ရှည်လျားဖြောင့်စင်းတဲ့ ဆံကေသာလေးနဲ့ ဘောင်ခတ်ထားတဲ့ မျက်နှာလေးကို မပိုင်ဆိုင်လိုသူ ဘယ်သူရှိမလဲကွယ်။

ရှည်လျားဖြောင့်စင်းတဲ့ ဆံကေသာလေးနဲ့ ဘောင်ခတ်ထားတဲ့ မျက်နှာလေးကို မပိုင်ဆိုင်လိုသူ ဘယ်သူရှိမလဲကွယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာ ဆံပင်ရှည်ဖြောင့်စင်းစင်းလေးကို မပိုင်ဆိုင်ကြပါဘူး။ ဒါကြောင့် အလှပြင်ဆိုင်ကိုသွားပြီး ဆံပင်ဖြောင့်ကြရတာပါ။

 

ဆံပင်ဖြောင့်စက်တွေဟာ မိမိလိုချင်တဲ့ ဖြောင့်စင်းတဲ့ဆံပင်လေးကို ပေးစွမ်းနိုင်ပေမယ့် ကြာလာရင် ဆံပင်ကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ ကြိမ်ဖန်များစွာ ဆံပင်ကို ဖြောက်လိုက်၊ ကောက်လိုက်လုပ်ရင် ခြောက်သွေ့ပျက်ဆီးစေပါတယ်။

ဆံပင်ကို ထာဝရဖြောင့်စင်းနေစေချင်ရင် အိမ်က မီးဖိုချောင်ထဲမှာပဲရှိတဲ့ မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆံပင်ကို ဖြောင့်စင်းလာအောင် အိမ်မှာပဲ လုပ်လို့ရတဲ့ တန်ဖိုးသက်သာတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

ဖြောင့်စင်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်စေဖို့ မီးဖိုချောင်ထဲက ပစ္စည်း (၄) မျိုးကတော့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သံပုရာရည် (၄) ဇွန်း၊ ပြောင်းဖူးမှုန့် (၃) ဇွန်း၊ အုန်းနို့ (၁) ခွက်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ပန်းကန်လုံးကြီးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေကို ရောနှောပေးပါ။ ပြီးရင် ခရင်မ်ပုံစံပေါက်သွားသည်အထိ ရောသမမွှေပေးလိုက်ပါ။

ရလာတဲ့အနှစ်ကို ဆံပင်ပေါ်မှာလိမ်းပေးပြီး ဆံပင်အုပ်တဲ့ပလတ်စတစ်စလေးနဲ့ အုပ်ထားပေးလိုက်ပါ။ ပြီးရင် အပေါ်က တဘက်တစ်ထည်နဲ့ ခေါင်းပေါင်းပေါင်းလိုက်ပြီး တစ်နာရီလောက် ထားပေးလိုက်ပါဦး။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်၊ ပေါင်းဆေးနဲ့ ပြန်ပေါင်းပေးနိုင်ပါပြီ။ ဒီနည်းလမ်းလေးနဲ့ တစ်ပတ်တစ်ကြိမ်လောက်ပေးမယ်ဆိုရင် ဆံပင်ထိပ်ဖျားက အကောက်လေးတွေကို ဖြောင့်စင်းစေပြီး ဆံသားကိုလည်း အထူးပြန်လည်ကောင်းမွန်စေပါတယ်။

Source: stylecraze

 

Share

Loading Next Article...
က္က