ဂါဝန်အဖြူရောင်ကိုတော့ ရှောင်လိုက်ပါ။

ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ မိန်းကလေးတွေကတော့ တန်းပြီးတွေးမိတာ အဝတ်အစားတွေပဲ ဖြစ်မယ်နော်။ ယောက်ျားလေးတွေအနေနဲ့ ပုံမှန်အတိုင်းပဲ ဝတ်စားသွားလို့ရတယ်လို့ ထင်ကြတယ်။ မဒီတို့အတွက်တော့ အဲ့လိုမဟုတ်ဘူးလေ။ သူများမင်္ဂလာယူချိန်မှာ ကိုယ်က လှလှပပလေးဝတ်စားပြီး ချီးမြှောက်ဂုဏ်ပြုရတာဆိုတော့ အဝတ်အစားနဲ့ဖက်ရှင်ကို ဂရုတစိုက်ရွေးရပါတယ်။

 

၁။ အရမ်းကြီးပြင်ဆင်တာမျိုး မလုပ်ချင်ဘူးဆိုရင်တော့ ပေါ်လွင်မယ့်အရောင်လေးကိုရွေးပြီး pattern လှတဲ့ ဝတ်စုံလေးကို ဝတ်သင့်ပါတယ်။

 

၂။ မင်္ဂလာပွဲကျင်းပမယ့်နေရာကိုလည်း ထည့်စဉ်းစားပါဦး။ ကမ်းခြေလိုနေရာမျိုးမှာဆိုရင် ဂါဝန်ကားကားလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ခမ်းမထဲဆိုရင်တော့ ပွယောင်းယောင်းအဝတ်အစားတွေနဲ့ အဆင်မပြေပါဘူး။

 

၃။ ဒေါက်မြင့်စီးမယ်ဆိုရင် အိတ်ထဲမှာ သက်တောင့်သက်သာရှိမယ့် ဖိနပ်တစ်ရံလောက်ထည့်သွားနော်။ ခြေထောက်ညောင်းလာရင် လဲစီးလိုက်ပေါ့။ ကျန်းမာရေးက အရေးကြီးပါတယ်။

 

၄။ အမျိုးတွေ၊ မိသားစုဝင်တွေနဲ့ အရောင်တူဝတ်လို့လည်း ရသေးတယ်။

 

၅။ ဂါဝန်အဖြူရောင်ကိုတော့ ရှောင်လိုက်ပါ။ သတို့သမီးကို ဦးစားပေးတဲ့အနေနဲ့ ကိုယ်က ရှောင်လိုက်ရတာပါပဲ။ တော်နေကြာ ကိုယ့်ကို သတို့သမီးထင်ကြမှာလည်းစိုးရတယ်လေ။

 

၆။ ဘယ်နေရာမှာပဲလုပ်လုပ် ဖော်လွန်းတဲ့အဝတ်အစားကို မဝတ်ဘဲကောင်းပါတယ်။

Photos : List

Share

Loading Next Article...
က္က