ရှူးဖိနပ်စီးတတ်တဲ့သူတွေဟာ ခြေထောက်ဆီကို လေဝင်နိုင်ခြေနည်းပါးပြီး ခြေဆီထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ခြေထောက်ပေါ်မှာ ချွေးဂလင်းလေးတွေအများကြီးရှိတဲ့အတွက် ခြေဖဝါးချွေးထွက်ခြင်းကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် ရှူးဖိနပ်စီးတတ်တဲ့သူတွေဟာ ခြေထောက်ဆီကို လေဝင်နိုင်ခြေနည်းပါးပြီး ခြေဆီထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုနဲ့ မှိုနဲ့ ဘက်တီးရီးယားတွေလည်း ခိုအောင်းလာနိုင်ပြီး အနံ့ဆိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။

 

ခြေထောက်အနံ့ဆိုးထွက်ခြင်းဟာ လူသူထူထပ်တဲ့နေရာကိုရောက်ရင် တော်တော်ရှက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ခြေထောက်အနံ့ဆိုးတွေကို ပျောက်ကင်းစေတဲ့ နည်းလမ်းလေးတွေကတော့...

၁။ ရှာလကာရည်နဲ့စိမ်ပါ

02-apple-cider-vinegar-hiccups.jpg 

ရှာလကာရည် (၁) ဆ၊ ရေ (၂) ဆ ထည့်ထားတဲ့ ပုံတစ်ပုံးထဲမှာ ခြေထောက်နှစ်ပြီး စိမ်လိုက်ပါ။ ရှာလကာရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ဒီနေရာမှာ ပန်းသီးရှာလကာရည် (apple cider vinegar) ကိုလည်း အသုံးပြုနိုင်ပြီး ၎င်းကတော့ မှိုရောဂါတွေကိုပါ တိုက်ဖျက်ပေးနိုင်လို့ အနံ့ဆိုးတွေဖြစ်ပေါ်ခြင်းမှ တားဆီးပေးနိုင်ပါတယ်။

၂။ ဆားခါးနဲ့စိမ်ပါ

epsom-salt.jpg 

ရေနွေး (၈) ခွက်စာလောက် ထည့်ထားတဲ့ ရေပုံးတစ်ပုံးထဲကို ဆားခါး ခွက်ဝက်စာလောက်နဲ့ ရောလိုက်ပါ။ ပြီးရင် ခြေထောက်ကို မိနစ် (၃၀) လောက်စိမ်ပြီး အခြောက်ခံပေးထားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ခြေထောက်ကထွက်နေတဲ့ အနံ့ဆိုးတွေကို လျော့ပါးစေနိုင်ပြီး ခြေဖဝါးယားယံခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၃။ ဖိနပ်တစ်ရံတည်းကို အမြဲဝတ်ဆင်ခြင်း မပြုပါနဲ့

2015-10-27-shoes.jpg 

ဖိနပ်တစ်ရံတည်းကိုပဲ ထပ်ခါထပ်ခါဝတ်ဆင်မယ်ဆိုရင် ဖိနပ်အတွင်းပိုင်းထဲမှာရော၊ ခြေထောက်မှာပါ အနံ့ဆိုးတွေ စွဲကပ်နေနိုင်ပါတယ်။ ဒါကြောင့် ခြေအိတ်နဲ့ ဖိနပ်ကို အမြဲလဲလှယ်ပေးဖို့ မမေ့ပါနဲ့။ နောက်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဖိနပ်နဲ့ ခြေအိတ်တို့ကို ဝတ်ဆင်အသုံးပြုခြင်းကလည်း မမှားနိုင်ပါဘူး။

မင်းသားဝီလျံရဲ့ကြင်ယာတော် မင်းသမီး ကိတ်မစ်ဒယ်တန်မှာ တတိယမြောက် ကိုယ်ဝန်လွယ်ထား 

၄။ ဆဲလ်သေဖယ်ရှားပေးပါ

exfoliate.jpg.653x0_q80_crop-smart.jpg 

ခြေဖဝါးပေါ်က ဆဲလ်သေတွေကလည်း အနံ့ဆိုးတွေကို ထိန်းသိမ်းထားနိုင်ပါတယ်။ သဘာဝဆဲလ်သေ ဖယ်ရှားနည်းတွေကိုသုံးပြီး အရေပြားပေါ်က အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးမယ်ဆိုရင် ခြေထောက်အနံ့ဆိုးတွေကို ကင်းဝေးစေနိုင်မှာပါ။ ပြောင်းဖူးမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ရောလိုက်မယ်ဆိုရင် ခြေထောက်ပေါ်က အနံ့တွေကို ဖယ်ရှားနိုင်မယ့် ချေးချွတ်ဆေးလေးကို ရရှိစေနိုင်မှာပါ။

၅။ သံပုရာသီး

lemons-today-160201-tease_14449a20e69d323cf969cdeefa6aeea1.jpg 

ကြက်သီးနွေးရုံလောက်ရေနွေးဇလားတစ်လုံးထဲမှာ သံပုရာသီးတစ်လုံးကို စိမ်ထားလိုက်ပြီး ရလာတဲ့စိမ်ရည်ထဲမှာ ခြေထောက်ကို မိနစ် (၂၀) ခန့် စိမ်ထားပေးလိုက်ပါ။ သံပုရာသီးမှာ စစ်ထရစ်အက်ဆစ် ပါဝင်ပြီး ခြေထောက်အနံ့ဆိုးတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။

Source: youngisthan

 

Share

Loading Next Article...
က္က