အလုပ်ခွင်မှာဖြစ်စေ ပါတီပွဲမှာဖြစ်စေ သင်ဝတ်ဆင်ထားတဲ့ ဝတ်စုံရဲ့ အရောင်ကိုကြည့်ပြီး သင့်ကိုလူတွေက အကဲဖြတ်ကြပါတယ်

တောင်းမှအကွပ်၊လူမှာအဝတ်ဆိုတဲ့ စကားအတိုင်း အလုပ်ခွင်မှာဖြစ်စေ ပါတီပွဲမှာဖြစ်စေ လူချင်းခင်မင်ရင်းနှီးမှု မရသေးခင်မှာ သင်ဝတ်ဆင်ထားတဲ့ ဝတ်စုံရဲ့ အရောင်ကိုကြည့်ပြီး သင်ဘယ်လိုလူစားမျိုးလည်းဆိုတာ သင့်ကိုလူတွေက ဦးစွာ အကဲဖြတ်ကြပါတယ်။

မိန်းကလေးများအနေနဲ့ သင့်တော်တဲ့အချိန်နဲ့နေရာမှာ သင့်တော်တဲ့ဒီဇိုင်းနဲ့ အရောင်ကို စမတ်ကျကျဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုဝတ်စုံအရောင်မျိုးကို သင်ဝတ်ဆင်ရင် သင့်ကိုလူတွေ ဘယ်လိုမြင်မလဲဆိုတော့....

အနီရောင်(Red)

08bdf7225af432789bdd1952d3416040.jpg

အနီရောင်ဝတ်စုံဟာ မြင်ရသူတွေရဲ့ စိတ်ကိုလှုပ်ရှားတက်ကြွအောင် နှိုးဆော်ပေးပြီး၊ ဝတ်ဆင်ထားတဲ့မိန်းကလေးကို စွမ်းဆောင်ရည်ပြည့်ဝသူ၊ ရုပ်ပိုင်းဆိုင်ရာကြံခိုင်သန်မာသူ၊ ရဲရင့်သူ၊ အခက်အခဲအတိုက်အခိုက်များကြားတွင် ရှင်သန်ကျန်ရစ်နိုင်သူ အဖြစ်လည်း ဖော်ညွှန်းပေးပါတယ်။ အမျိုးသမီးများအတွက်တော့ အနီရောင်ဝတ်စုံဟာ အမျိုးသားများကို လိင်ပိုင်းဆိုင်ရာအရ အဆွဲဆောင်နိုင်ဆုံး ဝတ်စုံတစ်မျိုးလည်းဖြစ်ပါတယ်။

အစိမ်းရောင်(Green)

အစိမ်းရောင်ဟာ ဝတ်ဆင်ထားတဲ့မိန်းကလေးကို လိုက်လျောညီထွေစီးမျောတတ်သူ၊ ငြိမ်းချမ်းသူ တစ်ယောက်အဖြစ် ပုံဖော်ပေးပြီး၊ မေတ္တာ၊ဟန်ချက်ညီခြင်းနှင့် မျှတညီညွတ်ခြင်းတို့ကိုလည်း ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ရွှင်လန်းတက်ကြွတဲ့၊ ပြန်လည်ရှင်သန် လှုပ်ရှားနေတဲ့ ကျန်းမာရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ်လည်း လူအများကိုထင်မြင်စေပါတယ်။

အပြာရောင်(Royal Blue)

အပြာရောင်တောက်တောက်ကတော့ ဝတ်ဆင်ထားသူကို တည်ငြိမ်အေးဆေးသူ၊ ဉာဏ်ကောင်းသူ၊ ယုံကြည်ရသူ မိန်းကလေးတစ်ယောက် အဖြစ်ပုံဖော်ပေးပါတယ်။

ပန်းရောင်(Pink)

Pink-Outfit-Idea.jpg

ပန်းရောင်ဝတ်စုံကတော့ ဝတ်ဆင်သူကို ကြင်နာသနားမြတ်နိုးစရာ မိန်းကလေးငယ်တစ်ယောက်အဖြစ် ပုံဖော်ပေးသလို တခြားသူတွေအပေါ်လည်းကြင်နာသနားတတ်သူတစ်ယောက်၊ နွေးထွေးစောင့်ရှောက်တတ်သူတစ်ယောက်အဖြစ်လည်း လူတွေကိုထင်မြင်စေပါတယ်။

အညိုရောင်(Brown)

အညိုရောင်ဝတ်စုံကတော့ သဘာဝဆန်တဲ့မိန်းကလေး၊ ယုံကြည်စိတ်ချလောက်တဲ့မိန်းကလေး၊ ထောက်ပံကူညီတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေပါတယ်။

လိမ္မော်ရောင်(Orange)

လိမ္မော်ရောင်ဝတ်စုံဟာ ရုပ်ပိုင်းဆိုင်ရာသက်တောင့်သက်သာရှိခြင်း၊ ပြည့်စုံကြွယ်ဝခြင်းနှင့် ပြင်းထန်သောခံစားမှုတို့ကို ကိုယ်စားပြုပါတယ်။ ဝတ်ဆင်ထားတဲ့မိန်းကလေးကိုလည်း နွေးထွေးမှု၊ လုံခြုံမှုရှိသူတစ်ယောက်အဖြစ် ထင်မြင်စေပါတယ်။

အဖြူရောင်(White)

luxseniorphotographyurban-1-copy.jpg

အဖြူရောင်ကတော့ ဝတ်ဆင်ထားတဲ့မိန်းကလေးကို ကျန်းမာသန့်ရှင်းတဲ့မိန်းကလေးတစ်ယောက်၊ ရိုးရှင်းနားလည်လွယ်တဲ့ မိန်းကလေးတစ်ယောက်၊ စိတ်ထားဖြူစင်ကြည်လင်တဲ့မိန်းကလေးတစ်ယောက်အဖြစ် လူအများကြားမှာထင်ပေါ်စေပါတယ်။

ခရမ်းရောင်(Purple)

ခရမ်းရောင်ဝတ်စုံကတော့ စိတ်ပိုင်းဆိုင်ရာအာရုံစူးစိုက်မှု၊ အမှန်တရား၊ အရည်အသွေး၊ စိတ်တည်ငြိမ်ခြင်းတို့ကို ကိုယ်စားပြုတဲ့ ဝတ်စုံဖြစ်ပါတယ်။

အနက်ရောင်(Black)

ih-ih-hbf-superspy-bk_01_1.jpg

အနက်ရောင်ဝတ်စုံဟာ လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာအန္တရာယ်ကင်းမှုတို့ကို ကိုကိုယ်စားပြုပါတယ်။ ဝတ်ဆင်ထားတဲ့မိန်းကလေးဟာ ရှုပ်ထွေးနုနယ်တဲ့မိန်းကလေးတစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာသန်မာတဲ့မိန်းကလေးတစ်ယောက်၊ အရည်အချင်းပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်အဖြစ် လူအများကြားမှာထင်ပေါ်စေပါတယ်။

source: colour-affects

 

Share

Loading Next Article...
က္က