နွားနို့ကို ဒီဘက်ခေတ် အရေပြားအလှကုန်တော်တော်များများမှာ ထည့်သွင်းအသုံးချလာကြပါတယ်။

အရေပြားချွေးပေါက်တွေဆိုတာ လူတိုင်းရဲ့အရေပြားပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေပါပဲ။ ခန္ဓာကိုယ်ထဲမှာ ချွေးတွေအောင်းမနေစေဖို့အတွက် ချွေးပေါက်ငယ်လေးတွေဆိုတာ လိုအပ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဝက်ခြံတွေ၊ အမဲကွက်တွေကြောင့်ဖြစ်တဲ့ အမာရွတ်တွေကတော့ ချွေးပေါက်တွေကို ပိုမိုကျယ်ဝန်းစေပါတယ်နော်။

 

အဲဒီလို ချွေးပေါက်တွေကျယ်ရာကနေ အညစ်အကြေးတွေ ပိတ်မိပြီး ဝက်ခြံတွေ၊ မှဲ့ခြောက်တွေ၊ ဆားဝက်ခြံတွေ ပိုထွက်လာစေနိုင်ပါတယ်။

ဒါကြောင့် အရေပြားကို သန့်စင်နေစေဖို့နဲ့ ချွေးပေါက်လေးတွေ ကျဉ်းနေအောင် ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်။ ညတွင်းချင်းတော့ ချွေးပေါက်လေးတွေကျဉ်းအောင်နဲ့ လုံးဝပျောက်ကွယ်သွားအောင် လုပ်လို့မရတာတော့ အသေအချာပါပဲ။

ဒါပေမယ့် ရိုးရှင်းထိရောက်တဲ့ နည်းလမ်းလေးတွေကို စိတ်ရှည်ရှည်ထားပြီး ပြုလုပ်ပေးမယ်ဆိုရင်တော့ ချွေးပေါက်လေးတွေ ကျဉ်းပြီး နူးညံ့ချောမေ့ွတဲ့ မျက်နှာအရေပြားလေးကို ဖန်ဆင်းနိုင်မှာပါနော်။ အဲဒီနည်းလမ်းတွေထဲမှာ နို့ရေခဲတုံးဟာလည်း တစ်မျိုးအပါအဝင်ပါပဲ။

အကျိုးကျေးဇူးများ

b025bc3a455c497ceb50fac68a05a975.jpg 

နို့ရေခဲတုံးတွေဟာ ချွေးပေါက်ပိတ်ဆို့မှုတွေကို ပြန်ကျယ်စေပြီး မျက်နှာအရေပြားပေါ်မှာလည်း ဝက်ခြံကင်းစင်စေပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်ရှင်းရေးလုပ်ပေးပြီး မျက်နှာအရေပြားကို ကြည်လင်စေပါတယ်။ နို့ရဲ့ဂုဏ်သတ္တိကြောင့် အရေပြားရေဓာတ်ကိုလည်း ပြည့်ဝစေပြီး အသားအရေတင်းရင်းစေနိုင်ပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲကွက်၊ အရေးအကြောင်းတွေကိုလည်း ပြုပြင်ပေးပြီး အသားအရေကိုလည်း ပြန်လည်ဖြူစင်ဝင်းပလာစေနိုင်ပါတယ်။

ဝတ်စုံအရောင်က ဖော်ပြနေတဲ့ သင့်စိတ်ထားနဲ့ အရည်အချင်း 

ပြုလုပ်နည်း

a6c5408d68a25b7654d5e26d094c2a45.jpg 

အရေပြားချွေးပေါက်ငယ်လေးတွေကို ပြန်ကျယ်စေနိုင်မယ့် နို့ရေခဲတုံးပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ နွားနို့ (၁) ခွက်ရယ်၊ အုန်းနို့ (၁) ခွက်ရယ်ကို ရောထည့်ပေးလိုက်ပါ။ ပြီးရင် သမသွားအောင် မွှေပေးပြီး ရေခဲတုံးလုပ်တဲ့ ဗန်းထဲကို လောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ တစ်ညလောက်သိပ်ပြီး အအေးခံထားပေးလိုက်ပါ။ နောက်တစ်နည်းကတော့ ဆန်ဆေးရေ (၁) ခွက်နဲ့ နွားနို့ (၁) ခွက်ကို ပန်းကန်လုံးတစ်လုံးထဲမှာရောပြီး ရေခဲတုံးလေးတွေဖြစ်အောင် အအေးခံလို့လည်း ရပါတယ်။ ဒါမှမဟုတ် အုန်းနို့တို့၊ ဆန်ဆေးရည်တို့ မရှိရင်လည်း ဆန်ရည်ကို နွားနို့နဲ့ ဆတူရောပြီး အအေးခံမယ်ဆိုရင်လည်း ရပါတယ်။

အသုံးပြုနည်း

kin-close-up.jpg 

အသုံးပြုနည်းကလည်း လွယ်လွယ်လေးပါပဲ။ ရလာတဲ့ နို့ရေခဲတုံးလေးတွေကို အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်ကို ပွတ်ပေးရုံပါပဲ။ အထူးသဖြင့် ချွေးပေါက်ကျယ်နေတယ်လို့ မိမိယူဆတဲ့နေရာတွေကို အဓိက ပွတ်ပေးနိုင်ပါတယ်။ နို့ရေခဲတုံးလေးတွေကို မျက်နှာပြင်ပေါ်မှာ နှံံ့စပ်အောင်ပွတ်ပေးပြီးပြီဆိုရင်တော့ အခြောက်ခံပြီး တစ်ညသိပ်ပေးလိုက်ပါ။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်က ချွေးပေါက်တွေ ကျဉ်းပြီး အရေပြားလေးလည်း နူးညံ့ချောမွတ်လာမှာပါနော်။

Source: theindianspot

 

Share

Loading Next Article...
က္က