တစ်ခုသောနွေဦးရာသီနေ့တစ်နေ့မှာ Stephanie Miller (စတက်ဖနီ မိုင်လာ) ဆိုတဲ့ မေမေတစ်ယောက်ဟာ သူမရဲ့ခင်ပွန်းဖြစ်သူက သူမဝယ်ပေးထားတဲ့ ရှပ်အင်္ကျ ီအဟောင်းတစ်ထည်ကို လွှင့်ပစ်နေတာကို တွေ့မိလိုက်ပါတယ်။

ယုံချင်ယုံ၊ မယုံချင်နေပါ။ မေမေတစ်ယောက်ရဲ့ဝါသနာဟာ ရှပ်အင်္ကျ ီတစ်ထည်နဲ့ စတင်ခဲ့ပြီး အဲဒါကြောင့်ပဲ သူမဟာ နာမည်ကျော်ကြားလာခဲ့ရတာပါ။

တစ်ခုသောနွေဦးရာသီနေ့တစ်နေ့မှာ Stephanie Miller (စတက်ဖနီ မိုင်လာ) ဆိုတဲ့ မေမေတစ်ယောက်ဟာ သူမရဲ့ခင်ပွန်းဖြစ်သူက သူမဝယ်ပေးထားတဲ့ ရှပ်အင်္ကျ ီအဟောင်းတစ်ထည်ကို လွှင့်ပစ်နေတာကို တွေ့မိလိုက်ပါတယ်။

"အင်္ကျ ီကသေးသွားပြီဆိုပေမယ့် အကောင်းကြီးရှိနေပါသေးတယ်။ ဒါကိုလွှင့်ပစ်တာတွေ့ရတော့ ကျွန်မအရမ်းဒေါကန်သွားပါတယ်" လို့ မိုင်လာက HuffPost က ပြောပါတယ်။ "အဲဒါနဲ့ အင်္ကျ ီကိုကျွန်မပဲ ပြန်သိမ်းထားလိုက်ပြီး သူ့ရဲ့တခြားရှပ်အင်္ကျ ီအဟောင်းတွေကိုပါ ယူထုတ်လိုက်ပါတယ်။ နောက်ပြီး အဲဒါတွေနဲ့ တစ်ခုခုဖန်တီးဖို့ စိတ်ကူးရပါတယ်။"

 

ဒီလိုနဲ့ နာရီအနည်းငယ်ကြာတော့ သူမဟာ အပြာရောင်လှပတဲ့ ဝတ်စုံလေးတစ်စုံနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီဝတ်စုံလေးဟာ သူမရဲ့သမီးဖြစ်သူအတွက်ဖြစ်ပြီး သူမရဲ့သမီးဟာ ဝတ်စုံလေးကို နှစ်သက်လွန်းလို့ မချွတ်တမ်းဝတ်ဆင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ညအိပ်တာတောင် အဲဒီဝတ်စုံနဲ့ပဲ အိပ်ပါရစေလို့လည်း ခွင့်တောင်းခဲ့ပါတယ်။

အခုဆိုရင် အဲဒီဝတ်စုံလေးတွေဟာ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးလာပါတယ်။ အဲဒီဝတ်စုံလေးတွေကို ဖန်တီးခဲ့တဲ့ မေမေ မိုင်လာဟာလည်း အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ မိုင်လာဟာ Before (မချုပ်ခင်) နဲ့ after (ချုပ်ပြီး) ဆိုတဲ့ ဓာတ်ပုံလေးတွေနဲ့ သူမရဲ့ဒီဇိုင်းလေးတွေကို Instagram ပေါ်မှာတင်ခဲ့ပါတယ်။ အဲဒီ ဒီဇိုင်းတွေအကုန်လုံးဟာ သူမခင်ပွန်းဖြစ်သူရဲ့ ရှပ်အင်္ကျ ီတွေကိုပဲ အခြေခံထားပါတယ်။

 

"တကယ်ပျော်စရာကောင်းတဲ့အပိုင်းက ဒီဝတ်စုံလေးတွေဖြစ်လာဖို့ ခင်ပွန်းဖြစ်သူရဲ့ရှပ်အင်္ကျ ီတွေပေါ်ကိုပဲ အခြေခံထားတဲ့ ကန့်သတ်ချက်ပါပဲ" လို့ မိုင်လာက TODAY Style မဂ္ဂဇင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ဝတ်စုံတွေက ပြုလုပ်ဖန်တီးရတာလည်း အဲလောက်မခက်ခဲပါဘူး။ ဘာလို့လဲဆိုတော့ မိုင်လာဟာ ရှိပြီးသားအနားသတ်တွေကိုပဲ ပြန်လုံးခဲ့ပြီး ကြယ်သီးတွေကလည်း ရှပ်အင်္ကျ ီပေါ်မှာ ပါပြီးသားဖြစ်နေလို့ပါပဲ။ အချိန်ကကော ဘယ်လောက်ကြာပါသလဲ။ ဝတ်စုံတစ်စုံကို နာရီလောက်ပဲကြတယ်လို့ မိုင်လာက ဆိုပါတယ်။

ဒါပေမယ့် ဒီဝါသနာက ဘတ်ဂျက်သက်သာရုံ၊ လုပ်ကိုင်ရလွယ်ကူရုံ ဝါသနာတစ်ခုထက်ပိုပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်တုံးက မိုင်လာဟာ သူမရဲ့ပထမဆုံးကလေးကို မွေးဖွားတုံးက ပန်းချီဆွဲချင်တဲ့ သူမရဲ့ ဝါသနာတွေကို ခဏချိုးနှိမ်ပြီး အိမ်ထောင်သည်ဘဝထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဒါဟာ သူမအတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

 

ဒါပေမယ့် သူမခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့အတူ မိုင်လာဟာ သူမရဲ့တီထွင်ဖန်တီးမှုတွေအတွက် ထွက်ပေါက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူမဟာ အရုုပ်လုပ်နည်းလေးးတွေ၊ အင်္ကျ ီချုပ်နည်းလေးတွေကို ဗီဒီယို ကျူတိုရီရယ် လေးတွေရိုက်ပြီး Youtube ပေါ်တင်ခဲ့ပါတယ်။ သူမရဲ့မတူကွဲပြားတဲ့ ဒီဇိုင်းတွေဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။

 

"ကျွန်မထင်တာကတော့ မိဘတိုင်းမှာလည်း စိတ်ထွက်ပေါက်တစ်ခုရှိဖို့လိုမယ်ထင်ပါတယ်။ နောက်ပြီး သူတို့ဘဝမှာ ဝါသနာအရ တီထွင်ဖန်တီးမှုလေးတွေ ပြုလုပ်ဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်။ ကလေးတွေ၊ ခင်ပွန်းနဲ့ မိသားစုဘဝတွေရဲ့အပြင်ဘက်ကို ခဏထွက်ပြီး မိမိဖန်တီးလိုတာလေးတွေ ဖန်တီးဖို့ပေါ့" လို့ မိုင်လာကဆိုပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က