ဆန်ဆေးရေကိုတော့ သွန်ပစ်ကြတာများပါတယ်။

ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေ့စဉ်အစားအသောက်မှာ အဓိကနေရာကပါဝင်နေတဲ့ ထမင်းကို ဆန်ကိုရေဆေးပြီး ထမင်းအိုးတည်ခြင်းကနေ ရရှိပါတယ်။ အဲဒီလိုထမင်းအိုးတည်ရင် ဆန်ဆေးရာက ရရှိတဲ့ ဆန်ဆေးရေကိုတော့ သွန်ပစ်ကြတာများပါတယ်။

အမှန်တော့ ဆန်ဆေးရေမှာလည်း အရေပြားနဲ့ ဆံကေသာပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိလေးတွေပါဝင်နေလို့ မသွန်ပစ်ဘဲ ပြန်သုံးသင့်ပါတယ်။

၁။ ဝက်ခြံပျောက်စေတယ်

38215087_ml.jpg 

ဝက်ခြံဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ရပ်ပါပဲ။ နောက်ပြီး မျက်နှာလှလှလေးပေါ်မှာ ဝက်ခြံတွေပေါက်လာတာက စိတ်ရှုပ်ဖို့ အရမ်းကောင်းပါတယ်။ အဲဒီလိုအချိန်မှာ ဖြေရှင်းဖို့အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရေကိုအသုံးပြုတာပါပဲ။ ဆန်ဆေးရေဟာ ဝက်ခြံနဲ့ အရေပြားနီရဲခြင်းတွေကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

၂။ အရေပြားအိုမင်းရင့်ရော်မှုကို ကုသပေးတယ်

တကယ်လို့ ခင်ဗျားရဲ့အရေပြားက အိုမင်းရင့်ရော်နေပြီး ရှိရင်းစွဲထက် ပိုမိုအိုမင်းနေတယ်လို့ ခံစားနေရတဲ့အခါ ဆန်ဆေးရေနဲ့သာ မျက်နှာသစ်ပေးလိုက်ပါ။ ၎င်းက အရေပြားကို ပြန်လည်စိုပြေစေပြီး အချိန်ပိုင်းအတွင်းမှာ ပြန်လည်ထူးခြားလာမှုကို တွေ့မြင်ရမှာပါ။

၃။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

4.-Eating-Unhealthy-Food.jpg 

အပေါ်မှာပြောခဲ့သလိုပါပဲ။ ဆန်ဆေးရေက အစာခြေစနစ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။ ဆန်ဆေးရေကို ဒီတိုင်းအအေးခံပြီးသောက်လို့ရသလို အပူနည်းနည်းပေးပြီး သောက်လို့လည်းရပါတယ်။ ဒီတိုင်းသောက်ရင် မဝင်မှာစိုးရင် ပျားရည်နည်းနည်းထည့်လို့ရပါသေးတယ်။

၄။ အရေပြားယားယံခြင်းတွေကို ကုသနိုင်တယ်

အရေပြားယားယံတတ်ပါသလား။ အချိန်ဖြုန်းမနေပါနဲ့။ ဆန်ဆေးရေကိုသာ အသုံးပြုလိုက်ပါ။ ဆန်ဆေးရေမှာ အရေပြားဆဲလ်ပေါက်လေးတွေထိ ဝင်ပြီး သန့်ရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ဝါဂွမ်းစလေးနဲ့ ဆန်ဆေးရေကို တို့ပြီးလိမ်းလိုက်ရုံနဲ့ လျင်မြန်စွာသက်သာပျောက်ကင်းစေမှာပါ။

၅။ မျက်နှာအရေပြားကို သန့်စင်စေပါတယ်

 

လူအများစုက ဆန်ဆေးရေကို မျက်နှာသစ်ဆေးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။ တကယ်တမ်းလည်း ဆန်ဆေးရေကို မျက်နှာအရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် သန့်စင်ဆေး တစ်မျိုးအဖြစ် အသုံးချနိုင်ပါတယ်။ ထုံးစံအတိုင်းပါပဲ... ဝါဂွမ်းစလေးတစ်ဖတ်နဲ့ ဆန်ဆေးရေကိုတို့ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ပြီးမှ ရေနဲ့ပြန်ဆေးချပေးလိုက်ပေါ့။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေပြားလေး သိသိသာသာ ပျော့ပျောင်းသန့်စင်လာတာကို တွေ့ရှိရမှာပါ။

၆။ ဆံသားကိုခိုင်မာစေမယ်

ဆန်ဆေးရေက ဆံသားကိုလည်း ခိုင်မာစေပါတယ်။ တရုပ်နိုင်ငံ ကျေးလက်တောရွာက အမျိုးသမီးတွေဆိုရင် ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြတဲ့အတွက် ဆံကေသာလေးတွေ နက်မှှောင်ပြီး ခိုင်မာနေရတာလို့ ဆိုပါတယ်။ တိုတိုပြောရရင် ဆန်ဆေးရေက သူတို့ရဲ့ရှည်လျားသန်မာတဲ့ ဆံကေသာတွေရဲ့လျှို့ဝှက်ချက်ပါပဲတဲ့။

Source: youngisthan

Share

Loading Next Article...
က္က