အသားအရေလေးဟာ စိုပြေနေရင် မျက်နှာလေးကလည်း အလိုလိုရွှင်စေပြီး ကြည့်လို့ကောင်းနေစေမှာပါ။

မိန်းကလေးတစ်ယောက်အတွက်တော့ အသားအရေမွဲခြောက်ခြောက်ဖြစ်ခြင်းက အလှပျက်စေတဲ့ အကြောင်းတရားထဲမှာ ပါပါတယ်။ အသားအရေလေးဟာ စိုပြေနေရင် မျက်နှာလေးကလည်း အလိုလိုရွှင်စေပြီး ကြည့်လို့ကောင်းနေစေမှာပါ။

 

အသားအရေ ခြောက်သွေ့ခြင်းပြဿနာကို မိန်းကလေးတိုင်း မုန်းတီးကြပြီး ဖြေရှင်းနည်းလေးတွေကို သိလိုကြမှာပါ။ အောက်မှာ ဖော်ပြထားတာကတော့ အသားအရေခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းလေးတွေပါပဲ။

၁။ ရေပူရေနွေးအောက်မှာ အကြာကြီးရေချိုးခြင်း

01-shower-shutterstock_134865533-carol.anne_-1024x683.jpg 

အိမ်ကရေချိုးခန်းထဲမှာ ရေပူရေအေးစက်တပ်ထားရင် ရေနွေးနွေးလေးနဲ့ ရေချိုးရတာကို သဘောကျကြမှာပါ။ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းကလည်း အကြောအခြင်တွေကို သက်တောင့်သက်သာဖြစ်စေပြီး အညောင်းအညာလည်း ပြေစေပါတယ်။ ဒါပေမယ့် ရေနွေးနဲ့ ဇိမ်ခံပြီး အကြာကြီးရေချိုးခြင်းက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်နိုင်ပြီး အသားအရေကို မူလထက် ပိုမိုခြောက်သွေ့စေပါတယ်။ ဒါကြောင့် အပူချိန်ကို ၈၄ ဒီဂရီဖာရင်ဟိုက်ထက်မများတဲ့ အပူချိန်လောက်မှာထားပြီး ရေချိုးရင်လည်း (၁၀) မိနစ်ထက် ပိုမကြာသင့်ပါဘူး။

၂။ ဓာတုပစ္စည်းပါဝင်မှုများပြားတဲ့ ဆပ်ပြာနဲ့တိုက်ခြင်း

02-soap-shutterstock_277847318-Pressmaster-1024x683.jpg 

အိမ်မှာ ရေချိုးရင်သုံးနေကျ ဆပ်ပြာတုံးတွေက ခန္ဓာကိုယ်အရေပြားကို သန့်ရှင်းရေးလုပ်ပေးနိုင်ဖို့ လုံလောက်တယ်လို့ မဒီလေးတို့က ထင်ကြမှာပါ။ ဒါပေမယ့် အဲဒါကမှားပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဆပ်ပြာအများစုမှှာ ဓာတုပစ္စည်းတွေ၊ အစွန်းချွတ်ဆေးတွေအများကြီးပါဝင်နေနိုင်ပြီး အဲဒီပါဝင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အရေပြားပေါ်က pH level ကိုု ကျဆင်းစေပါတယ်။

အဲဒီကမှတဆင့် အရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ တကယ်လို့ မိမိရဲ့အရေပြားက ခြောက်သွေ့တတ်တဲ့ထဲမှာပါနေရင် အော်ဂဲနစ်သဘာဝပစ္စည်း ပါဝင်မှုများပြားတဲ့ ဆပ်ပြာတွေကို အစားထိုးသုံးစွဲသင့်ပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၃။ ဆဲလ်သေဖယ်ရှားခြင်းကို ခဏခဏပြုလုပ်ခြင်း

03-exfoliating-shutterstock_539062411-Africa-Studio-1024x683.jpg 

Exfoliation (အရေပြားပေါ်က ဆဲလ်သေဖယ်ရှားခြင်း) ဆိုတာ အမှန်တော့ အရေပြားကျန်းမာရေးအတွက် လုပ်ပေးသင့်တဲ့ အရာတစ်ခုပါပဲ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဆဲလ်သေ ဖယ်ရှားခြင်းကိုလည်း ခဏခဏလုပ်တဲ့အခါ အရေပြားပေါ်မှာ အက်ကွဲကြောင်းသေးသေးလေးတွေ ဖြစ်လာနိုင်ပြီး ရလဒ်အနေနဲ့ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ခြောက်သွေ့ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ တစ်ပတ်ကို (၁) ကြိမ်လောက်ပဲ ဆဲလ်သေဖယ်ရှားခြင်းကုသမှုကို ပြုလုပ်ဖို့ပါပဲ။

၄။ မှားယွင်းတဲ့ moisturizer ကို အသုံးပြုမိခြင်း

04-moisturizer-shutterstock_417433882-Dean-Drobot-1024x683.jpg 

နဂိုတည်းက အသားအရေက ခြောက်သွေ့တဲ့ထဲပါရင် moisturizer သုံးစွဲခြင်းက အဖြေလု့ိထင်မိမှာပါပဲ။ တစ်ခုရှိတာက မှန်ကန်တဲ့ moisturizer ကို ရွေးချယ်တတ်ဖို့လည်း လိုပါသေးတယ်။ အနံ့တွေ ထည့်သွင်းထားတတ်တဲ့ moisturizer မျိုးဟာ အရေပြားကို ယားယံစေနိုင်ပါတယ်။ အဆီပါဝင်မှုနည်းပါးပြီး ရေဓာတ်များများနဲ့ပြုလုပ်ထားတဲ့ moisturizer တွေကျပြန်တော့လည်း အရေပြားပေါ်မှာ ခြေကုပ်ကောင်းကောင်းမယူနိုင်တဲ့အတွက် လွယ်ကူစွာအခြောက်ပျံသွားနိုင်ပါတယ်။ ဒီလိုနဲ့အရေပြားက မူလကထက်တောင် ပိုမိုခြောက်သွေ့သွားနိုင်ပါတယ်။

၅။ ရေကိုလုံလောက်စွာ မသောက်သုံးခြင်း

05-H20-shutterstock_424881313-Africa-Studio-1024x683.jpg 

ပုံမှန်အားဖြင့်တော့ တစ်နေ့ကို ရေ (၈) ခွက်လောက် သောက်သုံးပေးသင့်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ လိုက်နာသင့်တဲ့ လမ်းညွှန်ချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေရင် အရေပြားဟာလည်း ခြောက်သွေ့နိုင်လို့ပါပဲ။ ရေကိုလုံလောက်အောင် မသောက်ဘူးဆိုရင် အရေပြားပေါ်မှာ သွားသက်ရောက်မှာဖြစ်ပြီး အရေပြားဆိုင်ရာပြဿနာတွေ ကြုံလာရမှာပါ။

Source: Reader's Digest

 

Share

Loading Next Article...
က္က