အဆီပြန်တဲ့အသားအရေကို သဘာဝနည်းလမ်းအတိုင်းပဲ ပြန်လည်ထိန်းသိမ်းလို့ကော မရတော့ဘူးလား။

အဆီပြန်တဲ့ အသားအရေကို မိန်းကလေးတိုင်း မုန်းတီးကြပါတယ်။ အရေးရယ်အကြောင်းရယ်ဆိုရင် အဆီဂလင်းတွေကြောင့် အလှပျက်ရတာနဲ့၊ မျက်နှာပေါ်မှာ အဆီဖုတွေစုလာလို့ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေ ပေါက်လာရတာနဲ့ အားကြီးစိတ်ပျက်ဖို့ကောင်းပါတယ်နော်။ ဒါဆိုရင် ဟုတ်ပြီ။ အဆီပြန်တဲ့အသားအရေကို သဘာဝနည်းလမ်းအတိုင်းပဲ ပြန်လည်ထိန်းသိမ်းလို့ကော မရတော့ဘူးလား။

အောက်မှာဖော်ပြထားတဲ့ အလှအပ tips လေးတွေက အဆီပြန်တဲ့ အသားအရေပိုင်ရှင်လေးတွေအတွက် ချောမွေ့ပြီး အဆီကင်းစင်တဲ့ မျက်နှာဝင်းဝင်းလေးတွေကို ပိုင်ဆိုင်စေဖို့ အတိုင်းအတာတစ်ခုထိ အထောက်အကူပြုစေမှာပါနော်။

၁။ ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ

face-cleansing.jpg 

အဆီပြန်ခြင်းကိုထိန်းချုပ်ဖို့ စမ်းသပ်အောင်မြင်ထားတဲ့ နည်းလမ်းတစ်ခုကတော့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့နဲ့ သန့်သန့်ရှင်းရှင်း နေထိုင်ဖို့ပါပဲ။ တစ်နေ့တာ မျက်နှာပေါ်မှာခိုကပ်လာမယ့် ဖုန်တွေ၊ ပြင်ပအဆီတွေကို ချွေးပေါက်တွေမှာ သွားပိတ်ခြင်းကို ထိန်းချုပ်နိုင်ဖို့ တစ်နေ့ကို (၂) ကြိမ်၊ (၃) ကြိမ်လောက် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ မျက်နှာအရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းသိမ်းပေးခြင်းကလည်း အဆီပိုတွေကိုဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းတစ်မျိုးပါပဲ။

၂။ ချေးချွတ်ပေးခြင်းကလည်း ကောင်းပါတယ်

မျက်နှာချေးချွတ်ခြင်း (exfoliation) ကလည်း အဆီပြန်တဲ့အသားအရေအတွက် ကောင်းပါတယ်။ အဲဒါမျိုးကို တစ်ပတ် (၁) ကြိမ်၊ (၂) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။ မျက်နှာပေါ်က အဆီပိုတွေက အရေပြားဆဲလ်သေတွေဖြစ်လာစေနိုင်ပြီး အဲဒီကနေ ဝက်ခြံတွေ၊ မှဲ့ခြောက်တွေ၊ ဆားဝက်ခြံတွေ ဖြစ်လာစေနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ခြင်းက အဆီပိုတွေနဲ့ အဆီဂလင်းတွေ နေရာမရအောင် လုပ်ဆောင်တာနဲ့တူတူပါပဲ။

၃။ အပတ်စဉ် face mask သုံးကြည့်ပါ

Face-Masks.jpg 

ချေးချွတ်ပြီးရင်တော့ face mask တစ်ခုခုကို စမ်းကြည့်သင့်ပါတယ်။ အထူးသဖြင့် Kaolin နဲ့ Bentonite ရွံ့စေးတို့၊ စန္ဒကူးတို့ပါဝင်တဲ့ face mask မျိုးဟာ အဆီပိုတွေကို ညင်သာစွာစုပ်ယူနိုင်တဲ့အတွက် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်လျော်ပါတယ်။

See Also: 

၄။ အယ်လ်ကိုဟောမပါတဲ့ toner ကို နေ့စဉ်သုံးပါ

skip-Moisturizer.jpg 

မျက်နှာအရေပြားကို toner လိမ်းပေးခြင်းကလည်း အဆီပိုတွေကို ကူညီဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က အညစ်အကြေး တွေကိုလည်း ပျောက်ကွယ်စေပါတယ်။ အထူးသဖြင့် rose water ဟာ အကောင်းဆုံး toner တစ်မျိုးပါပဲ။ အဆီပိုတွေကို ဓာတုပစ္စည်းတွေနဲ့ ဖယ်ရှားခြင်းထက် အော်ဂဲနစ်ပစ္စည်းတွေနဲ့ ဖယ်ရှားခြင်းက ပိုမိုထိရောက်ကောင်းမွန်ပါတယ်နော်။

၅။ အရေပြားအစိုဓာတ်ထိန်းပေးဖို့လည်း မမေ့ပါနဲ့

8-Important-Signs-That-We-Don’t-Drink-Enough-Water.jpg

အဆီပြန်တဲ့ အသားအရေတွေက ရေဓာတ်ကိုပိုလိုပါတယ်။ ရေဓာတ်ထိန်းသိမ်းခြင်းနဲ့ ရေဓာတ်ဖြည့်တင်းခြင်းဟာ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တွေပါပဲ။ အရေပြားပေါ်က ရေဓာတ်၊ အစိုဓာတ်ကို ထိန်းညှိပေးခြင်းက အဆီဂလင်းတွေကို အဆီပိုတွေမထုတ်ဖြစ်အောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် အဆီပါဝင်ခြင်းမရှိဘဲ ရေဓာတ်အသားပေးထားတဲ့ moisturizer တစ်မျိုးကို ပုံမှန်သုံးပေးပါ။

၆။ နေလောင်ကာခရင်မ်ကို ပုံမှန်လိမ်းပေးပါ

Sunscreen-always.jpg 

နေကောင်ကာခရင်မ်မှာ အဆီပါဝင်မှုရှိတဲ့အတွက် အမျိုးသမီးအများစုဟာ နေလောင်ကာခရင်မ်ကို ရှောင်ရှားကြပါတယ်။ ဒါပေမယ့် အဲဒီလိုရှောင်ရှားခြင်းက နေလောင်ဒဏ်ကြောင့် အရေပြားညိုမဲခြင်း၊ အရောင်ပြောင်းလဲခြင်း၊ မှဲ့ခြောက်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် နေလောင်ဒဏ်အတွက် ဂျယ်လ်ပုံစံ နေလောင်ကာခရင်မ်တစ်မျိုးကို ပုံမှန်လိမ်းပေးပါ။

Source: stylecraze

 

Share

Loading Next Article...
က္က