ရေညှိစားတာ အသားအရေအတွက် ကောင်းတယ်။

အစားစားလို့ ပိုလှမယ်ဆိုရင် စားကြမှာပဲမဟုတ်လား။ အသားအရေလေးကို လှပသွားစေမယ့် အစားအစာတွေလို့ ပြောလိုက်ရင် ဟင်းသီးဟင်းရွက်တွေပဲ မြင်ယောင်မိကြတယ်။ တခြား အစားအစာတွေလည်း ရှိပါသေးတယ်။



၁။ လက်ဖက် (green tea)

green-tea-asian-ingredient-in-beauty-routine.jpg 

လက်ဖက်ရွက် အပါအဝင် လက်ဖက်ပင်ကရတဲ့ အဆီအနှစ်တွေက အသားအရေကို ဝင်းလက်စေပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း ရှင်းလင်းပေးနိုင်လို့ ဝက်ခြံတွေကိုလည်း မြန်မြန်သက်သာစေတယ်လေ။ ဝက်ခြံတွေပေါက်နေရင် လက်ဖက်စိမ်းပါတဲ့ပစ္စည်းတွေကို အသုံးပြုပါနော်။

၂။ ပင်လယ်ရေညှိ

seaweed-asian-ingredient-in-beauty-routine.jpg 

ရေညှိက စားလို့ကောင်းပါတယ်။ အာရလည်းရှိပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အထူးသဖြင့်တော့ အသားအရေကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်နေပါတယ်။ ဝက်ခြံပေါက်လို့ နီရဲရောင်ရငမ်းတာတွေကို သက်သာစေတယ်။ အသားအရေအတွင်းပိုင်း အဆိပ်အတောက်တွေကို ရှင်းလင်းပေးတယ်။ ဒါ့အပြင် xefoliate လုပ်တဲ့အခါ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ အသားဖြူလာစေပါတယ်။

၃။ အယ်လ်မွန် (almond)

almond-asian-ingredient-in-beauty-routine.jpg 

Essential fatty acid တွေ အများကြီး ပါဝင်တဲ့ အယ်လ်မွန်စေ့ဟာ အဆီထွက်စေတဲ့ဂလင်းတွေကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ အဆီပြန်ပြီး ဝက်ခြံထွက်တတ်သူတွေအတွက်တော့ အယ်လ်မွန်က အားဆေးတစ်လက်ပါပဲနော်။ ဗီတာမင် E လည်း ပါဝင်တာကြောင့် နေလောင်ဒဏ်ကြောင့် ညိုမည်းနေတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေပါတယ်။

Source : Beautiful


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က