ဂျင်းထည်ဆိုတာ လူတိုင်းလူတိုင်းရဲ့အနှစ်သက်ဆုံး အဝတ်အထည်တစ်မျိုးပါပဲ

ဂျင်းထည်ဆိုတာ လူတိုင်းလူတိုင်းရဲ့အနှစ်သက်ဆုံး အဝတ်အထည်တစ်မျိုးပါပဲ။ ဂျင်းဘောင်းဘီတစ်ထည်နဲ့ တီရှပ်အနည်းငယ်ရှိရင် လူငယ်တစ်ယောက်အတွက် ဖက်ရှင်က ပြည့်စုံသွားပါပြီ။ ဒါပေမယ့် ဂျင်းဘောင်းဘီမှာလည်း အမျိုးအစားများစွာ ရှိတဲ့အတွက် မိမိရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီအောင် ရွေးတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အောက်မှာဖော်ပြထားတာကတော့ အမျိုးသမီးတွေအတွက် ဂျင်းဘောင်းဘီမျိုးကွဲတွေအကြောင်းပါပဲ။ 

 

၁။ Skinny Jeans

01-Skinny-Jeans-700.jpg 

Skinny Jeans ဘောင်းဘီတွေကတော့ အသားမှာကပ်နေပြီး ပျိုမေတို့နဲ့ နွေးထွေးဇိမ်ကျစွာ လိုက်ဖက်ညီနေပါလိမ့်မယ်။ ပေါင်တံရှည်တွေကိုလည်း ပေါ်လွင်စေပြီး ခန္ဓာကိုယ် အချိုးအဆက် လှပမှုကိုလည်း ပေါ်လွင်နေစေပါလိမ့်မယ်။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ Skinny Jeans ဘောင်းဘီတွေမှာ ခါးလျှော၊ ခါးလည် နဲ့ ခါးမြင့်ဆိုပြီး ပုံစံ (၃) မျိုးလာပြီး အပေါ်အင်္ကျ ီနဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၂။ Skinny Crop

02-skinny-crop-700.jpg 

Skinny Crop ဂျင်းဘောင်းဘီတွေဟာလည်း ပုံမှန် Skinny Jeans ဂျင်းဘောင်းဘီတွေနဲ့ ပုံသဏ္ဍာန်ဆင်တူပါတယ်။ တစ်ခုတည်းသော ကွဲပြားမှုက သူတို့ရဲ့ ဘောင်းဘီခြေထောက်က ညို့သကျည်းနားထိပဲ ရောက်တာပါပဲ။ တချို့ Skinny Crop ဘောင်းဘီတွေဆိုရင် ပိုမိုလှပစေစဖို့ အောက်နားလေးမှာ ခေါက်ထားပြီးသားလေးတောင် ဖြစ်နေတတ်ပါတယ်။

ဒီဇိုင်းပိုင်းဆိုင်ရာမှာတော့ Skinny jeans နဲ့ Skinny Crop ဂျင်းဘောင်းဘီတို့ဟာ များများစားစား ကွဲပြားမှုမရှိပါဘူး။ အဖြူရောင်၊ အမဲရောင်နဲ့ နက်ပြာရောင် ဂျင်းဘောင်းဘီတို့ဟာ Skinny Crop ဘောင်းဘီထဲမှာ လူကြိုက်အများဆုံးပါပဲ။ ဒီဘောင်းဘီတွေဟာ ခန္ဓာကိုယ်အချိုးအစားလှပပြီး လှပတဲ့ ခြေသလုံးသားလေးတွေကို ပိုင်ဆိုင်ထားရင် ဝတ်ဆင်ဖို့ အသင့်တော်ဆုံးပါပဲ။

၃။ Straight Legged Jeans

3-Straight-Leg-Jeans-700.jpg 

ဂျင်းဘောင်းဘီလေး အသားမှာကပ်နေတဲ့ ဖီးလ်ကိုတော့ ကြိုက်တယ်။ ဒါပေမယ့် Skinny Jeans ဘောင်းဘီတွေကို ဝတ်ဖို့အတွက် ခန္ဓာကိုယ်အချိုးအစားကော၊ ယုံကြည်မှုပါ မရှိဘူးဆိုရင်တော့ အဖြေက straight legged jeans ပါပဲ။ သူတို့ဟာ အပွကြီးလည်း မဟုတ်၊ အကျပ်ကြီးလည်း မဟုတ်တဲ့ ကြားဆိုဒ်ပါ။ နောက်ပြီး ဒီဘောင်းဘီတွေက သင့်ခြေထောက်တွေကို ရှိရင်းစွဲထက် ပိုရှည်သယောင် ရှိစေပါတယ်။

၄။ Jeggings

4-Jeggings-700.jpg 

Jeggings ဘောင်းဘီဆိုတာ denim ဂျင်းသားနဲ့ပြုလုပ်ထားတဲ့ legging (အသားကပ်) ဘောင်းဘီပုံစံမျိုးပါပဲ။ အပေါ်အင်္ကျ ီကို ခါးနည်းနည်းဖုံးတဲ့ အောက်စရှည်တဲ့ အင်္ကျ ီမျိုးရွေးချယ်မယ်ဆိုရင် အထူး လိုက်ဖက်ညီပါတယ်။ ဒီဘောင်းဘီမျိုးကိုဝတ်ဆင်တဲ့ အမျိုးသမီးတွေဟာ သက်တောင့်သက်သာရှိမှုကြောင့် ရွေးချယ်ကြတာဖြစ်ပါတယ်။

နောက်ပြီး ဒီဘောင်းဘီမျိုးဟာ ဝမ်းဗိုက်ကိုဖိအားပေးခြင်း မရှိတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဝတ်ဆင်တတ်ကြပါတယ်။ ဆောင်းရာသီမှာ ဘွတ်ဖိနပ်ရှည်ကြီးတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်လည်း အထူးသင့်တော်ပါတယ်။ Jeggings ဘောင်းဘီ တွေထဲမှာ အလှပဆုံးကတော့ denim ဂျင်းသား အရောင်ခပ်မှိုင်းမှိုင်းတွေပါပဲ။

၅။ Flared Jeans (အောက်ကားဂျင်းဘောင်းဘီ)

6-Flared-Jeans-700.jpg 

ဘရစ်တနီ စပီးယားစ်တို့ခေတ်က လူကြိုက်များခဲ့တဲ့ ဘောင်းဘီက ဒီနေ့ခေတ်မှာ ပြန်ခေတ်စားလာလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ယနေ့ခေတ် ဖက်ရှင် trend မှာ ဒီလိုဘောင်းဘီမျိုးတွေက ပြန်ခေတ်စားလာတာတော့ အမှန်ပါပဲ။ အရပ်မြင့်ပြီး ခန္ဓာကိုယ်ကောက်ကြောင်း လှပတဲ့အမျိုးသမီးတွေအတွက်တော့ အထူးသင့်တော်ပါတယ်။ အရပ်ပုတဲ့ မိန်းကလေးတွေနဲ့တော့ လိုက်ဖက်မှာမဟုတ်ပါဘူး။

၆။ Boyfriend Jeans

8-Boyfriend-Jeans.jpg 

ဒီဘောင်းဘီပုံစံမျိုးကို Boyfriend Jeans ဘောင်းဘီလို့ ခေါ်ရတာက ရည်းစားကောင်လေးဆီက ငှားဝတ်လာပုံပေါက်နေလို့ပါပဲ။ ဒါပေမယ့် ဒီလိုယောကျ်ားလေးဘောင်းဘီဆန်တဲ့ ဘောင်းဘီမျိုးကလည်း အလွန်စတိုင်လ်ကျပါတယ်။ ဒီဘောင်းဘီမျိုးက ခါးနဲ့ တင်ပါးတဝိုက်ကို ထင်ပေါ်စေပြီး ဝတ်ရတာလည်း ပွပွယောင်းယောင်းနဲ့ သက်တောင့်သက်သာရှိစေပါတယ်။

Source: stylecraze

 

Share

Loading Next Article...
က္က