မိန်းကလေးဆိုတာတော့ အလှကြိုက်ကြမှာပါပဲ။ Spa သွားပြီး အလှအပရေးရာ treatment လေးတွေလုပ်တာလည်း မိန်းကလေး ထုံးစံပဲလေ။ အဲဒီ treatment လေးတွေကလည်း အလှအပနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို အတိုင်းအတာတစ်ခုထိ ပေးစွမ်းနိုင်တာလည်း အမှန်ပါပဲ။

 

အလှအပရေးရာ အကျိုးကျေးဇူးတွေပေးနိုင်တာမှန်ပေမယ့် ထူးဆန်းလွန်းလို့ သင့်ကို သွေးပျက်စေမယ့် treatment လေးတွေလည်း ရှိပါတယ်။

၁။ ပက်ကျိကုသနည်း

Snail-660x371.jpg 

ပက်ကျိကုသနည်းရဲ့ အဓိကလုပ်ဆောင်မှုကတော့ သင့်ကို ပိုမိုငယ်ရွယ်စေဖို့ပါပဲ။ မျက်နှာပေါ်မှာ ပက်ကျိအရှင်တွေကိုတင်ပြီး ကုသခြင်းက မျက်နှာအရေပြားလေးကို နူးညံ့ချောမွတ်ပြီး တောက်ပစေတယ်။ ပက်ကျိမှာပါတဲ့ အချွဲအကျိ အမြှေးပါးက ပရိုတိန်းဓာတ်တွေ၊ antioxidant တွေ ပါဝင်လို့ အရေပြားကို ပြန်လည်နုပျိုစေပါတယ်။ ဒါပေမယ့် ပက်ကျိတွေ မျက်နှာပေါ်မှာ ရွစိ၊ ရွစိနဲ့ လျှောက်သွားနေတာကို တွေးကြည့်မိကြလား။

၂။ ငါးနဲ့ ခြေထောက်အကြောနှိပ်နယ်မှု

Fish-pedicure-768x576.jpg 

Fish pedicure (ငါးနဲ့ ခြေထောက်အကြောနှိပ်နယ်မှု) ဟာ အပြင်မှာတကယ်ရှိတဲ့ အကြောပြင်နှိပ်နယ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ အနည်းဆုံး ငါးအကောင်ရေ (၁၅၀) လောက်ရှိတဲ့ ငါးကန်တစ်ကန်ထဲကို ခြေထောက်နှစ်ပြီး ခြေထောက်ပေါ်က အရေပြားဆဲလ်သေတွေကို ဖယ်ရှားရတာပါ။ အဲဒီနေရာမှာသုံးတဲ့ ငါးတွေကို garra rufa ငါး (သို့) ဆရာဝန်ငါးလို့ ခေါ်ပါတယ်။ ဒီနည်းလမ်းက ခြေထောက်ပေါ်က အရေပြားဆဲလ်သေတွေကို အမှန်အကန်ဖယ်ရှားပေးနိုင်သလို အကြောအချင်လည်း ပြေစေပါတယ်။

၃။ သွေးစုပ်ဖုတ်ကောင် treatment

Vampirefacelift-photos.jpg 

နာမည်က တင်စားပြီးပေးထားတာဆိုပေမယ့် သွေးစုပ်ဖုတ်ကောင်တွေရဲ့ နည်းလမ်းနဲ့ ခပ်ဆင်ဆင်တူလို့ပါ။ ဒီကုသနည်းကို ပြုလုပ်ခဲ့တာကတော့ နာမည်ကျော် ဆယ်လီမိသားစုက ကင်မ် ကာဒါရှန် (Kim Kardashian) ပါပဲ။ ကုသနည်းကတော့ အရင်ဆုံး ခန္ဓာကိုယ်ထဲက သွေးကိုထုတ်ယူရမယ်။ သွေးခဲစေတဲ့ အရာတွေအားလုံးကိုဖယ်ရှားပြီးမှ မျက်နှာပေါ်ကို အပ်ငယ်လေးတွေနဲ့ ပြန်ထိုးထည့်ရတာပါ။ ဒါဟာ မျက်နှာလေးကို ချောမွေ့နုပျိုစေတယ်လို့ ယုံကြည်ကြပါတယ်။

၄။ မျက်နှာမီးမြှိုက်ကုသနည်း

Fire-Facial-601x400.jpg 

နည်းနည်းလန့်သွားတယ်တော့လုပ်လိုက်။ ဟုတ်ပါတယ်။ ဒီကုသနည်းက ထူးဆန်းတာတော့ အမှန်ပါပဲ။ ဒီကုသနည်းလေးက တရုပ်ပြည်မှာထင်ရှားပြီး လူတွေကလည်း နှစ်သက်ကြပါတယ်။ အရင်ဆုံး မျက်နှာပေါ်မှာ ရွံ့စေးနဲ့ ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးကို မျက်နှာအရေပြားပေါ်မှှာ သုတ်လိမ်းပြီး မီးမြှိုက်ပေးရတာဖြစ်ပါတယ်။ ဒီကုသနည်းကလည်း မျက်နှာအရေပြားဆဲလ်တွေကို အသက်ပြန်သွင်းပေးပါတယ်။

၅။ မြက်တောကြားမှာ ရေချိုးခြင်း

Hay-Bath-660x382.jpg 

အရင်ဆုံး ရေချိုးကန်တစ်လုံးထဲမှာ ရေအရင်ဖြည့်ပြီး အပေါ်ကနေ လတ်လတ်ဆတ်ဆတ်ရိတ်ထားတဲ့ မြက်တွေကို ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်းပေးရပါမယ်။ ယားယံတာတွေကို ခဏမေ့ထားလိုက်ပါ။ မြက်ပင်တွေမှာ ပါဝင်တဲ့ သဘာဝမြေဓာတ်ကို ခန္ဓာကိုယ်ထဲ စိမ့်ဝင်အောင် ပြုလုပ်ရမှာပါ။ ဒီနည်းလမ်းကိုတော့ ဝိတ်ကျချင်သူတွေနဲ့ ကြွက်သားနာကျင်မှုခံစားနေရသူတွေ အသုံးပြုနိုင်ပါတယ်။

၆။ ငှက်ချေးနဲ့ ကုသနည်း

Bird-Poo.jpg 

ဒီကုသနည်းကို ပြုလုပ်ခဲ့တာကတော့ ဗစ်တိုးရီးယား ဘက်ခမ်းပါ။ သူမရဲ့မျက်နှာပေါ်ကို တောက်ပမှုတွေ ပြန်လည်ဆောင်ကြဉ်းနိုင်ဖို့ ငှက်ချေးကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကုသနည်းကတော့ ရေဓာတ်ထုတ်ထားတဲ့ ငှက်ချေးခြောက်ကို မျက်နှာပေါ်မှာ သုတ်လိမ်းရတာပါ။ ဒီနည်းလမ်းကတော့ ဝက်ခြံပျောက်ကင်းစေပြီး အသားအရေကို လင်းလက်တောက်ပစေပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က