မိန်းကလေးငယ်လေးတိုင်းရဲ့ အိမ်မက်ကတော့ တစ်နေ့မှာ မင်းသမီးလေးတစ်ပါးဖြစ်လာဖို့ပါပဲ။

မိန်းကလေးငယ်လေးတိုင်းရဲ့ အိမ်မက်ကတော့ တစ်နေ့မှာ မင်းသမီးလေးတစ်ပါးဖြစ်လာဖို့ပါပဲ။ ဒီလို သန်းနဲ့ချီတဲ့ မိန်းကလေးငယ်လေးတွေရဲ့ အိမ်မက်ကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်လိုက်နိုင်တာကတော့ ကိတ်မစ်ဒယ်တန်ပါပဲ။

 

ကိတ်ဟာ ဗြိတိန်မင်းသားဝီလျံနဲ့လက်ထပ်လိုက်ချိန်မှာ တော်ဝင်မိသားစုထဲကို ရောက်ရှိခဲ့ပါတယ်။ သူမရဲ့ ရိုးရှင်းပေမယ့် လှပတဲ့ ဖက်ရှင်ပုံစံတွေဟာ နှုတ်ခမ်းနီမလေးတွေကြားထဲမှာ အတုယူစရာ၊ အတုခိုးစရာဖြစ်ခဲ့ပါတယ်။ ဒီထဲမှာ ကိတ်ရဲ့ဆံပင်ပုံစံတွေလည်း အပါအဝင်ပါပဲ။

၁။ Off-Center Parted Blow Out (အလည်မကျတကျ ဘေးခွဲထားတဲ့ ဆံပင်ပုံစံ)

Off-Center-Parted-Blow-Out.jpg 

ကိတ် မစ်ဒယ်တန်ဟာ ကိန်းဘရစ်ချ်မြို့စားကတော်ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့တင် ထိုက်တန်တာမဟုတ်ပါဘူး။ ဆံပင်စတိုင်လ် အလွင့်ကြီးတွေရဲ့ ဘုရင်မလို့လည်း ခေါ်ဆိုတင်စားထိုက်ပါပေတယ်။ ပြထားတဲ့ ပုံထဲက blowout ဆံပင်စတိုင်လ်ဟာ သူမနဲ့တော့ အထူးလိုက်ဖက်ပြီး လင်းလက်တောက်ပနေစေပါတယ်။ ရိုးရှင်းပြီး အထက်တန်းကျတဲ့ဟန်ပန်လေးကို သူမရဲ့ဆံပင်ပုံစံက အထောက်အကူပေးနေပါတယ်။

၂။ Big Curls With A Fascinator (Fascinator ဦးထုပ်လေးနဲ့ အဖျားအလိပ်လေးတွေ)

Big-Curls-With-A-Fascinator.jpg 

ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ ဆောင်းစရာ fascinator ဦးထုပ်လေးတွေအများကြီး ရှိနေမှာတော့ အမှန်ပါပဲ။ ဒီပုံလေးထဲမှာတော့ မြို့စားကတော် ကိတ်ဟာ အဖျားမှာ အလိပ်လေးတွေ လိပ်ထားတဲ့ ဆံပင်ပုံစံကို ဖက်ရှင်ကျတဲ့ fascinator ဦးထုပ်လေးနဲ့ တွဲဖက်ထားပြီး ရိုးရှင်းစွာလှပလို့နေပါတယ်။

မင်းသားဝီလျံရဲ့ကြင်ယာတော် မင်းသမီး ကိတ်မစ်ဒယ်တန်မှာ တတိယမြောက် ကိုယ်ဝန်လွယ်ထား 

၃။ Mid-High Ponytail (အလည်မှာ ခပ်မြင့်မြင့်ထုံးထားတဲ့ ပိုနီတေးလ်)

Mid-High-Ponytail.jpg 

တစ်ခါတလေမှာ တော်ဝင်မင်းသမီးတွေတောင်မှ အထက်တန်းကျကျ ဆံပင်စတိုင်လ်တွေကို စွန့်ခွာပြီး ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ လိုအပ်မှာပါ။ အဲဒီလို ရိုးရှင်းတဲ့ဆံပင်ပုံစံထဲမှာ ပိုနီတေးလ် ဆံပင်စည်းနည်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုရိုးရှင်းတဲ့ ဆံပင်စတိုင်လ်လေးကတောင် တော်ဝင်မင်းသမီးရဲ့ အားကစားဖက်ရှင်နဲ့ အထူးလိုက်ဖက်ညီနေတာကို တွေ့ရှိရမှာပါ။

၄။ Wrapped Ponytail (ပိုနီတေးလ်ကို အောက်က ပြန်လိပ်တင်ထားတဲ့ စတိုင်လ်)

 Wrapped-Ponytail.jpg

ပရဟိတပွဲတွေကို တက်ရောက်ရာမှာ ကိတ်မစ်ဒယ်တန်လောက် ဖက်ရှင်ကျတဲ့သူမရှိသေးပါဘူး။ ကိန်းဘရစ်ချ်မြို့စားကတော်ဟာ ရိုးရှင်းတဲ့ဟန်ပန်နဲ့ပဲ ကျော့ရှင်းလှပနေတာပါ။ ဒီပုံထဲမှာဆိုရင် ကိတ်ဟာ အလည်လောက်ကစည်းထားတဲ့ ပိုနီတေးလ်ဆံပင်ကို အောက်နားက ပြန်လိပ်ပြီးအုပ်ထားတာဖြစ်ပါတယ်။ နောက်ပြီး မျက်နှာရှေ့ကိုကျနေတဲ့ ဆံပင်တွေကို ဘေးကိုအသာလေး ခွဲထားတာက သူမရဲ့ဖက်ရှင်ပုံစံကို လတ်ဆတ်တဲ့ဟန်ပန်လေးတွေနဲ့ ဖြည့်စွက်ပေးလိုက်တာပါပဲ။

၅။ French Braid Low Bun (ပြင်သစ်ဆံထုံး)

French-Braid-Low-Bun.jpg 

ဒါကတော့ တော်ဝင်မင်းသမီးအတွက် တော်ဝင်အဆန်ဆုံး ဆံပင်ပုံစံပါပဲ။ ပြင်သစ်စတိုင်လ် ခပ်နိမ့်နိမ့်ထုံးထားတဲ့ ဆံပင်ပုံစံဟာ ကိတ်ဝတ်ဆင်ထားတဲ့ မိုးပြာရောင်ဂါဝန်နဲ့ အထူးလိုက်ဖက်ညီနေပြီး သူမကို ပုံပြင်တွေထဲက မင်းသမီးလေးတစ်ပါးနဲ့ တူစေပါတယ်။ ရိုးရှင်းတဲ့မိတ်ကပ်လေးရယ်၊ တွဲလောင်းကျနေတဲ့ နားဆွဲလေးတွေရယ်နဲ့ ပေါင်းစပ်လိုက်တော့ သူမကို disney ကာတွန်းကား တွေထဲက မင်းသမီးလေးတစ်ပါးလို မြင်ဖို့ရာ မခက်ခဲတော့ပါဘူး။

၆။ Elegant Low Bun (အထက်တန်းကျတဲ့ ဆံထုံး)

Elegant-Low-Bun.jpg 

တော်ဝင်ဆန်ဆန် ဝတ်စားဆင်ယင်တတ်ချင်တဲ့သူတိုင်း ကိတ်မစ်ဒယ်တန်ရဲ့ တော်ဝင်ဝတ်စားဆင်ယင်မှုပုံစံကို လက်ချာလိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ တော်ဝင်ဟန်ပါအောင် ဘယ်လိုဝတ်စားဆင်ယင်ရမလဲဆိုတာကို ကောင်းကောင်းနားလည်လို့ပါပဲ။

ဒီပုံထဲမှာဆိုရင် ကိတ်ဟာ တော်ဝင်အပြာရောင်ဝတ်စုံနဲ့ ရိုးရှင်းတဲ့ ခပ်နိမ့်နိမ့်ဆံထုံးကို တွဲဖက်ဝတ်ဆင်ထားတာဖြစ်ပြီး သူမကို ရင့်ကျက်တဲ့သွင်ပြင်ကော၊ နူးညံ့တဲ့သွင်ပြင်ကိုပါ ဆောင်ကြဉ်းပေးလာပါတယ်။ တကယ်လို့ သူမဟာ တော်ဝင်မင်းသမီးတစ်ပါးမှန်း မသိတဲ့သူတွေတောင်မှ သူမစကားပြောရင် ငေးပြီးကြည့်နေစေမှာပါ။

၇။ Half Up Twisties (ဆံမြိတ်လေးတွေကို နောက်မှာလိမ်ထားတဲ့ စတိုင်လ်)

Half-Up-Twisties.jpg 

ကလေးနှစ်ယောက်မိခင် (လက်ရှိအချိန်မှာ တတိယမြောက်ရင်သွေးကို လွယ်ထားရ) ကိတ်မစ်ဒယ်တန်ဟာ ဒီပုံထဲမှာတော့ ချစ်စရာ (၁၆) နှစ်သမီးလေးလိုပဲ တင့်တယ်နေပါတယ်။ ဒီဆံပင်စတိုင်လ်ကတော့ ရှေ့ဘက်က ဆံမြိတ် (၂) စကို နောက်ဘက်ကိုဆွဲယူပြီး နောက်စေ့နားမှာဆွဲချည်ထားတာဖြစ်ပါတယ်။ ဒီဆံပင်ပုံစံလေးက ရိုးရှင်းတဲ့မိတ်ကပ်၊ နားဆွဲတွဲလောင်းလေးတို့နဲ့ တွဲဖက်လိုက်ရင် အထူးလိုက်ဖက်ညီနေပါတယ်။

Source: stylecraze

 

Share

Loading Next Article...
က္က