စိတ်ဝင်စားသူတွေ လိုက်လုပ်နိုင်အောင်လည်း လက်တွေ့လိမ်းပြထားတယ်။

ပြောင်ပြောင်လက်လက်နဲ့ ကာလာစုံမိတ်ကပ်ပြင်ဆင်မှု (holographic makeup) တွေက တကယ်လည်း စိတ်ဝင်စားစရာကောင်းတယ်။ တော်ရုံနဲ့လည်း မလိမ်းနိုင်ဘူး။ လိမ်းရခက်တာကိုး။ ကြည့်လို့ကောင်းတဲ့ ဟော်လိုဂရပ်ဖစ် မိတ်ကပ်လှလှလေးတွေကို ကြောက်လန့်စရာကောင်းသွားအောင် ဖန်တီးထားသူတစ်ဦးလည်း ရှိပါတယ်။

 

သူ့ကိုတော့ အင်စတာဂရမ်မှာ တွေ့ရတာပါ။ The Wigs and Makeup Manager အမည်နဲ့ အင်စတာဂရမ်အကောင့်တစ်ခုက ဟော်လိုဂရပ်ဖစ်ပုံရိပ်နဲ့ မိတ်ကပ်တွေကို လိမ်းခြယ်ပြထားတာ တကယ်ကို အထင်ကြီးလောက်စရာကောင်းပါတယ်။

 

ဖန်တီးမှုအားကောင်းတဲ့ သူမက မိတ်ကပ်ကို သာမာန်ခြယ်သပုံမျိုးမဟုတ်ဘဲ လှလှပပလေးကိုမှ ကြောက်စရာကောင်းတဲ့အသွင်တွေနဲ့လည်း ပေါင်းစပ်ထားပြန်တယ်။ သူမရဲ့နာမည်က ဗန်နက်ဆာဒေးဗစ်လို့ အမည်ရပြီး မိတ်ကပ်ပညာရှင်တစ်ဦးပါတဲ့။

Source : Pop Sugar

Share

Loading Next Article...
က္က