ရေမွှေးစွတ်ပြီဆိုရင် တစ်ခါစွတ်ပြီးတိုင်း တစ်နေ့တာလုံး မွှေးပျံ့နေစေချင်ကြတာဟာလည်း သဘာဝပါနော်။

ကိုယ်သင်းနံ့ကောင်းမွန်ခြင်းဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းရေး ကောင်းမွန်ခြင်းနဲ့လည်း တိုက်ရိုက်ဆက်စပ် နေတယ်လို့ အထင်ရှိကြပါတယ်။ ဒါကြောင့်လည်း ကိုယ်သင်းနံ့ကောင်းမွန်စေဖို့အတွက် ရေမွှေးစွတ်ကြရတာပါ။ ရေမွှေးစွတ်ပြီဆိုရင် တစ်ခါစွတ်ပြီးတိုင်း တစ်နေ့တာလုံး မွှေးပျံ့နေစေချင်ကြတာဟာလည်း သဘာဝပါနော်။

 

တကယ်တမ်းကျတော့ ရေမွှေးကို တာရှည်ခံအောင်စွတ်ဖို့ဆိုတာ နည်းလမ်းသိရင် ဘာမှမခက်ခဲပါဘူး။ အောက်မှာဖော်ပြထားတာက ရေမွှေးကို တာရှည်ခံအောင်စွတ်နည်းလေးတွေပါပဲ။

၁။ moisturizer သုံးပါ

03-dry-dermatologists-rules-for-using-moisturizer-5812090-gvictoria.jpg 

အမွှေးနံ့ပါတဲ့ moisturizer ပဲဖြစ်ဖြစ်၊ အမွှေးနံ့မပါတဲ့ moisturizer ပဲဖြစ်ဖြစ် မိမိနှစ်သက်ရာ moisturizer ကိုသုံးပြီး ခန္ဓာကိုယ်အစိုဓာတ် ထိန်းသိမ်းဖို့က အထူးလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အစိုဓာတ်များပြားလေလေ၊ ရေမွှေးစွတ်လိုက်တဲ့အခါ အမွှေးနံ့က ကိုယ်ပေါ်မှာကြာကြာစွဲလေပါပဲ။

Moisturizer သုံးရခြင်းရဲ့သဘောကိုက အရေပြားပေါ်မှာ ရေဓာတ်တွေ ဆုံးရှုံးမသွားရလေအောင် ထိန်းသိမ်းပေးဖို့ဆိုတော့ ရေမွှေးထဲက အမွှေးနံ့ပေးတဲ့ မော်လီကျူးလေးတွေကိုလည်း အငွေ့ပျံမသွားအောင် ထိန်းထားပေးနိုင်မှာပါ။

၂။ ဆံပင်ကိုရေမွှေးဖြန်းပေးပါ

3767.jpg 

ရေမွှေးစွတ်ပြီဆိုရင် ဆံပင်ကိုလည်း စွတ်ပေးသင့်ပါတယ်။ တချို့ကတော့ ဆံပင်ပေါ်မှာ ဆံပင်အလှကုန်ပစ္စည်းတွေပဲ သုံးသင့်တယ်လို့ထင်ကြပေမယ့် ဆံပင်ကို ရေမွှေးစွတ်ပေးခြင်းကလည်း အကြံကောင်းတစ်ခုပါပဲ။

ဆံသားလေးတွေကြားမှာ ရေမွှေးမော်လီကျူးလေးတွေ ခိုအောင်းနေပြီဆိုရင် တစ်နေ့တာလုံး မွှေးရနံ့ကို ထိန်းသိမ်းပေးထားနိုင်မှာပါ။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်မှု များပြားတဲ့ ရေမွှေးတွေကတော့ ဆံသားကို ခြောက်သွေ့စေနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

၃။ ချွေးနံ့ပျောက်ဆေးကိုလည်း ဆက်သုံးပါ

woman-deodorant.jpg 

တချို့မိန်းကလေးတွေက ချွေးနံ့ပျောက်ဆေးတွေသုံးရင် ရေမွှေးနံ့နဲ့သွားရောမှာကို စိတ်ပူတတ်ကြပါတယ်။ အမှန်တော့ အဲဒါကို စိတ်ပူစရာမလိုပါဘူး။ ပုံမှန်သုံးနေကျ ချိုင်းချွေးနံ့ပျောက်ဆေးကို ဆက်သုံးနေပေမယ့် ရေမွှေးနံ့ကတော့ ကိုယ်ပေါ်မှာကောင်းကောင်းစွဲနေဦးမှာပါ။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ ဖိအားဆုံမှတ်တွေမှာ ရေမွှေးစွတ်ပေးပါ

69189_4Dont-rub-or-dab-your-wrist-after-youve-applied-perfume.jpg 

ခန္ဓာကိုယ်ပေါ်မှာ ဖိအားဆုံမှတ် (pressure point) လု့ိခေါ်တဲ့နေရာလေးတွေ ရှိနေပါသေးတယ်။ အဲဒီနေရာ လေးတွေကနေ အပူထုတ်လွှတ်ပေးနိုင်ပြီး အမွှေးနံ့ ကိုယ်ပေါ်မှာပိုစွဲအောင် ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးစွတ်ပြီဆိုရင် အဲဒီဖိအားဆုံမှတ်နေရာလေးတွေကိုလည်း စွတ်ပေးဖို့ မမေ့သင့်ပါဘူး။

အထူးသဖြင့် တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ နားနောက်ဘက်၊ တံတောင်ဆစ်အတွင်းပိုင်းနဲ့ ဒူးအနောက်ဖက်တို့ကို ရေမွှေးသေချာစွတ်ပေးသင့်ပါတယ်။

၅။ အမွှေးနံ့တူအောင် သုံးသင့်ပါတယ်

perfume_feat_0.jpg 

ရေချိုးတဲ့အခါ သုံးတဲ့ဆပ်ပြာတို့၊ ရေချိုးပြီးလိမ်းတဲ့ လိုးရှင်းတို့ကို အနံ့စူးတဲ့ပစ္စည်းတွေ သွားသုံးရင် ရေမွှေးနံ့မှာ သွားပြီး အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်သုံးချင်တဲ့ ရေမွှေးက မက်မွန်သီးနံ့ယဉ်ယဉ်လေး.... ကိုယ်သုံးနေတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေက စူးရှရှအနံ့ကြီးထွက်နေရင်လည်း ဘယ်လိုမှလိုက်ဖက်ညီမှာ မဟုတ်ပါဘူး။

မိမိသုံးတဲ့ရေမွှေးနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို တတ်နိုင်သမျှ အမွှေးနံ့ချင်းဆင်အောင် ထားသုံးသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ရေချိုးခန်းသုံးပစ္စည်းတွေကို လုံးဝအမွှေးနံ့မပါအောင် ဂရုစိုက်သင့်ပါတယ်။

၆။ ရေချိုးဆပ်ပြာဆီကို အောက်ခံအဖြစ်ထားသုံးပါ

lushgel.jpg 

ရေချိုးဆပ်ပြာဆီ (shower gel) က တခြားခရင်မ်တွေ၊ လိုးရှင်းတွေထက် အနံ့ပိုစွဲအောင်ထိန်းထားပေးနိုင်ပါတယ်။ နောက်ပြီး ရေချိုးဆပ်ပြာဆီတွေမှာလည်း သူတို့ကိုယ်ပိုင်အနံ့တွေရှိပြီး အဲဒီအနံ့တွေဟာ ရေမွှေးနံ့နဲ့အတူ ရောသွားပြီး မွှေးရနံ့လေး တာရှည်ခံနေအောင် ကူညီပေးမှာပါ။ ဒါကြောင့် ရေချိုးဆပ်ပြာဆီကို အောက်ခံအဖြစ်သုံးပြီး မွှေးရနံ့ကို တာရှည်ခံအောင် ဖန်တီးယူလိုက်ပါ။

Source: theindianspot

 

Share

Loading Next Article...
က္က