ကော်ဖီမှုန့်ဟာ အလှအပရေးရာမှာလည်း အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

အနက်ရောင်ဆံကေသာတွေဟာ နေရောင်ခြည်နဲ့ အချိန်ကြာထိတွေ့ရင်၊ မသန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ အကာအကွယ်မပါဘဲ နေတာကြာရင် အရောင်ပြောင်းပြီး မှုန်မွဲမွဲဖြစ်လာတတ်ပါတယ်။ နောက်ပြီး ဆံပင်နှစ်ခွဖြစ်ခြင်းတို့၊ ဗောက်ထခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံးကူညီဖြေရှင်းပေးနိုင်တာကတော့ ကော်ဖီမှုန့်ပါပဲ။



 

ကော်ဖီမှုန့်ဟာ ကျွန်တော်တို့ရဲ့မနက်ခင်းတွေကို ပြီးပြည့်စုံစေတဲ့ ကော်ဖီခွက်တွေကို ဖန်ဆင်းပေးနိုင်ရုံတင်မကပါဘူး။ အလှအပရေးရာမှာလည်း အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကော်ဖီမှုန့်ဟာ ဆံပင်ပိုသန်စေဖို့၊ သဘာဝအတိုင်းတောက်ပစေဖို့ ကူညီပေးနိုင်တဲ့အပြင် ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။

အကျိုးအာနိသင်တွေ

7946567_orig.jpg 

ကော်ဖီမှုန့်ထဲမှာပါဝင်တဲ့ ကဖိန်းဓာတ်က ဦးရေပြားကိုလှုံ့ဆော်ပေးပြီး မျက်နှာနဲ့ဆက်စပ်နေတဲ့နေရာတဝိုက်မှာ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ဆံပင်ကို ပိုမိုလန်းဆန်း တောက်ပစေပါတယ်။ ကော်ဖီမှုန့်ဟာ ဦးရေပြားမွေးညင်းပေါက်လေးတွေရဲ့ ဆံပင်ပေါက်နှုန်းကိုလည်း နှိုးဆွပေးပါတယ်။ နောက်တစ်ခုက ကော်ဖီမှုန့်ဟာ မှုန်မှိုင်းနေတဲ့ ဆံပင်အရောင်ကို ပြန်လည် နက်မှောင်လာစေနိုင်ပါတယ်။

၁။ ကော်ဖီဆံပင်ပေါင်းဆေး

miracle-mask-final-1.jpg 

ပန်းကန်လုံးတစ်လုံးထဲမှာ ကော်ဖီမှုန့်အနည်းငယ်နဲ့ ဂရိဒိန်ချဉ် (သကာရည်ထုတ်ပြီးသား ဒိန်ချဉ်) ကို ရောထည့်လိုက်ပါ။ သမသွားအောင် ကောင်းကောင်းရောမွှေပေးလိုက်ပြီး ဆံပင်ပေါင်းဆေးအဖြစ် အသုံးပြုလိုက်ပါ။ ဆံပင်ပေါ်နဲ့ ဦးရေပြားထဲထိ နက်ရှိုင်းအောင် သုတ်လိမ်းပေးလိုက်ပြီး မိနစ် (၃၀) လောက်ထားပေးလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်သုံးပြီး ပြန်လျှော်ပေးလိုက်ပါ။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆံပင်အခြောက်ခံစက်သုံးပြီး ဆံပင်ကို မြန်မြန်ခြောက်အောင် မလုပ်ဖို့ပါပဲ။ သဘာဝအတိုင်း ခြောက်သွေ့သွားပါစေ။

၂။ ကော်ဖီ ဦးရေပြားချေးချွတ်ဆေး

salt-coffee-scrub-1-of-1.jpg 

ပန်းကန်လုံးတစ်လုံးထဲမှာ ကော်ဖီမှုန့်နဲ့ ဆားအနည်းငယ်ကို ထည့်လိုုက်ပါ။ ပြီးရင် အုန်းဆီနည်းနည်းထည့်ပြီး ကော်ဖီ ဦးရေပြားချေးချွတ်ဆေးဖြစ်အောင် လုပ်လိုက်ပါ။ ပြီးရင် ခေါင်းမလျှော်ခင် ဒီဆေးလေးကိုသုံးပြီး ဦးရေပြားကိုချေးချွတ်ပေးလိုက်ပါ။

၃။ ကော်ဖီခေါင်းလိမ်းဆီ

IMG_7365.jpg 

ကော်ဖီခေါင်းလိမ်းဆီကို ရရှိဖို့ ပန်းကန်လုံးတစ်လုံုးထဲမှာ သံလွင်ဆီနည်းနည်းနဲ့ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းလောက်ကို အရင်ထည့်လိုက်ပါ။ ပြီးရင် ပန်းကန်လုံးကိုအပေါ်က အဖုံးဖုံးပြီး မှောင်မိုက်ခြောက်သွေ့တဲ့နေရာ တစ်နေရာမှာ (၂) ပတ် (၃) ပတ်လောက် ထားပေးလိုက်ပါ။ ပြီးရင် ဆီတွေကို အသာလေးဖယ်ထုတ်လိုက်ရင် ကော်ဖီခေါင်းလိမ်းဆီ အသင့်ဖြစ်ပါပြီ။ ညအိပ်ယာမဝင်ခင် လိမ်းပေးနိုင်ပြီး နောက်နေ့မှာ ခေါင်းပြန်လျှော်ပေးနိုင်ပါတယ်။

Source: indianspot


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က