မဒီလေးတို့ရေ... ပြီးပြည့်စုံတဲ့ အလှတရားဆိုတာ နူးညံ့ချောမွေ့တဲ့အသားအရေပေါ်လည်း မူတည်နေပါတယ်။

မဒီလေးတို့ရေ... ပြီးပြည့်စုံတဲ့ အလှတရားဆိုတာ နူးညံ့ချောမွေ့တဲ့အသားအရေပေါ်လည်း မူတည်နေပါတယ်။ အဲဒီလို အသားအရေမျိုးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မျက်နှာအရေပြားလေးကို ပုံမှန် ထိန်းသိမ်းပေးနေရမှာပါ။ အဲဒီထဲမှာ exfoliation (ဆဲလ်သေဖယ်ရှားခြင်း) ကလည်း တစ်ခုအပါအဝင်ပါပဲ။

 

ဈေးကွက်ထဲမှာ ဈေးကြီးပေးဝယ်ရတဲ့ ဆဲလ်သေဖယ်ရှားဆေးတွေကို သုံးမယ့်အစား အိမ်မှာပဲ ကိုယ်တိုင်ဖန်တီးလို့ရတယ်ဆိုရင် ယုံမှာလား။ အဲဒီ DIY exfoliator လေးတွေက အကုန်အကျသက်သာစေသလို ရလဒ်ကလည်း အထူးကောင်းမွန်ပါတယ်။

၁။ သံလွင်ဆီနဲ့ သကြား

olive-oil-sugar-scrub.jpg 

ဒီနှစ်ခုအရောဟာ အံ့အားသင့်ဖွယ် အာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်နော်။ မဒီလေးတို့လုပ်ပေးဖို့ လိုတာက သံလွင်ဆီနဲ့ သကြားနည်းနည်းစီကို ရောနှောပြီး ခပ်ပျစ်ပျစ်အနှစ်လေးတစ်မျိုးဖြစ်အောင် လုပ်ပေးရုံပါပဲ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါပြီ။

၂။ စတော်ဘယ်ရီသီးထောင်း

strawberry-mash.jpg 

ငရုပ်သီးထောင်းသလို ငရုပ်ဆုံထဲထည့်ပြီး ထောင်းရမှာတော့ ဘယ်ဟုတ်မလဲ။ စတော်ဘယ်ရီသီးအနည်းငယ်ကို အသာလေး ဖိခြေပြီး ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးရုံပါပဲနော်။ စတော်ဘယ်ရီသီးမှာပါဝင်တဲ့ အသားအရေနူးညံ့စေတဲ့ ဂုဏ်သတ္တိတွေနဲ့ ချေးချွတ်နိုင်တဲ့အစွမ်းတွေက မျက်နှာလေးကို ဖြူစင်နူးညံ့အောင် ကူညီပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီးအနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးရင်း အသာအယာလေးလည်း နှိပ်နယ်ပေးလိုက်ပါဦး။ စတော်ဘယ်ရီသီး အနှစ်က မျက်နှာအဆီပြန်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။

၃။ အုန်းဆီနဲ့သကြား

သံလွင်ဆီတင်မကပါဘူး။ အုန်းဆီမှာလည်း ကျန်းမာရေးနဲ့ အလှအပရေးရာအကျိုးကျေးဇူးတွေ အများကြီးပါ။ ဒီ ဆဲလ်သေ ဖယ်ရှားဆေးလေး ပြုလုပ်ဖို့အတွက် အုန်းဆီအနည်းငယ်နဲ့ သကြားနည်းနည်းကို ရောပြီး မျက်နှာပေါ်မှာလိမ်းပေးရုံပါပဲ။

၄။ အုတ်ဂျုံမှုန့်နဲ့ ပျားရည်

oatmeal-honey.jpg 

အုတ်ဂျုံမှုန့်ဆိုတာ အနောက်တိုင်းသားတွေရဲ့ မနက်စာတစ်မျိုးဖြစ်ပါတယ်။ အုတ်ဂျုံမှုန့်ကိုစားမယ့်အစား ပျားရည်နဲ့ ရောလိုက်မယ်ဆိုရင် အဆီပြန်ခြင်းနဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဆဲလ်သေဖယ်ရှားနည်းတစ်မျိုး ဖြစ်သွားမှာပါ။ အရင်ဆုံး အုတ်ဂျုံမှုန့်အနည်းငယ်ကိုယူပြီး အမှုန့်ကြိတ်လိုက်ပါ။ ပြီးရင် ရေနည်းနည်း၊ ပျားရည်နည်းနည်းနဲ့ရောလိုက်ရင် အာနိသင်ထိရောက်တဲ့ ဆဲလ်သေ ဖယ်ရှားဆေးလေးကို ရရှိပါပြီ။

၅။ သကြားနဲ့ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အရေပြားအတွက် အာနိသင်တွေအများကြီးရှိကြောင်းကို သက်သေပြထားပြီးသားပါ။ ခရမ်းချဉ်သီးလေးတွေကို အကွင်းလေးတွေဖြစ်အောင်စိတ်ပြီး သကြားစလေးတွေကပ်သွားအောင် သကြားခွက်ထဲမှာ လှိမ့်ပေးလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ အဲဒီခရမ်းချဉ်သီးကွင်းလေးတွေကို ကပ်ပေးရုံပါပဲ။ ပြီးရင်တော့ ရေနဲ့ပြန်ဆေးပေးလိုက်ပါ။

၆။ သံပုရာရည်

Lemon.jpg

ဆဲလ်သေဖယ်ရှားခြင်းနဲ့ ပတ်သက်ရင် သံပုရာရည်ကိုလည်း ချန်ထားခဲ့လို့မရပါဘူးနော်။ ဒီနည်းလမ်းလေးကတော့ အရမ်းရိုးရှင်းပါတယ်။ သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရုံပါပဲ။ ၎င်းက မျက်နှာပေါ်က အဆီပြန်ခြင်းတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က