မိန်းမပျိုလေးတွေအတွက်တော့ ချောမောလှပတဲ့ ခြေထောက်အစုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဂရုတစိုက်နဲ့ အရေပြားဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးဖို့လည်း လိုအပ်ပါတယ်။

ခြေထောက်တွေဟာ အသားမာတက်တာတို့၊ ကြမ်းတမ်းတာတို့ ဖြစ်လွယ်ပြီး ရှူးဖိနပ်ကို ရေရှည်စီးရင် ခြေထောက်က ကြမ်းတမ်းပြီး ညစ်ပတ်နေသလို ပုံပေါ်စေပါတယ်။ မိန်းမပျိုလေးတွေအတွက်တော့ ချောမောလှပတဲ့ ခြေထောက်အစုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဂရုတစိုက်နဲ့ အရေပြားဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးဖို့လည်း လိုအပ်ပါတယ်နော်။

မဒီလေးတို့အတွက် ချောမောလှပတဲ့ ခြေထောက်အစုံလေးကို ရရှိဖို့ဆိုတာ သိပ်ခက်ခဲလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူးနော်။ အဲဒီလိုလုပ်ဖို့အတွက် သဘာဝဆေးဝါးလေးတွေနဲ့ နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ဆားနဲ့ သံပုရာသီးပါပဲ။

ဆားကော၊ သံပုရာသီးကောဟာ နာမည်ကျော်ကြားတဲ့ အရေပြားနူးညံ့ဆေးတွေဖြစ်ပြီး မဒီလေးတို့ရဲ့ခြေထောက်ကို ကလေးလေး တစ်ယောက်ရဲ့ခြေထောက်လို နူးညံ့ပျောက်ပျောင်းအောင် ပြန်လည်ကုစားပေးနိုင်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတော့...

ပြုလုပ်နည်း

lemon-salt-918x482.jpg 

တကယ်လို့ ဆားနဲ့ သံပုရာသီးကို Food scrub (ခြေထောက်ချေးချွတ်ဆေး) အဖြစ် အသုံးပြုမယ်ဆိုရင်တော့ ပန်းကန်တစ်လုံးထဲမှာ ဆား (၃) ဇွန်းနဲ့ အုန်းဆီ (၂) ဇွန်းကို ရောထည့်လိုက်ပါ။ ပြီးရင်တော့ သံပုရာသီးတစ်လုံးကိုလည်း အရည်ညှစ်ထည့်လိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။ ဆေးမလိမ်းခင်မှာ ခြေထောက်ကို ကြက်သီးနွေးရုံလောက် ရေနွေးထဲမှာ (၁၀) မိနစ်ခန့် စိမ်ပေးထားလိုက်ပါ။ ပြီးရင် ခုနက ပြုလုပ်ထားတဲ့ ဆေးကိုသုံးပြီး ခြေထောက်ပေါ်က အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါပြီ။ ပြီးရင်တော့ လိုရှင်းလေးပြန်လိမ်းပေးလိုက်ပါဦး။

 

နောက်တစ်နည်းကတော့ ရေချိုးကန်တစ်ကန်ထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးတစ်ဝက်လောက်ဖြည့်လိုက်ပါ။ ပြီးရင် ပင်လယ်ဆား (သို့) ဆားခါး (၁/၂) ခွက်ကို ရေထဲရောထည့်ပေးလိုက်ပါ။ သံပုရာရည် (၁/၂) ခွက်နဲ့ နှစ်သက်ရာ essential oil (၄) (၅) စက်လောက်ကိုလည်း ရေထဲရောပေးလိုက်ပါ။ ပြီးရင်တော့ ရေထဲမှာ (၁၀) မိနစ်ခန့် ခြေထောက်ကို စိမ်ပေးလိုက်ပါ။ စိမ်နေရင်း ချေးတွန်းကျောက်လေးနဲ့ တွန်းပေးနေလို့လည်း ရပါတယ်။

See also 

ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ပါဝင်ပစ္စည်းတွေဖြစ်တဲ့ သံပုရာသီးနဲ့ဆားဟာ အလွယ်တကူရရှိနိုင်သလို ဈေးလည်းမကြီးပါဘူး။ ၎င်းဟာ အရေပြားကို ပျော့ပျောင်းစေသလို အရေပြားအကွဲကြောင်းတွေကိုလည်း ကုသပေးနိုင်ပါတယ်။ သံပုရာသီးမှာ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ဆားကတော့ ခြေထောက်နဲ့ ခြေသည်းကြားမှာရှိတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

Source: theindianspot

 

Share

Loading Next Article...
က္က