ပျားရည်ကို သကြားအစားထိုး သဘာဝအချိုရည်တစ်မျိုးအဖြစ် သိထားကြပြီး နေရာတော်တော်များများမှာ အသုံးပြုကြပါတယ်။

ပျားရည်ကို သကြားအစားထိုး သဘာဝအချိုရည်တစ်မျိုးအဖြစ် သိထားကြပြီး နေရာတော်တော်များများမှာ အသုံးပြုကြပါတယ်။ ဒါပေမယ့် ချိုမြတဲ့အရသာရှိတဲ့ သဘာဝပျားရည်ထဲမှာ အလှအပရေးရာအတွက် အထောက်အကူပြုနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေမယ်လို့ ဘယ်သူထင်ထားမလဲ။

 

အောက်မှာဖော်ပြထားတာကတော့ အလှအပရေးရာ ပြဿနာလေးတွေအတွက် ပျားရည်ကို အသုံးပြုနည်းလေးတွေပါပဲနော်။

၁။ နှုတ်ခမ်းခြောက်နေရင်

How-to-Treat-Dry-Lips-Naturally.jpg 

အိပ်ယာဝင်ခါနီး နာရီဝက်လောက် အလိုကျရင် ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းအရေပြား အပေါ်ယံလွှာကို သာသာလေး ဖယ်ရှားပြီး ပျားရည်စစ်စစ်အနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မနက်လင်းရင် ပျော့ပျောင်း၊ နူးညံ့တဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့အတူ နိုးထလာရပါလိမ့်မယ်နော်။

၂။ ဝက်ခြံအတွက်

Pimples.jpg 

ဝက်ခြံပေါက်နေတဲ့ဧရိယာတဝိုက်မှာ ပျားရည်စစ်စစ်အနည်းငယ်ကို သုတ်သိမ်းပေးပြီး အပေါ်ကနေ အနာကပ်ပလာစတာတစ်ခုနဲ့ အုပ်ထားပေးလိုက်ပါ။ တစ်ညလုံးထားပေးပြီး မနက်ကျရင်တော့ ရေနဲ့ ပြန်ဆေးပေးလိုက်ရုံပါပဲ။

၃။ ဆံပင် (၂) ခွဖြစ်ခြင်းအတွက်

how-to-avoid-split-ends.jpg 

ဆံပင် (၂) ခွဖြစ်လို့ စိတ်ညစ်နေရသူများအတွက် ညတွင်းချင်းမှာပဲ အဆင်ပြေချင်ရင်တယ်ဆိုရင်တော့ ပျားရည်ကို သံလွင်ဆီနဲ့ ရောပြီးသာ လိမ်းပေးလိုက်ပါ။ ဆံပင်အမြစ်နဲ့ ဦးရေပြားထဲထိ စိမ့်ဝင်အောင် လိမ်းပေးမယ်ဆိုရင် ဦးရေပြားကို အစိုဓာတ်ထိန်းသိမ်း ပေးနိုင်သလို ခြောက်သွေ့ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၄။ ဝင်းမွတ်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့

skin.jpg 

အသားအရေလေး ကြည်လင်ဝင်းမွတ်ချင်တယ်ဆိုရင်တော့ ပျားရည် (၁) ဆ၊ ရှားစောင်းလက်ပတ်ဂျယ်လ် (၂) ဆကို ရောနှောပြီး မျက်နှာနဲ့ လက်မောင်းအရေပြားပေါ်မှာ အိပ်ယာမဝင်ခင် လိမ်းပေးနိုင်ပါတယ်။ မနက်ကျရင် ရေပြန်ဆေးပေးလိုက်ရင် ရပါပြီ။

၅။ အမာရွတ်ပြဿနာအတွက်

20785611_ml.jpg 

အမာရွတ်ပေါ်မှာ အော်ဂဲနစ်ပျားရည်စစ်စစ်ကို ပါးပါးလေးသုတ်လိမ်းပြီး တစ်ညသိပ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးအတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အမာရွတ်လေး တဖြည်းဖြည်းနဲ့ မှေးမှိန်သွားတာကို တွေ့ရှိရမှာပါ။

၆။ မှဲ့ခြောက်တွေအတွက်

793-Blackheads-1296x728-body.jpg 

နှာခေါင်းထိပ်က မှဲ့ခြောက်တွေ၊ ဆားဝက်ခြံတွေက အလှပျက်စေပြီး အာရုံလည်းနောက်ရပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ပျားရည်ကို သံပုရာရည်နဲ့ ရောပြီးလိမ်းပေးမယ်ဆိုရင် မှဲ့ခြောက်နဲ့ ဆားဝက်ခြံ ပြဿနာတွေ ကင်းဝေးသွားမှာပါ။

Source: flairflickers

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က