တစ်ပတ် ၃ ကြိမ် လုပ်ပေးရင် မျက်နှာလေး သိသိသာသာ ဝင်းလာပါလိမ့်မယ်နော်။

အသားအရေလေး ကျန်းမာလှပနေဖို့ဆိုရင် မျက်နှာပေါ်မှာ အမဲစက်တွေ ရှိမနေဖို့လည်းလိုမယ်နော်။ အမဲစက်တွေကြောင့် အလှပျက်နေရတယ်ဆိုရင် ဒီနည်းလေးတွေကို သုံးလိုက်ပါ။ ၃ ရက်အတွင်း အမဲစက်တွေ ပါးသွားပါလိမ့်မယ်။

 

၁။ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပါ။ အာလူး ၁လုံးနဲ့ သလဲသီးစေ့ လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်ကို blender ထဲမှာ ရောကြိတ်ပြီး အရည်ကိုယူထားပါ။ ညှစ်ထားတဲ့ သံပရာရည်နဲ့ရောပြီးရင် ရေခဲတုံးပုံစံခွက်လေးထဲမှာ အအေးခံရပါမယ်။ ခဲသွားတဲ့ အတုံးလေးတွေနဲ့ မျက်နှာကို ပွတ်ပေးရုံပါပဲ။ ပြီးမှ ရေအေးလေးနဲ့ ပြန်ဆေးချပေးရမှာ ဖြစ်ပါတယ်။

 

၂။ နောက်တစ်နည်းကတော့ ဆနွင်းကို သုံးတဲ့နည်း ဖြစ်ပါတယ်။ အသားအရေကို ဝင်းလက်ဖြူစင်စေနိုင်စွမ်းရှိတဲ့ ဆနွင်းက အရေပြားရောင်ရမ်းမှု၊ အသားအရောင်မွဲခြောက်မှုနဲ့ အလာ့ဂျစ်ဖြစ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဆနွင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်းကို နာနတ်သီးအရည်နဲ့ရောပြီးရင် မျက်နှာနဲ့လည်ပင်းကို လိမ်းပေးထားပါ။ ခြောက်သွားတော့မှ ရေနွေးနွေးလေးနဲ့ ဆေးပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ် ၃ ကြိမ် လုပ်ပေးရင် မျက်နှာလေး သိသိသာသာ ဝင်းလာပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က