Christian Dior တို့၊ Gucci တို့လို ကမ္ဘာကျော်ဖက်ရှင် brand ကြီးတွေက ပိန်လွန်းတဲ့ မော်ဒယ်တွေကို သူတို့ရဲ့ မော်ဒယ်ရှိုးတွေမှာ မသုံးတော့ဘူးလို့ ဆိုလာတာပါ။ LCD တွေ ခေတ်ကုန်ပြီလား။

ကမ္ဘာကျော်ဖက်ရှင် brand တွေဖြစ်တဲ့ Christian Dior နဲ့ Gucci တို့က ကိုယ်အလေးချိန်ပေါင်မပြည့်တဲ့ မော်ဒယ်တွေကို သူတို့ရဲ့ catwalk show တွေထဲမှာ ပေးမလျှောက်တော့ဘူးလို့ ဆိုလာပါတယ်။



 

LVMH (Christian Dior ထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီ) နဲ့ Kering (Gucci ထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီ) တို့ဟာ ကမ္ဘာပေါ်မှာ ဖက်ရှင်နဲ့ ပတ်သက်လာရင် အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး လုပ်ကိုင်နေတဲ့ ကုမ္မဏီကြီး (၂) ခုဖြစ်ပါတယ်။ သူတို့ဟာ အထက်ပါဆုံးဖြတ်ချက်ကို ရဲရဲကြီးချခဲ့တာဖြစ်ပါတယ်။

မော်ဒယ်တွေအားလုံးဟာ ဗြိတိန်ဆိုဒ် (၆) (သို့မဟုတ်) အမေရိကန်ဆိုဒ် (ဝ) နဲ့ ညီမျှတဲ့ ပြင်သစ်ဆိုဒ် (၃၂) ထက်ကြီးမားရမယ်လို့ LVMH က ဆိုပါတယ်။ နောက်ပြီး ကုမ္မဏီ (၂) ခုလုံးက အရွယ်ရောက်သူတွေ ဝတ်ဆင်မယ့် အဝတ်အစားတွေအတွက် အသက် (၁၆) အောက် မော်ဒယ်တွေကိုလည်း အသုံးပြုမှာမဟုတ်ပါဘူး။

Kering ရဲ့ ဥက္ကဌဖြစ်တဲ့ ဘီလျံနာသူဌေး Francois-Henri Pinault ကတော့ ဖက်ရှင်လောကတစ်ခုလုံး ဒီသတ်မှတ်ချက်တွေကို လိုက်လုပ်ကြရင်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီ ပြင်သစ်ကုမ္မဏီ (၂) ခုရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေထဲမှာ Givenchy, Yves Saint Laurent, Alexander McQueen, Marc Jacobs, Thomas Pink, Fendi and Stella McCartney တို့လည်း ပါဝင်ပါတယ်။

 

LVMH ကုမ္မဏီရဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton ဟာ မေလတုံးကဖြစ်ရပ်တစ်ခုကြောင့် မော်ဒယ်တစ်ယောက်ရဲ့ ဝေဖန်မှုကိုခံခဲ့ရပါတယ်။ ဒိန်းမတ်လူမျိုး မော်ဒယ်တစ်ဦးဖြစ်တဲ့ Ulrikke Hoyer ဟာ ဖက်ရှင်ရှိုးတစ်ခုမှာ ဝင်လျှောက်ရဖို့အတွက် သူမကို အစာငတ်ခံခိုင်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ရိုက်ကူးရေး ဒါရိုက်တာကတော့ ဒီပြောဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။

ဝေဖန်ရေးဆရာတွေက catwalk လျှောက်တဲ့မော်ဒယ်တွေဟာ ကျန်းမာရေးနဲ့မကိုက်ညီတဲ့၊ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ပုံရိပ်တွေကို ထောက်ခံအားပေးတာပဲလို့ ဆိုကြပါတယ်။ ဖက်ရှင်လောကကြီး ကိုယ်နှိုက်ကိုက အဝတ်အစားတွေကို အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ပြသထားရတာကို အကောင်းဆုံးလို့ ထင်နေကြတာပါ။

လက်ထပ်ဖို့ထိ လုံးဝမစဉ်းစားသင့်တဲ့ ယောကျ်ားများ 

YMCA England & Wales ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Denise Hatton ကတော့ LVMH နဲ့ Kering ရဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ဆုံးဖြတ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ "တချို့လူတွေက သဘာဝအတိုင်းကို ပိန်သွယ်တယ်ဆိုပေမယ့် အင်္ဂလန်က ပုံမှန်အမျိုးသမီးတစ်ဦးကတော့ ဆိုဒ် (၁၆) လောက်ရှိပါတယ်။ နောက်ပြီး ကျွန်မတို့အားလုံးဟာ catwalk လျှောက်တဲ့ မော်ဒယ်ရှိုးပွဲတွေမှာ အသားအရောင်၊ ပိန်သူ ဝသူ၊ လူမျိုးရေး စတာတွေကို မခွဲခြားဘဲ စစ်မှန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းရဲ့ပုံမှန်ကို ထင်ဟပ်ပြသလိုပါတယ်" လို့လည်း ဆိုပါတယ်။

သူတို့ ဟာ ဒီလိုအပြောင်းအလဲကို ဘာကြောင့် ပြုလုပ်ကြတာလဲ

_87278082_003639690-1.jpg 

မေလတုံးက ပြင်သစ်နိုင်ငံမှာ အရမ်းပိန်လွန်းတဲ့ မော်ဒယ်တွေကို ဥပဒေနဲ့တားမြစ်ခြင်းပေါ်ပေါက်ပြီးနောက်မှ ကမ္ဘာကျော်ပြင်သစ်ဖက်ရှင် ကုမ္မဏီ (၂) ခုက အခုလို လှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့တာပါ။ ပြင်သစ်နိုင်ငံမှာ ချမှတ်ထားတဲ့ အဲဒီဥပဒေကို မလိုက်နာသူဟာ ယူရို (၇၅၀၀၀) ထိ ဒဏ်ရိုက်ခံရနိုင်သလို ထောင်ဒဏ် (၆) လထိလည်း ကျခံရနိုင်ပါတယ်။

မော်ဒယ်တွေအားလုံးဟာ မော်ဒယ်အလုပ်လုပ်ကိုင်နိုင်ဖို့ တိကျတဲ့ ဆေးမှတ်တမ်းတစ်ခုကို ကိုင်ဆောင်ထားနိုင်လို့ လိုအပ်လာပါပြီ။ Kering နဲ့ LVMH တို့ကတော့ သူတို့ရဲ့လှုပ်ရှားမှုဟာ ကမ္ဘာတလွှားထိ သက်ရောက်မှာဖြစ်ပါတယ် လို့ဆိုလာပါတယ်။ မော်ဒယ်တွေကိုလည်း လုပ်ငန်းခွင်ထဲမှာ စိတ်ပညာကျွမ်းကျင်သူတစ်ဦး (သို့) စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်သူတစ်ဦးလည်း ထားရှိပေးမှာဖြစ်ပါတယ်လို့ ဆိုလာပါတယ်။

 

LVMH ရဲ့ ဒါရိုက်တာ Antoine Arnault ကတော့ "ကျွန်တော်ယုံကြည်ထားတာကတော့ LVMH ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ အေဂျင်စီတွေနဲ့ မော်ဒယ်တွေကြားက လုပ်ငန်းပိုင်းဆိုင်ရာ ဆက်နွယ်မှုဟာ ဥပဒေကိုလိုက်နာရုံဆိုတာထက် ပိုလိမ့်မယ်လို့ ယုံကြည်ထားပါတယ်" လို့ဆိုပါတယ်။ Kering ဥက္ကဌ Mr. Pinault ကလည်း ကုမ္မဏီ (၂) ခုလုံးဟာ ဖက်ရှင်မော်ဒယ်တွေရဲ့ လုပ်ငန်းခွင်ထဲမှာ တကယ့်အပြောင်းအလဲတစ်ခု ရှိလာစေဖို့ သေချာစွာလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ "အမျိုးသမီးအားလုံးရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းက ကျွန်တော့်အတွက် ပါစင်နယ်အရကော၊ Kering အုပ်စုရဲ့ အမြင်အရပါ ဦးစားပေးအရာတစ်ခုဖြစ်ပါတယ်" လို့လည်း သူကဆိုပါတယ်။

ကုမ္မဏီ (၂) ခုရဲ့ အပြောင်းအလဲတွေဟာ ဒီလ ပဲရစ်ဖက်ရှင် ရက်သတ္တပတ်မတိုင်ခင် အကြုံးဝင်မှာဖြစ်ပါတယ်။

Source: BBC

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က