ဆံပင်တွေက စိုနေလေလေ ပျက်စီးလေလေပဲ။

ညဘက်ခေါင်းလျှော်ပြီး ရေမခြောက်ဘဲနဲ့ အိပ်ရာဝင်တတ်တဲ့ မဒီလေးတွေရှိလား။ နေ့လယ်ဘက် ခေါင်းလျှော်ပြီး ရေသုတ်နေရင်း ပျင်းလို့ ဆံပင်မခြောက်တခြောက်နဲ့ အိပ်သွားတတ်သူတွေရော ရှိလား။ ဒါ ကောင်းတဲ့အကျင့် မဟုတ်ဘူးနော်။

 

ပထမဆုံးအနေနဲ့ ကြုံရမှာကတော့ ဆံပင်တွေရှုပ်ထွေးငြိကုန်တာပါပဲ။ အိပ်ရာကနိုးရင် ဆံပင်တွေက လိမ်ရှုပ်နေတာတွေ့ရမယ်။ ရှင်းရခက်လို့ ခေါင်းဖြီးရင်လည်း ဆံပင်တွေပြတ်ထွက်၊ ကျွတ်ကုန်တယ်။ ဆံပင်ကို စိုအောင်ပြန်လုပ်၊ ဆီပြန်ထည့်ပြီး ဖြီးမှပဲရတော့မယ်။

See also 

ဆံပင်တွေလည်း ဆိုးဆိုးရွားရွားပျက်စီးဦးမှာ။ ဘာလို့လဲဆိုတော့ ဆံပင်တွေက စိုနေလေလေ ပျက်စီးလေလေပဲ။ ဆံပင်စိုနေရင် ကျိုးပဲ့လွယ်တယ်။ ဒါကြောင့်မို့လို့ ဆံပင်မခြောက်သေးချိန်မှာ ခေါင်းဖြီးတာ၊ ဆံထုံးထုံးတာနဲ့၊ စည်းနှောင်တာတွေ မလုပ်သင့်ဘူး။

 

တကယ်လို့ ဆံပင်မခြောက်သေးဘဲ အိပ်ရမယ်ဆိုရင် ဆံပင်တွေအရမ်းမပျက်စီးဖို့အတွက် ကျစ်ဆံမြီးပွပွလေးစည်းပြီး အိပ်နိုင်ပါတယ်။

Share

Loading Next Article...
က္က