စိတ်ဖိစီးမှုများပြားလွန်းတဲ့ လူငယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာရတာလည်း အဆန်းတော့မဟုတ်ပါဘူး။

ဒီနေ့ခေတ်ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂) ခုလောက်တုံးက လူငယ်တွေနဲ့ မတူညီတော့ပါဘူး။ အင်တာနက်တွေ၊ လူမှုကွန်ရက်တွေ၊ သုံးမကုန်အောင်များပြားတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့အတူ ဒီနေ့ခေတ် လူငယ်တွေရဲ့ စိတ်ဖိစီးမှုဟာလည်း အရင်ကထက်ပိုများလာရပါတယ်။

 

စာတွေ၊ ကျူရှင်တွေ၊ သင်တန်းတွေ၊ လူမှုရေး အရှုပ်အရှင်းတွေနဲ့ ခေါင်းစားနေရတဲ့ လူငယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာရတာလည်း အဆန်းတော့မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်းကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းလေးတွေပါပဲ။

၁။ အပူဒဏ်ကို ကာကွယ်ပါ

beautiful-girl-wearing-hat-wallpaper-hd-backgrounds-for-mobile-and-pc-free-images-download-1280x1024.jpg 

အပူချိန်လွန်ကဲခြင်းနဲ့ ချွေးတွေက ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအချိန်မှာ ဦးရေပြားမွေးညင်းပေါက်လေးတွေက အားနည်းပြီး အိုမင်းလာပါတယ်။ ရလဒ်အနေနဲ့ ဆံပင်တွေဟာ ဖြူလာပါတော့တယ်။ ဒါကြောင့် ဆံပင်မဖြူချင်ရင် နေပူထဲထွက်ရင် ထီးတို့၊ ဦးထုပ်တို့ ဆောင်းသွားပါ။ ဦးရေပြားနဲ့ ဆံသားကို ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်အထိခိုက် မခံပါနဲ့။ နောက်ပြီး ဆံပင်အခြောက်ခံစက် (Hair dryer) တွေကိုလည်း အရမ်းမသုံးပါနဲ့။

၂။ ဗိုက်တာမင် ဘီတွဲ (B12) ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ

o-AVOCADO-facebook.jpg 

ဒါဟာလည်း ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဗိုက်တာမင် ဘီတွဲဟာ ဦးရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ဆံပင်ဖြူတွေဖြစ်မလာအောင် ကုစားပေးနိုင်ပါတယ်။ ထောပတ်သီး၊ လိမ္မော်သီး၊ တရုပ်ဆီးသီး၊ ခရမ်ဘယ်ရီသီးတို့လို ဗိုက်တာမင် ဘီတွဲကြွယ်ဝတဲ့ သစ်သီးဝလံတွေနဲ့ ဒိန်ချဉ်၊ ဒိန်ခဲလိုမျိုး စားစရာတွေကို စားသုံးပေးခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီလိမ်းပေးပါ

Apply-Castor-Oil-for-Hair-Step-15-Version-2.jpg 

မိမိရဲ့ဆံကေသာကို ချစ်မြတ်နိုးသူဆိုရင် ဦးရေပြားကို ပုံမှန်ဆီလိမ်းပေးခြင်းကို မမေ့လျော့သင့်ပါဘူး။ ဒီခေတ်ကြီးထဲမှာ ဆယ်ကျော်သက်လူငယ် တော်တော်များများက အုန်းဆီမလိမ်းတတ်ကြတော့ပါဘူး။ သူတို့ရဲ့ဆံကေသာပေါ်မှာ သုံးတဲ့ အလှကုန်ပစ္စည်းတွေဟာလည်း ဓာတုပစ္စည်းနဲ့လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေ ဖြစ်လို့နေပါတယ်။

ဒါဟာလည်း ဆံပင်ပါးခြင်း၊ ဆံပင်ဖြူခြင်းတို့ကို ဖြစ်စေတဲ့ ဦးရေပြား မွေးညင်းပေါက်များအားနည်းခြင်းကို ဖြစ်စေတဲ့ အဓိက ရည်ရွယ်ချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ အယ်လ်မွန်ဆီနဲ့ သံလွင်ဆီတို့ဟာ ဦးရေပြားကျန်းမာရေးအတွက် အကောင်းဆံုံးပါပဲ။ ဆီလိမ်းပေးခြင်းဟာ ဆံပင်ဖြူကာကွယ်ရေးအတွက် အကောင်းဆုံးနဲ့ သဘာဝအကျဆုံး နည်းလမ်းတစ်မျိုးဖြစ်တဲ့အတွက် မဖြစ်မနေ အသုံးပြုကြည့်သင့်ပါတယ်။

၄။ တရားထိုင်ပါ

bigstock-Young-girl-meditating-in-the-p-81251831.jpg 

စိတ်ဖိစီးမှုဟာ ကျွန်တော်တို့ရဲ့အရေပြား၊ ဆံသားနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုလွန်ကဲရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူစေနိုင်ပါတယ်။ နောက်ပြီး ဒီခေတ်ကြီးထဲမှာ လူငယ်တွေမှာ စိတ်ဖိစီးစရာကိစ္စရပ်တွေက သိပ်များပါတယ်။ ကျောင်း၊ ကျူရှင်၊ လူမှုကွန်ရက်၊ သူူငယ်ချင်းတွေကြား အပြိုင်အဆိုင် စသည်ဖြင့်ပေါ့။

အဲဒီလိုစိတ်ဖိစီးမှုတွေအောက်မှာ လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာရပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချတဲ့ လေ့ကျင့်ခန်းတွေနဲ့ တရားထိုင်ခြင်းတို့က ဆံပင်ဖြူခြင်းကို တိုက်ဖျက်နိုင်တဲ့ လက်နက်တွေပါပဲ။ တရားထိုင်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြားက မျှခြေကိုထိန်းသိမ်းပေးပြီး စိတ်ကိုတည်ငြိမ်စေတဲ့ အပြုအမူတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းက ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်သလို ပြန်လည်ပြုပြင်ပေးနိုင်ပါသေးတယ်။

၅။ သဘာဝဆံပင်ဆိုးဆေး သုံးကြည့်ပါ

maxresdefault.jpg 

ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကြောက်ရွံ့နေပြီလား။ ဒါဆိုရင်တော့ ဦးရေပြားကို အာဟာရဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝ ဆံပင်ဆိုးဆေးတွေကို အသုံးပြုကြည့်လိုက်ပါ။ ဥပမာတစ်ခုပြောရရင် လက်ဖက်ရည်/ကော်ဖီပေါ့။ လက်ဖက်ရည်/ကော်ဖီကို ရေမှာ (၁၅) မိနစ်လောက်စိမ်ပြီး အပူပေးလိုက်ပြီး ပြန်လည်အအေးခံလိုက်ပါ။ ပြီးရင် အေးသွားပြီးဖြစ်တဲ့ ပြုတ်ရည်ထဲမှာ သဘာဝအဆီနည်းနည်းရောထည့်ပေးပြီး သဘာဝဆိုးဆေးဖြစ်အောင် လုပ်လိုက်ပါ။ ပြီးရင် ဆံပင်ကို မူလအတိုင်း အမဲရောင်လေးပြန်ဖြစ်သွားအောင် ဆိုးပေးနိုင်ပါပြီ။

Source: stylecraze

 

Share

Loading Next Article...
က္က