"ကမ္ဘာမြေတစ်ခွင်ကို.... မင်းဆံနွယ်တွေ ... လွှမ်းခြုံထားမှာလားကွာ...."

ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေကိုမြင်တိုင်း မျက်စိထဲ အေးသွားတာပဲ။ ယဉ်ယဉ်လေးနဲ့ လှနေတာမဟုတ်လား။ ဒီလိုဆံပင်ရှည်ထားနိုင်ဖို့ကလည်း မလွယ်ပါဘူး။ အချိန်ကုန်တယ်၊ အလုပ်များတယ်၊ စိတ်ရှည်ရတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ လှတယ်လို့ ခံစားနေရရင်တော့ ဒါတွေက ပြဿနာမဟုတ်တော့ဘူးလေ။ ဆံပင်ရှည်လေးကလည်း အေးချမ်းတဲ့ဆွဲဆောင်မှုကို ဖြစ်ပေါ်လာစေတယ်။ ဒါပေမဲ့ ဒုက္ခတော့များမယ်။

၁။ နေရာတိုင်းမှာ ဆံပင်တွေ

thick-and-heavy-hair-can-be-difficult-1505233990.jpg 

ဆပ်ပြာခဲမှာ၊ ဘီးမှာ၊ ထမင်းစားပွဲက ဟင်းခွက်မှာ၊ ကြမ်းပြင်မှာ..... နေရာတိုင်းမှာ ကိုယ့်ဆံပင်တွေချည်းပဲ။ တံမြက်စည်းလှည်းရင် ဆံပင်ကျွတ်တွေဆိုတာ မနည်းဘူး။

၂။ ရေဆင်းပေါက်ပိတ်တယ်

ရေချိုးခန်းထဲက ရေဆင်းပေါက်မှာ ဆံပင်တွေနဲ့ပိတ်နေတာမျိုးလည်း ခဏခဏ ကြုံရတယ်။ အထဲမှာ ဆံပင်တွေက လုံးထွေးပြီး ပိတ်နေတော့ ရေက မဆင်းတော့ဘူးလေ။

၃။ မစည်းချင်ဘဲစည်းရတယ်

being-forced-to-wear-it-up-on-hot-days-1505233990.jpg 

ရာသီဥတုက အရမ်းပူလာပြီဆို ဆံပင်ကို စည်းရ၊ ထုံးရပြန်တယ်။ ကိုယ့်ဆံပင်လေး ဖြောင့်ထားလို့  ပုံမပျက်ချင်ပေမဲ့လည်း ပူတဲ့ဒဏ်မခံနိုင်တော့ စည်းလိုက်ရပြန်ရော။ ရှိုးပဲ့တာပေါ့နော်။

၄။ ဆံပင်ထူတဲ့ပါးတဲ့ပြဿနာ

ဆံပင်ထူလွန်းတော့လည်း ဖြီးသင်ရခက်၊ လျှော်ရင်ကြာ၊ ခေါင်းခြောက်ဖို့အချိန်ကြာတယ်။ ဆံပင်ပါးလွန်းပြန်တော့လည်း စိတ်ကျေနပ်စရာမကောင်း ...။ ဆံပင်သာရှည်တယ် ၊ ပါးပြီး အဖျားရှုးတော့ ဘယ်လိုလုပ်လှပါ့မတုန်း။

၅။ Lip Gloss ဆိုးလို့မရ

lip-gloss-is-a-challenge-1505233990.jpg 

နှုတ်ခမ်းနီဆိုးရင် Lip gloss နဲ့ လုံးဝ အဆင်မပြေဘူး။ ဆံပင်တွေ နှုတ်ခမ်းမှာ ကပ်ကုန်တာလေ။ ပြီးတော့ ပါးပေါ်ကို ဆံပင်တွေပြန်ကပ်တော့ နှုတ်ခမ်းနီတွေက ပါးမှာ၊ မျက်နှာမှာ အကုန်စွန်းကုန်ရော။

 

၆။ အချိန်ပေးရတယ်

အဆိုးဆုံးကတော့ အချိန်ကုန်တာပါပဲ။ ဂရုတစိုက် ဖြီးသင်ရတယ်၊ ထိန်းသိမ်းရတယ်လေ။

Source : List

Share

Loading Next Article...
က္က