အရေပြားဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပေးတဲ့ အကာအရံတစ်ခုလိုပါပဲ။

အရေပြားဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပေးတဲ့ အကာအရံတစ်ခုလိုပါပဲ။ အရေပြားဟာ ပြင်ပကမ္ဘာကလာသမျှ အရာအားလုံးကို ရှေ့ဆုံးက ထိတွေ့ဖြေရှင်းပေးရတဲ့အတွက် တစ်ခုခုဖြစ်ရင်လည်း အရေပြားက ရှေ့ဆုံးကနေ ခံရပါတယ်။ အရေပြားကျန်းမာရေးအတွက် လိုက်နာသင့်တဲ့အချက်လေးတွေ ရှိပါတယ်။



၁။ ဝက်ခြံကို လက်နဲ့သွားမညှစ်နဲ့

o-PIMPLE-facebook.jpg 

မျက်နှာပေါ်က ဝက်ခြံက ကြီးမားနီရဲပြီး အလှဖျက်နေတယ်ဆိုရင် အဲဒီအချိန်မှာ သင်အလုပ်ချင်ဆုံးက အဲဒီဝက်ခြံကို အမြန်ဆုံး နေရာက ပျောက်ကွယ်သွားစေချင်တာပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ လက်ကလည်း ဝက်ခြံရှိရာကို ရောက်သွားပြီး ညှစ်မိတတ်ပါတယ်။ အဲဒီလိုညှစ်ပါများရင်လည်း လူကအကျင့်ပါပြီး ဝက်ခြံပေါက်တိုင်း ညှစ်ချင်နေမိတတ်ပါတယ်။

ဒါပေမယ့် ဝက်ခြံညှစ်ခြင်းဖြင့် အရေပြားပေါ်မှာ အနာတရဖြစ်အောင်ဖန်တီးမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေရှိနိုင်ပြီး အမာရွတ်တွေဘာတွေလည်း ရလာနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်လာပြီဆိုရင် သနပ်ခါးလေးတစ်စက်လောက် တို့ထားတာတို့၊ ဝက်ခြံပျောက်ဆေးတို့ထားတာ တို့လောက်ပဲ လုပ်သင့်ပါတယ်။

၂။ နေလောင်ခံခရင်မ်မလိမ်းဘဲ အိမ်အပြင်မထွက်ပါနဲ့

o-SUNSCREEN-BENEFITS-facebook.jpg 

ကမ်းခြေမှာ နေပူဆာလှုံမှပဲ နေလောင်ခံခရင်မ်လိမ်းဖို့ လိုတာမဟုတ်ပါဘူး။ ရုံးချိန်၊ ကျောင်းချိန် အပြင်ထွက်ရင်လည်း နေလောင်ခံ ခရင်မ်လိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အပူပိုင်းနိုင်ငံဖြစ်ပြီး အယ်လ်နီညိုတွေ၊ အိုဇုန်းလွှာအပေါက်အပြဲတွေနဲ့ ကြုံနေရချိန်မှာ နေရောင်ခြည်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို တွန်းလှန်နိုင်ဖို့ နေလောင်ခံခရင်မ်လိုအပ်ပါတယ်။

နေလောင်ခံခရင်မ် မလိမ်းဘဲ အသားအရေကို နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပြီး အရေပြားကိုလည်း ရှိရင်းစွဲထက် ပိုမိုအိုမင်းစေပါတယ်။

၃။ နေပူထဲသွားရမယ်ဆိုရင် အရေပြားပေါ်မှာ သံပုရာရည်မလိမ်းထားမိစေနဲ့

03-lime-Things-You-Must-Never-Ever-Do-to-Your-Skin-According-to-Dermatologists_544921180-Radu-Bercan-760x506.jpg 

ဝက်ခြံပြဿနာအတွက် လူသိများတဲ့ ဆေးမြီးတိုတစ်မျိုးကတော့ သံပုရာရည်လိမ်းတာပါပဲ။ သူ့ရဲ့ antioxidant နဲ့ ပိုးမွှားတိုက်ဖျက်နိုင်တဲ့ အစွမ်းကြောင့် အရေပြားဆဲလ်သစ်ဖြစ်ပေါ်မှုနဲ့ အရေပြား ကြုံ့ဆန့်နိုင်စွမ်းအတွက် ကူညီပေးနိုင်လို့ပါ။ ဒါပေမယ့် နေပူထဲသွားမယ်ဆိုရင်တော့ သံပုရာရည်ကို မျက်နှာပေါ်လိမ်းထားဖို့ မသင့်ပါဘူး။ နေရောင်ခြည်နဲ့ သံပုရာရည် ဓာတ်ပြုရင် လပေါင်းများစွာ ကြာနိုင်တဲ့ အနီဖုကြီးတွေဖြစ်လာနိုင်ပါတယ်။

၄။ မှင်ဖြူနဲ့ တက်တူးမထိုးနဲ့

04-tattoo-Things-You-Must-Never-Ever-Do-to-Your-Skin-According-to-Dermatologists_534576478-Microgen-760x506.jpg 

တက်တူးတွေဆိုတာ လေဆာကုသမှုနဲ့သာပြန်မဖျက်ရင် အရေပြားပေါ်မှာ ထာဝရရှိနေမယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။ ဒါပေမယ့် မှင်ဖြူနဲ့တက်တူးထိုးထားရင်တော့ ပြန်ဖျက်လို့ မရပါဘူး။ တစ်ခါတလေမှာဆိုရင် လေဆာနဲ့ ပြန်ဖျက်လိုက်တဲ့အခါကျမှ မှင်ဖြူကနေ မှင်မဲပြောင်းသွားတာမျိုးတောင်ရှိပါတယ်။ ပြန်ဖျက်ရခက်တဲ့ တခြားအရောင်တွေထဲမှာ အဝါရောင်နဲ့ အစိမ်းရောင်လည်း ပါဝင်ပါတယ်။ တက်တူးမဖြစ်မနေထိုးချင်တယ်ဆိုရင်လည်း (ပြန်ဖျက်မယ်စိတ်ကူးထားရင်) မှင်မဲနဲ့ စိမ်းပြာရောင်ကိုပဲ ရွေးချယ်သင့်ပါတယ်။

၅။ မျက်နှာအရေပြားကို အားအားနေ မကလိပါနဲ့

07-pick-at-skin-Things-You-Must-Never-Ever-Do-to-Your-Skin-According-to-Dermatologists_369387737-wavebreakmedia-760x506.jpg 

ဒါမျိုးတွေ လုုပ်ဖူးကြမှာပါ။ လုပ်စရာမရှိ၊ ပျင်းရိနေချိန်မှာ မှန်တင်ခုံရှေ့မှာထိုင်ပြီး မိမိမျက်နှာအရေပြားကို လက်နဲ့ထိုင်ပွတ်လိုက်၊ ဖုလေးတွေကို လက်နဲ့သွားဆွလိုက်၊ မှဲ့ခြောက်တွေကိုင်ကြည့်လိုက် လုပ်မိတတ်ပါတယ်။ ဒါပေမယ့် ဒါဟာ လုံးဝမလုပ်သင့်ပါဘူး။ ဝက်ခြံတွေ၊ မှဲ့ခြောက်တွေ၊ အကောင်ကိုက်တာတွေကြောင့်ဖြစ်တဲ့ ဖုတွေကို လက်နဲ့တောက်လျှောက်ကလိနေတာက အရေပြား ပိုးဝင်စေရုံသာမက အမာရွတ်ထင်ခြင်းနဲ့ အရေပြားရောင်ခြယ်ဆဲလ် ထာဝရပြောင်းလဲခြင်းတို့ကိုပါ ဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာကို အားအားနေ ကလိနေတတ်တာဟာ အကျင့်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က