သာမာန်အချိန်ဆိုးဖို့ရယ်၊ ပွဲတက်ဖို့ရယ် အရောင် ၄ မျိုးစီ ရွေးပေးမယ်နော်။

ပျိုမေလေးတို့ရေ နှုတ်ခမ်းနီဆိုးရတာ နှစ်သက်ပါရဲ့လားနော်။ မိတ်ကပ်မကြိုက်ဘူးဆိုရင်တောင် နှုတ်ခမ်းနီလေး နှစ်ရောင်လောက်တော့ ဆောင်ထားသင့်တယ်သိလား။ နေ့စဉ်သုံးဖို့တစ်ရောင်ရယ်၊ ပွဲတက်မယ့်အရောင်ရယ်ပေါ့။ ဘယ်လိုအရောင် ရွေးရမလဲ ဆိုတာကိုတော့ မဒီက ပြောပြပါ့မယ်နော်။



 

အသားဖြူတဲ့ ပျိုမေလေးတွေက ပန်းနုရောင်၊ ညိုဝါရောင် နှုတ်ခမ်းနီလေးတွေကို ဆိုးမယ်ဆိုရင် သဘာဝကျကျနဲ့ ကျန်းမာသွက်လက်တဲ့ပုံစံလေးဖြစ်နေမှာပါနော်။ ပွဲသွားပွဲလာအတွက်ဆိုရင်တော့ မက်မွန်သီးရောင်အဖျော့နဲ့ ရွှေညိုရောင် (golden brown) တို့ကို ရွေးလိုက်ပါ။ ဒီအရောင်တွေက တော်ရုံလူနဲ့မလိုက်ဘဲ အသားဖြူသူတွေနဲ့သာ လိုက်တာမို့ ကိုယ့်အလှက ပေါ်လွင်နေမှာ အသေအချာပါပဲ။

 

အသားသိပ်မဖြူပေမဲ့ အသားဖြူတဲ့ဘက်သမ်းတဲ့ အသားလတ်လတ် ပျိုမေလေးတွေကတော့ medium pink (ပန်းရောင်) နဲ့ လိမ္မော်သမ်းတဲ့ မက်မွန်သီးရောင်တို့ဟာ နေ့စဉ်အသုံးပြုမယ့် နှုတ်ခမ်းနီရောင်တွေအဖြစ် ရွေးသင့်ပါတယ်။ ပွဲတက်ဖို့ဆိုရင်တော့ အနီရောင်နဲ့ မက်မွန်သီးရောင်ကို ရွေးတာက ပျိုမေလေးတို့ကို အလှဆုံးဖြစ်စေမှာပါ။

 

သံလွင်သီးရောင်အသားအရောင်ဆိုတာ အာရှသူတွေဆီမှာပဲ သဘာဝအတိုင်းတွေ့ရတာ။ အနောက်နိုင်ငံသူတွေဆို အဲ့ဒီအသားအရောင်ကို လိုချင်လွန်းလို့ကို နေပူဒဏ်တွေခံပြီးတော့ကို လုပ်ယူတာ။ အဲ့လိုအသားအရောင်ပိုင်ရှင်လေးကတော့ နှင်းဆီရင့်ရောင်၊ ဘယ်ရီသီးရောင်တို့နဲ့ လိုက်ဖက်ပါတယ်။ ပွဲသွားပွဲလာနဲ့ ထူးထူးခြားခြား လှချင်ရင်တော့ အနီရင့်ရင့်နဲ့ မက်မွန်သီးရင့်ရင့်အရောင်တို့ကို ရွေးချယ်လိုက်ပါနော်။

 

အသားညိုတဲ့ ပျိုမေလေးတွေအတွက်တော့ နီညိုရောင်နဲ့ ဘယ်ရီသီးရင့်ရောင်တို့ဟာ နေ့စဉ်အသုံးပြုသင့်တဲ့ နှုတ်ခမ်းနီရောင်တွေပါနော်။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်တွေပေါ့။ ချိန်းထားတာရှိလို့၊ ပွဲတက်မလို့ ဆိုရင်တော့ ပန်းခရမ်းရောင်နဲ့ ပုံထဲမှာ ဘီယွန်းဆေး ဆိုးထားတဲ့ Golden beige အရောင်တို့ဟာ ပျိုမေလေးကို ရဲဝံ့ထက်မြက်တဲ့ မိန်းကလေးတစ်ဦးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါလိမ့်မယ်နော်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က