ဒီနှစ်ရဲ့အလှဆုံးကတော့ ဂျိန်းရဲ့ဝတ်စုံပါပဲ။

နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ ရုပ်ရှင်ပွဲတော်တွေထဲမှာ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကလည်း နာမည်ကျော်ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ၇၄ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Fil Festival) ကို စက်တင်ဘာ ၂ ရက်နေ့က အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ လှပပြီး ကဗျာဆန်တဲ့နေရာလေးလည်းဖြစ်တာနဲ့အညီ ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာသူတွေဟာလည်း အိပ်မက်ဆန်ဆန် လှပထူးခြားတဲ့ ဝတ်စုံတွေနဲ့ တက်ရောက်ကြပါတယ်။

 

ဂျိမ်းဖွန်ဒါ (Jane Fonda) ရဲ့ ဝတ်စုံကတော့ ဒီပွဲရဲ့ အလှဆုံးဝတ်စုံအဖြစ် လူတိုင်းက ခေါင်းငြိမ့်လက်ခံကြရမှာပါ။ ပိုးဇာလွှာပေါ်မှာ ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားပြီး လင်းလက်နေပုံက သူမကို ပိုနုပျိုစေပါတယ်။ အသက် ၈၀ နား ကပ်နေပြီလို့ ပြောရင်တောင် ယုံဖို့ခက်တယ်မဟုတ်လား။

ကမ္ဘာတလွှား ထူးထူးခြားခြား အလှပြင်ကုသနည်းများ 

 

ဘရာဇီး စူပါမော်ဒယ် Isabeli Fontana ရဲ့ အဖြူရောင်ဝတ်စုံလေးကတော့ ချစ်စရာကောင်းလိုက်တာနော်။ ဇာဖြူလေးကိုမှ ခါးရှေ့ကနေ အောက်ထိ "ဂ" ပုံသဏ္ဍန် ဝိုက်ထားပုံလေးကပဲ ဂါဝန်ကို ပိုလှသွားစေတာပေါ့။ အရမ်းကြီး မပေါ်လွင်ပေမဲ့ ချစ်စရာကောင်းပါတယ်။

 

Kate Bosworth ရဲ့ Miu Mui ဝတ်စုံကတော့ ငယ်ရွယ်သူတွေနဲ့ ပိုလိုက်ပါလိမ့်မယ်။ ပုခုံးပေါ်မှာ ငှက်မွှေးတွေနဲ့အတူ စိန်ပွင့်ကြီးကြီးတွေ စီခြယ်ထားတာဆိုတော့ ၁၆ နှစ်မလေးရဲ့ သွက်လက်မှုနဲ့ တူနေပြန်တယ်။

မင်းသမီးလေး အမန်ဒါ ဆိုင်းဖရစ် (Amanda Seyfried) ရဲ့ အနက်ရောင်ဇာဝတ်စုံက စီးကွင့်စ်ရောင်စုံတွေနဲ့ အပေါ်ပိုင်းကို အလှဆင်ထားပြီး ဝမ်းဗိုက်နေရာမှာတော့ ဖြတ်ဆက် pattern တွေကို ယူထားတာမျိုးပါ။ ခပ်ဟော့ဟော့ဒီဇိုင်းမျိုးပဲ။

 

Annette Bening ရဲ့ အနက်ရောင်ပွဲတက်ဝတ်စုံဟာ ကော်ဇော်နီလျှောက်လမ်းပေါ်မှာ တင့်တယ်စွာ ပေါ်လွင်နေပါတယ်။ သူမကိုလည်း ကျက်သရေရှိရှိလေးနဲ့ လှနေစေပါတယ်။

 

ရုပ်ရှင်ပွဲတော်ရဲ့ ဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rebecca Hall ရဲ့ ဂါဝန်လေးကို မငေးဘဲ နေနိုင်ပါ့မလား။ ဝတ်စုံရဲ့အလှကို ပိုပြီးပြသလိုတဲ့အတွက် လက်မှာ အဖိုးတန်နာရီလေးတစ်လုံးပဲ ပတ်ထားတာ တွေ့ရပါတယ်။

Photos : Telegraph


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က