တချို့က အရပ်မြင့်ပြီး နေလောင်ထားတဲ့အသားအရေကိုမှ လှပတယ်ထင်ကြတယ်။ တချို့က ဖြူဖွေးတဲ့ အသားအရေနဲ့ လူကောင်ညှက်ညှက်လေးကိုမှ လှပတယ်ထင်ကြတယ်။

 

ကြည့်ရှုသူရဲ့မျက်စိအမြင်နဲ့ ကိုယ်ပိုင်ခံစားချက်အလိုက် အလှတရားရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ပြောင်းလဲနေမှာပါ။ တစ်ခါတလေမှာ အလှတရားဆိုတာ ခံစားသူရဲ့မျက်လုံးထဲမှာပဲ တည်တာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ခံစားသူရဲ့နားထဲမှာ တည်နိုင်သလို တစ်ခါတလေမှာ ခံစားသူရဲ့နှာခေါင်းထဲမှာလည်း တည်နိုင်ပါတယ်။

အဆင်း၊ အသံ၊ အနံ့

Becky-G-press-photo-cr-Chris-Baldwin-2017-billboard-1548.jpg 

သုတေသနအသစ်တစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့တာကတော့ လူတစ်ယောက် တခြားလူတွေအပေါ် ဘယ်လောက်ဆွဲဆောင်မှုရှိလဲ ဆိုတဲ့အပိုင်းမှာ သူ့ရဲ့အသံနဲ့ အနံ့ကလည်း  ရုပ်ရည်လိုပဲ အရေးပါ၊ အရာရောက်တယ်ဆိုတာပါပဲ။ နှစ်ပေါင်းသုံးဆယ်ကြာ သုတေသနကနေ ပြန်စီစစ်ထားတဲ့ အဲဒီရှာဖွေတွေ့ရှိချက်တွေကို Frontiers in Psychology ဆိုတဲ့ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

ပိုလန်နိုင်ငံ၊ ဝါဆလောတက္ကသိုလ်က သုတေသီတစ်ဦးဖြစ်တဲ့ စာရေးဆရာ Agata Groyecka ကလည်း "လူတော်တော်များများက အလှတရားကို ရှာဖွေရာမှာ အမြင်အာရုံကိုဆွဲဆောင်နိုင်မှုကိုပဲ အဓိကထားကြတယ်။ ဥပမာ... ရုပ်ရည်တို့၊ ခန္ဓာကိုယ်တို့ပေါ့" လို့ဆိုပါတယ်။

ဒါပေမယ့် တခြားအာရုံခံစနစ်တွေနဲ့ လူမှုဆက်ဆံရေးအပေါ် သူတို့ရဲ့ဆက်နွယ်မှုတွေကို သုတေသနတွေထပ်မံပြုလုပ်နေပြီး အဲဒီတွေ့ရှိချက်တွေကိုလည်း လစ်လျူမရှုသင့်ကြောင့် သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ "လူတစ်ယောက်ကို အဆင်း၊ အသံ၊ အနံ့ အာရုံတိုင်းကရတဲ့ သတင်းအချက်အလက်တွေနဲ့ အကဲဖြတ်တာက ပိုမိုတိကျပြီး အားကိုးယုံကြည်ရစေပါတယ်" လို့လည်း Groyecha က ဂျာနယ်တစ်စောင်ထဲမှာ ပြောကြားသွားပါသေးတယ်။

ဆွဲဆောင်မှုရှိတယ်ဆိုတာ

Beautiful-Attractive-Girl-Wallpaper.jpg 

အသက်အရွယ်တွေ၊ လိင်တွေနဲ့အတူ လူတစ်ယောက်ရဲ့အသံကလည်း ဆွဲဆောင်မှုပေါင်းများစွာကို ဖော်ပြနိုင်ပြီး သြဇာလွှမ်းမိုးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ စိတ်ခံစားမှုအခြေအနေ စတာတွေကိုပါ ခန့်မှန်းလို့ရစေပါတယ်။

နောက်တစ်ခုကတော့ လူတစ်ယောက်ရဲ့ကိုယ်နံ့ဟာလည်း အဲဒီလူရဲ့ပုဂ္ဂလအရည်အသွေးကို ဖော်ပြနေတယ်လို့ဆိုပါတယ်။ ကိုယ်နံ့ကောင်းမွန်တဲ့ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းမွန်သလို စည်းကမ်းရှိတယ်လို့ ယူဆနိုင်ပြီး ကိုယ်နံ့ဆိုးဝါးနေမယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်လို့ အမြင်မခံရနိုင်တာ အသေအချာပါပဲ။

Groyecka ကတော့ လူတစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မှုရှိခြင်းဟာ ဒီအချင်းအရာ (၃) မျိုးလုံး ပါဝင်ပတ်သက်နေပုံကို လေ့လာထားတဲ့ သုတေသနတွေနဲ့ တော်လှန်ပြောင်းလဲမယ့် အယူအဆတွေထပ်မံပေါ်ပေါက်လာလိမ့်ဦးမယ်လို့ ယူဆထားပါတယ်။ ဒီတော့ ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တယ်ဆိုရင် ရုပ်ရည်လေးတစ်ခုတည်းကိုသာ သနေလို့မရဘဲ ကိုယ်နံ့နဲ့ အသံကိုပါ ဆွဲဆောင်မှုရှိအောင် ပြုလုပ်လို့လိုအပ်နေပါတယ်။

Source: Wedmd

Share

Loading Next Article...
က္က