သွားလေရာ သယ်သွားဖို့မလိုတော့ဘူး။

ချိုင်းချွေးနံ့က တော်တော်ဆိုးတဲ့အနံ့ကြီးနော်။ ကိုယ့်အနံ့ကိုလည်း မခံနိုင်ဘူး။ သူများဆီကအနံ့ရရင်လည်း အော်ဂလီဆန်လွန်းလို့ ပျို့တောင်ပျို့တက်လာတယ်။ ဒါကြောင့်မို့လို့လည်း ချွေးနံ့ပျောက်ဆေး (deodorant) ကို သုံးကြရတာပေါ့။

 

ချွေးနံ့ပျောက်ဆေးကိုသုံးတဲ့အခါ မနက်ပိုင်းမှာ သုံးထားပေမဲ့ ညနေလောက်ဆိုရင် အနံ့က ထွက်လာရော။ သူက ၆ နာရီကနေ ၁၂ နာရီလောက်အထိပဲ ချွေးနံ့ကို ထိန်းပေးထားနိုင်ပါတယ်။ ကြာကြာ အနံ့ထိန်းနိုင်ဖို့ဆိုရင် ဒီနည်းကိုသုံးပါ။

 

ညအိပ်ရာဝင်ခါနီးမှာ ရေချိုးပြီး ချိုင်းကို ချွေးနံ့ပျောက်ဆေး လိမ်းပေးထားရမှာဖြစ်ပါတယ်။ ရေမချိုးဖြစ်ရင်လည်း ချိုင်းကြားကို သန့်ရှင်းရေးလုပ်ပြီး ချွေးနံ့ပျောက်ဆေး လိမ်းထားပါ။ မနက်တစ်ခေါက် ထပ်လိမ်းရင် ချွေးနံ့ကို တစ်နေကုန် ထိန်းထားနိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က