အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာခေတ်ကြီးထဲမှာ အွန်လိုင်း trend တွေက များလှပါတယ်။

အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာခေတ်ကြီးထဲမှာ အွန်လိုင်း trend တွေက များလှပါတယ်။ အထူးသဖြင့် အလှအပရေးရာ၊ ဖက်ရှင်ရေးရာ trend တွေက ပိုလို့တောင်များပြားပါသေးတယ်။ လူတော်တော်များများဟာ trend အသစ်တွေကို နေ့စဉ်လိုလို ဖန်တီးနေတဲ့အတွက် အင်တာနက်ပေါ်မှာ ပေါက်သွားတဲ့ ဖက်ရှင် trend တွေ ဆိုတာလည်း နောက်ပိုင်းမှာ ရှားပါးလာပါတယ်။


 

ဒါပေမယ့် အနုပညာရှင် Dain Yoon ရဲ့ ဆံပင်လက်သည်းတွေကတော့ အင်တာနက်ပေါ်မှာ ရှယ်ပေါက်သွားခဲ့ပါတယ်။ ဆံပင်လက်သည်းဆိုတာ လက်သည်းအလှဆင်ရာမှာ ဆံပင်မွှေးလေးတွေကိုပါ လက်မှာကပ်ပြီး တန်ဆာဆင်တာမျိုးဖြစ်ပါတယ်။

Dian Yoon ဟာ အင်စတာဂရမ် (Instagram) ပေါ်မှာ သူမကိုယ်တိုင်ဖန်တီးထားတဲ့ ဆံပင်လက်သည်းပုံလေးတွေကို တင်ပြီး ဖော်လိုဝါ (၂) သိန်းကျော်ရရှိခဲ့ပါတယ်။ Yoon နောက်ဆုံး တီထွင်ခဲ့တဲ့ တီထွင်မှုဖြစ်တဲ့ ဆယ်လ်ဖီလက်သည်းတွေကတော့ လောလောဆယ် အရမ်းဟော့ထ်နေပါတယ်။

ဆယ်လ်ဖီလက်သည်း (Selfie Nail Art)

Screenshot-2017-9-14 Hair Nails Are The Nail Art Trend You Never Knew You Needed To See.jpg 

Dian Yoon ဟာ ဆယ်လ်ဖီလက်သည်းဆိုတဲ့ လက်သည်းအလှပြင်ခြင်းကို ဘယ်လိုပြုလုပ်ဖန်တီးခဲ့လဲဆိုတော့ လက်ချောင်းတစ်ချောင်းချင်းစီရဲ့ လက်သည်းတွေပေါ်မှာ မိမိရဲ့ရုပ်ပုံအငယ်စားလေးတွေကို ရေးဆွဲပြီး ဆံပင်လေးတွေကိုလည်း ကော်နဲ့ကပ်ခဲ့ပါတယ်။ ဒီတော့ သူမရဲ့လက်ချောင်းတစ်ချောင်းစီဟာ Dian Yoon အငယ်စားလေးတွေဖြစ်နေတာပေါ့။

 

လက်သည်းမှာအလှဆင်တဲ့ သူမသုံးထားတဲ့ ဆံနွယ်လေးတွေဟာ သူမရဲ့ဆံပင်က ဖြတ်ယူထားတာဟုတ်မဟုတ် ကွဲကွဲပြားပြားမသိရပေမယ့် လက်ချောင်းလေးတွေကတော့ သူမအငယ်စားလေးတွေအဖြစ် ထပ်တူနီးပါးတူညီနေတာကို အံ့သြတုန်လှုပ်ဖွယ် တွေ့မြင်ရပါတယ်။

နောက်တစ်ခုက လက်သည်းခွံလိုနေရာကျဉ်းကျဉ်းလေးပေါ်မှာ အဲလောက်တူတဲ့ ပုံတူပန်းချီကားငယ်လေးတွေကို ရေးဆွဲဖို့ဆိုတာ လွယ်တော့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Yoon ကတော့ ပြောင်မြောက်စွာဖန်တီးနိုင်ခဲ့ပါတယ်။ Yoon အတွက်တော့ အနုပညာတစ်ခုကိုဖန်တီးဖို့ သူမရဲ့ရုပ်ဆင်းသွင်ပြင်ကို ပြောင်းလဲခဲ့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နောက်ဆုံးအကြိမ်လည်း ဟုတ်မယ်မထင်ပါဘူး။

See also 

 

လက်သည်းတစ်ချောင်းစီပေါ်က အနုပညာလက်ရာဟာ အနုစိတ်ကျလွန်းပါတယ်။ နောက်ပြီး လက်ချောင်းတစ်ချောင်းစီပေါ်က Yoon ရဲ့ ပုံတူပန်းချီကားငယ်လေးတွေဟာ မျက်နှာအမူအရာကို တစ်ခုနဲ့တစ်ခု မတူညီအောင်လည်း ဖန်တီးထားပါတယ်။ မျက်နှာအမူအရာတွေ၊ ဟန်ပန်တွေကလည်း Yoon နဲ့တူလွန်းနေတာ အံ့အားသင့်စရာပါပဲ။ ဖြစ်နိုင်ခြေရှိတာကတော့ လက်သည်းပေါ်မှာ တင်မဆွဲခင် အဲဒီပုံတူပန်းချီကားငယ်လေးတွေကို စက္ကူပေါ်မှာ ရေးဆွဲခဲ့ပုံပေါ်ပါတယ်။

ပုံကိုကြည့်လိုက်ပါဦး မဒီတို့ရေ။ လက်ညှိုးပေါ်က မျက်နှာလေးက လက်ခလယ်ပေါ်က မျက်နှာလေးကို လုပ်ပြနေတဲ့ အမူအရာလေးကို သဘောမကျကြဘူးလား။ ပုံတူပန်းချီကားတစ်ချပ်ချင်းစီမှာ မတူညီတဲ့ မျက်နှာသွင်ပြင်တွေရှိသလို နောက်ကွယ်မှာ အဓိပ္ပာယ်တွေလည်း အများကြီးရှိပါတယ်။ နောက်ပြီး လက်သည်းပေါ်ကဆံပင်လေးတွေကလည်း Yoon ရဲ့ဆံပင်ရှည်ရှည်၊ ဖြောင့်ဖြောင့်ကို ကိုယ်စားပြုနေပါတယ်။

ဘာပဲပြောပြော Yoon ရဲ့လက်သည်းအလှပြင်ဒီဇိုင်း အသစ်ဟာ အင်တာနက်ပေါ်မှာ ပေါက်သွားတာတော့ အမှန်ပါပဲ။ မဒီပျိုလေးတို့ကော သူ့လိုမျိုး မစမ်းကြည့်ချင်ကြဘူးလား။

Source: bustle

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က