မိန်းမသားတို့ရဲ့ အလှအပကို ထိန်းသိမ်းတော့မယ်ဆိုရင် မျက်နှာအရေပြား ကျန်းမာရေးကို ထိန်းသိမ်းဖို့က ရှေ့ဆုံးက ပါဝင်နေပါတယ်နော်။

မိန်းမသားတစ်ယောက်အတွက်တော့ မျက်နှာအရေပြားဆိုတာ အလွန်အရေးကြီးတဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ မိန်းမသားတို့ရဲ့ အလှအပကို ထိန်းသိမ်းတော့မယ်ဆိုရင် မျက်နှာအရေပြား ကျန်းမာရေးကို ထိန်းသိမ်းဖို့က ရှေ့ဆုံးက ပါဝင်နေပါတယ်နော်။ ဒီလို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေဖို့ မျက်နှာအရေပြား ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အရေပြားလေး ကျန်းမာနုပျိုနေစေဖို့

face_wash.jpg 

အုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းရယ်ကို ရောပြီး အနှစ်လေးဖြစ်အောင် လုပ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာအုပ်ပြီး face mask လေးဖြစ်အောင် လုပ်လိုက်ပါ။ အုန်းဆီနဲ့ နနွင်းမှုန့်ရဲ့ အာနိသင်တွေဟာ အရေပြားကို ကျန်းမာနုပျိုအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၂။ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့

best-products-for-blackheads-on-nose.jpg 

သံပုရာလတ်လတ်ဆတ်ဆတ်တစ်လုံးကို အရည်ညှစ်ယူလိုက်ပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက် ခပ်ယူထားလိုက်ပါ။ ပြီးရင် ကြက်ဥတစ်လုံးကို ဖောက်ပြီး အကာသားချည်းပဲ ခပ်ယူလိုက်ပါ။ အဲဒီ ပါဝင်ပစ္စည်း (၂) ခုကို ပေါင်းစပ်လို့ရလာတဲ့ face mask ကတော့ အဆီပိုတွေနဲ့ ဖုန်မှုန့်တွေကြောင့် ဖြစ်လာတဲ့ ဆားဝက်ခြံတွေကို အလွယ်တကူဖယ်ရှားပေးနိုင်မှာပါ။

၃။ ညတွင်းချင်း အသားအရေလေး ဝင်းလက်လာစေဖို့

နွားနို့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းကိုယူပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးတစ်လုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး ခရမ်းချဉ်သီးအနှစ်ရအောင် လုပ်လိုက်ပါ။ ရလာတဲ့ ခရမ်းချဉ်သီးအနှစ်ကို နွားနို့ပန်းကန်ထဲပေါင်းထည့်ပြီး မွှေလိုက်ရင် ညတွင်းချင်းမှာပဲ အသားအရေလေး ဝင်းလက်လာစေမယ့် face mask တစ်မျိုးကို ရရှိနိုင်ပါပြီ။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၄။ အဆီပြန်တဲ့ အသားအရေကိုဖယ်ရှားဖို့

5-Foods-To-Eat-5-Foods-Not-To-Eat-For-Oily-Skin-1.jpg

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်းရယ်၊ ရှားစောင်းလက်ပတ်ဂျယ်လ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းရယ်ကို ယူပြီး ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာလိမ်းလိုက်ရင် မျက်နှာအရေပြားအဆီပြန်ခြင်းကို အတိုင်းအတာတစ်ခုထိ သက်သာစေလာမှာပါ။

၅။ အမာရွတ်တွေ မှေးမှိန်စေဖို့

ထိခိုက်ရှနာတွေကြောင့်ဖြစ်လာတဲ့ အမာရွတ်ငယ်လေးတွေ မှေးမှိန်ပျောက်ကွယ်စေဖို့ အသုံးပြုနိုင်တဲ့ face mask တစ်မျိုးကိုတော့ ပျားရည်ရယ်၊ သံပုရာရည်ကို ရောပြီး ပြုလုပ်ဖန်တီးရမှာဖြစ်ပါတယ်။ ပျားရည်ရဲ့ သဘာဝ ဒဏ်ရာပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိရယ်၊ သံပုရာရည်ရဲ့ အက်ဆစ်ဂုဏ်သတ္တိရယ်က အမာရွတ်တွေကို မှေးမှိန်ပျောက်ကွယ်အောင် ကူညီလုပ်ဆောင် ပေးမှာဖြစ်ပါတယ်။

၆။ ဝက်ခြံပျောက်ဖို့

Pimples.jpg

ဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေအတွက်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ပျားရည်ရယ်၊ ဇာတိပ္ဖိုလ်သီးအမှုန့်ရယ်ကို ရောပြီး ဝက်ခြံပေါက်တဲ့နေရာတွေမှာ တို့ပေးရမှာပါ။ ဒီနည်းနဲ့ ဝက်ခြံလေးတွေ လျော့ပါးကင်းစင်သွားတာကို အံ့အားသင့်စွာ တွေ့မြင်ရမှာပါ။

Source: chasingfoxes

 

Share

Loading Next Article...
က္က