အော်စကာနဲ့ ရွှေကမ္ဘာလုံးပြီးရင် အမ်မီဆုဆိုတာလည်း အရေးပါတဲ့ဆုပေးပွဲကြီးပါပဲ။

၆၉ ကြိမ်မြောက် Emmy ဆုပေးပွဲကို စက်တင်ဘာ ၁၇ ရက်က လော့စ် အန်ဂျလိစ်မှာ ကျင်းပခဲ့ပြီးပါပြီ။ ပွဲတက်ဖက်ရှင်တွေထဲက အလှဆုံးတွေကို ရွေးထုတ်ခဲ့ပြီးတာမို့ ခုတစ်ခါမှာလည်း ဂွမ်းဖက်ရှင်တွေကို ကြည့်လိုက်ရအောင်လား။

 

13 Reasons Why သရုပ်ဆောင် Ajiona Alexus ရဲ့ ဝတ်စုံကတော့ ခပ်ဆန်းဆန်းပဲ။ ဆန်းလွန်းတော့လည်း မျက်စိထဲရှုပ်နေသွားရော။ တကယ်ဆိုရင် ကော်ဇော်နီဖက်ရှင်အတွက် ဒီ့ထက်ပိုပြီး ကျော့ရှင်းသင့်တယ်။

see also 

 

Thor : Ragnarok မှာ ပါဝင်ခဲ့တဲ့ Tessa Thompson ကို မြင်လိုက်ရတာ ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတဲ့ ရွှေပိုးကောင်ဆိုတာကိုတောင် သတိရသွားတယ်။ အဲ့လိုပဲ ရောင်စုံတောက်နေတာ။ ဝတ်စုံချုပ်လိုက်တော့ ပြောင်လက်လက်ကြီးဖြစ်သွားတယ်။ ဒါကို အင်္ဂလန်မီဒီယာတွေကတော့ ဂွမ်းတယ်လို့ မှတ်ချက်ချနေကြလေရဲ့။

 

Will and Grace ဇာတ်လမ်းရဲ့ သရုပ်ဆောင် Debra Messing ရဲ့ ဝတ်စုံက ပုံထဲမှာတော့ လှသလိုလိုပဲ။ တကယ်တမ်းက တစ်ထည်လုံးကို ပလတ်စတစ်နဲ့ ချုပ်ထားတာတဲ့။ အပြင်မှာ တော်တော်ကြည့်ရဆိုးတယ်လို့ရေးနေကြတယ်။

 

ှSarah Hyland ရဲ့ ဝတ်စုံလေးက လှသားနဲ့နော်။ ဖြစ်ချင်တော့ သူ့ရဲ့အောက်ခံဘောင်းဘီအမည်းရောင်က စကတ်အပြင်ကိုထွက်နေတာ။ ဓာတ်ပုံရိုက်ခံနေရင်းနဲ့မှ အတွင်းခံဘောင်းဘီပေါ်နေတာသိပြီး ရှက်သွားတဲ့ပုံလေး။

 

Ariel Winter ရဲ့ဝတ်စုံက မလှတာတော့မဟုတ်ဘူး။ သူမနဲ့ မလိုက်ဖက်တာလို့ ပြောရမယ်။ ပိန်ပိန်သွယ်သွယ် ခြေတံရှည်ရှည်လေးတွေနဲ့မှ လိုက်ဖက်မယ့် ဝတ်စုံကို သူက ဝတ်ထားတာကိုး။

Photos : Daily Mail

Share

Loading Next Article...
က္က