ဆံပင်ဖြူခြင်းဆိုတာ ဇရာရဲ့လက္ခဏာတစ်ပါးပါပဲ။

ဆံပင်ဖြူခြင်းဆိုတာ ဇရာရဲ့လက္ခဏာတစ်ပါးပါပဲ။ ဒါပေမယ့် အရွယ်မတိုင်ခင် ဆံပင်ဖြူတွေပေါက်နေမယ်ဆိုရင်တော့ ဒါဟာ အလှပျက်သလို ကြည့်ရလည်းဆိုးပါတယ်။ နက်မှောင်တဲ့ ဆံကေသာကြားမှာ ဆံပင်ဖြူ ကျိုးတို့ကျဲတဲလာရောနေတာက ရှက်စရာကောင်းတယ်လို့လည်း ခံစားရစေပါတယ်။ အထူးသဖြင့် ခင်ဗျားဟာ ငယ်ရွယ်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ပေါ့။

 

ဒါဟာ စိတ်ဖိစီးမှုများပြားခြင်း၊ ရေနဲ့ လေထုညစ်ညမ်းခြင်းတို့ကြောင့် ဖြစ်လာရတာဖြစ်ပါတယ်။ ဆံပင်ဖြူပေါက်ပြီဆိုရင် ဆံပင်ဆိုးဆေးပြန်ဆိုးရတာက အလုပ်တစ်ခုပါ။ ဒါပေမယ့် ဒါဟာ ယာယီဖြေရှင်းနည်းသာဖြစ်ပါတယ်။ ဆံပင်ဖြူ ပြန်ထွက်လာတိုင်း ဆေးပြန်ဆိုးနေရတာ အလုပ်လည်းရှုပ်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆံပင်ဖြူကို ကူညီဖယ်ရှားပေးနိုင်တဲ့ အိမ်သုံးဆေးမြီးတိုလေးတွေပဲ ဖြစ်ပါတယ်။

၁။ အုန်းဆီ

Coconut-and-Coconut-Oil.jpg 

အုန်းဆီကို ပျဉ်းတော်သိမ်ရွက်နဲ့ရောပြီး လိမ်းပေးတာက ဆံပင်ဖြူခြင်းကို တားဆီးပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်မျိုးပါပဲ။ အုန်းဆီ (၁/၈) ခွက်ရယ်၊ ပျဉ်းတော်သိမ်ရွက် (၁/၄) ခွက်ရယ်ကိုယူပြီး ရောစပ်ပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးပြားတစ်လုံးကိုယူပြီး အပူပေးလိုက်ပါ။ ခဏလောက်အပူပေးပြီးရင်တော့ မီးသတ်ဖို့ ခဏလောက် အအေးခံပေးလိုက်ပါ။ ရလာတဲ့ဆီကို ဆံသားပေါ်မှာလိမ်းပေးပြီး မိနစ် (၂၀) လောက်ထားပေးပါ။ ပြီးမှ ခေါင်းပြန်လျှော်ပေးလိုက်ပါ။

၂။ ဆီးဖြူသီး

amla-powder-online.jpg 

ဆံပင်ဖြူတွေကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး အိမ်သုံးဆေးမြီးတိုတစ်မျိုးကို ရှာဖွေနေတဲ့သူတွေအတွက်တော့ ဆီးဖြူသီးက အကောင်းဆုံးပါပဲ။ ဆီးဖြူသီးနည်းနည်းကိုယူပြီး အစေ့ထုတ်လိုက်ပါ။ ပြီးရင် ဆီးဖြူသီးတွေအကုန်လုံးကို ရောထောင်းပြီး အနှစ်ရအောင်ထုတ်လိုက်ပါ။ ရလာတဲ့ဆီးဖြူသီးထောင်းကို ဦးရေပြားပေါ်မှာ လိမ်းပေးပြီး နာရီဝက်လောက် နှပ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ပဲ ပြန်ဆေးပေးလိုက်ပါ။

၃။ မုန်လာဥစေ့ဆီ နဲ့ နှမ်းဆီ

SesameOil.jpg 

မုန်လာဥစေ့ဆီ နဲ့ နှမ်းဆီရောထားတာကလည်း အကောင်းဆုံးအိမ်သုံး ဆေးမြီးတိုတစ်မျိုးပါပဲ။ အရင်ဆုံး နှမ်းဆီ (၄) ဇွန်းလောက်ကို ပုလင်းတစ်လုံးထဲထည့်ပါ။ ပုလင်းက အမဲရောင်ဖန်ပုလင်းတော့ ဖြစ်ပါစေ။ ပြီးရင် မုန်လာဥစေ့ဆီ ဇွန်းဝက်လောက်ကိုလည်း ထည့်ရောပါ။ ပြီးရင် နည်းနည်း လှုပ်ခါပေးလိုက်ပါ။ ရလာတဲ့ဆီကို ဦးရေပြားပေါ်မှာလိမ်းပြီး မိနစ် (၂၀) လောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတို့နဲ့ရောပြီး ပြန်လျှော်ပေးလိုက်ပါ။

၄။ လက်ဖက်ရည်ကြမ်း

Fun-Facts-of-Black-Tea-2.jpg 

ကျွန်တော်တို့မြန်မာလူမျိုးတွေ သောက်နေကျ လက်ဖက်ရည်ကြမ်း (black tea) ဟာလည်း ဆံသားကို နက်မှောင်တောက်ပပြီး ပျော့ပျောင်းနူးညံ့စေပါတယ်။ အရင်ဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ပြီးရင် လက်ဖက်ခြောက်နဲ့ ဆားနည်းနည်းထည့်ပြီး လက်ဖက်ရည်ကြမ်းဖြစ်အောင် တည်လိုက်ပါ။ ပြီးရင် မီးပိတ်ပြီး ခနအအေးခံထားလိုက်ပါ။ ပြီးတာနဲ့ လက်ဖက်ရည်ကြမ်းနဲ့ ခေါင်းလျှော်ပြီး မိနစ် (၂၀) လောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ရိုးရိုးရေနဲ့လည်း ပြန်ဆေးပေးလိုက်ပါ။ ပုံမှန်သုံးပေးမယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က