သဘာဝပေါင်းတင်နည်းတွေလည်း ရှိသေးတယ်။

"မျက်နှာအဆီပြန်လွန်းလို့ လူဆီထုတ်ပြီးတော့သာ ရောင်းပလိုက်ချင်တော့တယ်"လို့များ ညည်းညူလိုက်ရတော့မလားပဲနော်။ တကယ်ပါ မျက်နှာအဆီပြန်ပုံများကတော့ အိပ်ရာနိုးလည်းအဆီတဝင်းဝင်း၊ မိတ်ကပ်လိမ်းထားလည်း အဆီလေးတဝင်းဝင်းနဲ့။ ဒီလိုအဆီပြန်တဲ့ဒုက္ခကို ရင်ဆိုင်ဖို့ကတော့ မျက်နှာသစ်တာအစ အစားအသောက်အဆုံး အားလုံးကို ဂရုစိုက်ပေးမှ တော်ကာကြပါလိမ့်မယ်နော်။

၁။ မျက်နှာသစ်ရင်

Exfoliation.jpg

မျက်နှာသစ်တဲ့အခါ ရေနွေးနွေးလေးကိုသုံးသင့်ပါတယ်။ ချွေးပေါက်ပိတ်တာကိုလည်း ရှင်းပေးနိုင်တော့ အရေပြားမှာအဆီတွေ ကပ်မနေတော့ဘူး။ မျက်နှာသစ်ဆေးကိုတော့ alcohol မပါတာကို ရွေးပါ။

၂။ Exfoliation

Exfoliate လုပ်တယ်ဆိုတာ အရေပြားပေါ်က အညစ်အကြေးတွေကို သန့်စင်သွားအောင် ရှင်းလင်းပေးပြီး အသားအရေကြည်လင်အောင် လုပ်ပေးတာကို ခေါ်တာပါ။ ဆားဝက်ခြံနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာလည်း ဖြစ်ပါတယ်။ ကြေးချွတ်ပေးတဲ့သဘောပါပဲ။ တစ်ပတ်ကို ၂ ကြိမ်ထက်တော့ ပိုမလုပ်ပါနဲ့။

၃။ သဘာဝပေါင်းတင်နည်း

Dont-touch-768x512.jpg 

သခွားသီးလေးကပ်ပေးတာမျိုး၊ အာလူးကပ်ပေးတာမျိုးပေါ့။ တခြား ပေါင်းတင်နည်းတွေလည်း အများကြီးရှိတာပဲ။ နမူနာပြောရရင် ဒိန်ချဉ်နဲ့ပျားရည်လေးကို ရောပြီး မျက်နှာကိုလိမ်းပေးတာမျိုးဟာ သဘာဝပေါင်းတင်နည်းတစ်ခုပဲမဟုတ်လား။

၄။ မိတ်ကပ်လျှော့

အဆီပြန်တတ်သူတွေက မိတ်ကပ်ထူထူလိမ်းဖို့ မသင့်ဘူးနော်။ မိတ်ကပ်များများလူးတော့ မွေးညှင်းပေါက်တွေထဲမှာ စုပြုံပိတ်မိပြီး အဆီတွေစုနေကာ အဆီပြန်ခြင်းကို ဆိုးရွားစေနိုင်ပါတယ်။ မိတ်ကပ်လိမ်းပြီးတိုင်းလည်း ပြောင်စင်အောင်ဖျက်ပြီးမှ အိပ်ရာဝင်ရပါမယ်။

၅။ လက်ကိုထိန်း

ကိုယ့်မျက်နှာလေးကို လက်လေးနဲ့ တကိုင်ကိုင် မလုပ်ပါနဲ့။ ကိုယ်လည်းမကိုင်နဲ့ ၊ သူများကိုင်တာလည်းမခံနဲ့။ လက်မှာကပ်နေတဲ့ အညစ်အကြေးတွေက မျက်နှာကိုကပ်သွားပြီး ဖုန်နဲ့အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို အဆီပိုပြန်စေပါတယ်။

၆။ Toner

Toner.jpg 

အဆီပြန်သူတွေ မရှိမဖြစ် ဆောင်ထားရမှာက toner ဖြစ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း toner လိမ်းပေးပါ။ မျက်နှာသစ်ပြီးတာတောင် ချွေးပေါက်ထဲမှာကျန်နေသေးတဲ့ အညစ်အကြေးတွေဟာ toner လိမ်းပေးလိုက်တဲ့အခါ ထွက်သွားပါလိမ့်မယ်။ မယုံရင် toner ပွတ်ပြီးထားတဲ့ ဂွမ်းစလေးကိုကြည့်လိုက်။

၇။ ဆေးပါတဲ့တစ်ရှုးစက္ကူ

မျက်နှာသစ်ပြီးတာအောင် အဆီတွေအရမ်းပြန်နေတယ်ဆိုရင် အရေပြားပညာရှင်တွေ ညွှန်းထားတဲ့ ဆေးပါတဲ့တစ်ရှုးစက္ကူ (medicated pads/tissue)တွေကို အသုံးပြုပါ။

၈။ အစားအသောက်

အဆီများတဲ့အစားအစာတွေ၊ ဆီကြော်မုန့်တွေနဲ့ အချို၊ အငန်ကို လျှော့စားဖို့လည်း လိုပါမယ်။ ဒါတွေက မျက်နှာကို အဆီပြန်စေပြီး ဝက်ခြံနဲ့တင်းတိပ်တွေ ဖြစ်လာစေပါတယ်။ ဟင်းသီးဟင်းရွက်များများစားပါ။ အစိမ်းရောင် သီးနှံတွေကို များများစားပါ။

Source : Zed

Share

Loading Next Article...
က္က