ဘယ်သူမဆို ကိုယ်ဆွတ်တ်ထားတဲ့ရေမွှေးလေးက တစ်နေကုန်မွှေးကြိုင်နေမှာကိုပဲ လိုလားကြမှာပါ။

တန်ဖိုးကြီးရေမွှေးတွေကို ဈေးကြီးပေးဝယ်ထားပြီး ထိရောက်မှုမရှိရင် ဘာလုပ်မှာလဲနော်။ ဘယ်သူမဆို ကိုယ်ဆွတ်ထားတဲ့ရေမွှေးလေးက တစ်နေကုန်မွှေးကြိုင်နေမှာကိုပဲ လိုလားကြမှာပါ။ ဒါဆိုရင်တော့ ရေမွှေးဆွတ်ရာမှာ မှားတတ်တဲ့ အမှားလေးတွေကို သိထားဖို့လည်း လိုအပ်လိမ့်မယ်နော်။

 

၁။ တစ်ကိုယ်လုံးကို ဖျန်းတယ်

rose_jam_body_spray_2.jpg 

စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "အနမ်းခံလိုတဲ့နေရာမှာ ရေမွှေးစွတ်ပါတဲ့" ဒီလိုမဟုတ်ဘဲ တစ်ကိုယ်လုံး ရေမွှေးကို လျှောက်ဖြန်းမယ်ဆိုရင် ရေမွှေးတွေဟာ လေထုထဲကို ပျောက်ကွယ်သွားပြီး အလဟဿဖြစ်သွားမှာပါ။

အနမ်းခံလိုတဲ့နေရာမှာ ရေမွှေးဆွတ်ပါဆိုတာကတော့ လက်ကောက်ဝတ်လိုမျိုး သွေးကြောဆုံမှတ်နေရာမျိုးမှာ ရေမွှေးဆွတ်ခိုင်းတာပါ။ အဲဒီလိုနေရာမျိုးတွေဟာ ရေမွှေးပိုစွဲလွယ်ပြီး တစ်နေကုန် သင်းပျံ့တဲ့ရနံ့လေး ပျံ့လွှင့်နေအောင် ကူညီပေးနိုင်ပါတယ်။

၂။ အဝတ်အစားတွေကို ရေမွှေးဆွတ်တယ်

ရေမွှေးတိုင်းလိုလိုမှာ ဆီပါဝင်မှုရှိပြီး အဝတ်အစားပေါ်မှာ ဆွတ်လိုက်ရင် မြန်မြန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီရေမွှေးတွေက အဝတ်အထည်တွေပေါ်မှာ စွန်းထင်းမှုတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဂရုစိုက်သင့်ပါတယ်။

၃။ Moisturizer အရင်မလိမ်းမိဘူး

04-moisturizer-shutterstock_417433882-Dean-Drobot-1024x683.jpg 

တကယ်လို့ sisတို့ရဲ့အရေပြားလေးက ခြောက်သွေ့နေမယ်ဆိုရင် ရေမွှေးနံ့က ကိုယ်ပေါ်မှာ ကြာကြာစွဲမှာ မဟုတ်ပါဘူး။ နောက်ပြီး အနံ့ကလည်း ပိုပြီး မြန်မြန်ပြယ်သွားမှာပါ။ ရေမိုးချိုးပြီးတာနဲ့ moisturizer သုံးခြင်းက ရေမွှေးနံ့ တစ်နေကုန်ခံစေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

နောက်တစ်နည်းကတော့ ရေမွှေးနံ့နဲ့ အနံ့ဆင်တဲ့ လိုးရှင်းတစ်ခုခုကိုဝယ်ပြီး ရေမွှေးမဆွတ်ခင် လိမ်းပေးထားတာကလည်း ရေမွှေးနံ့ကို ပိုပြီး အားကောင်းစေပါတယ်။

See Also: 

၄။ ရေမွှေးကို အရေပြားပေါ်မှာ လိမ်းတယ်

69189_4Dont-rub-or-dab-your-wrist-after-youve-applied-perfume.jpg 

ရေမွှေးဆိုတာ ပရုတ်ဆီမဟုတ်တဲ့အတွက် အသားထဲစိမ့်ဝင်သွားအောင် လိမ်းပေးဖို့မလိုပါဘူး။ အနံ့စွဲစေချင်တယ် ဆိုရင် ရေမွှေးလေးတစ်စက်လောက်ကို လက်ကောက်ဝတ်ပေါ်မှာတင်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကို အသာလေးပွတ်ပေးရင်ရပါပြီ။ ဒီနည်းနဲ့ အရေပြားယားယံမှုကို ရှောင်ရှားနိုင်ပြီး ရေမွှေးနံ့ကိုလည်း ပိုပြီး ကြာကြာခံစေပါတယ်။

၅။ ရေမွှေးကို ဆံပင်ပေါ်မှာ ဒဲ့ဖျန်းမယ်

21615990-e751-40ab-a809-633115dd7141.jpg 

တစ်ကိုယ်လုံးကို ရေမွှေးဖျန်းတုန်းကလိုပါပဲ။ မိမိဆံပင်လေး မွှေးနေစေချင်တယ်ဆိုရင် ရေမွှေးကို ဆံပင်ပေါ်မှာ တိုက်ရိုက်မဖျန်းသင့်ပါဘူး။ လေထဲမှာ အလဟဿဖြစ်သွားစေနိုင်သလို ဦးရေပြားပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့့် ဆံပင်ပေါ်မှာ ရေမွှေးနံ့လေး စွဲနေစေချင်တယ်ဆိုရင် အရင်ဆုံး ဆံပင်ဘရပ်ချ် (ခေါင်းဘီး) ပေါ်မှာ ရေမွှေးနည်းနည်းစွတ်ပြီးမှ ခေါင်းဖြီးပေးလိုက်ပါ။

နောက်တစ်ခုက ဆံပင်အတိုအရှည်နဲ့လည်း ဆိုင်ပါသေးတယ်။ ဆံပင်တိုတဲ့သူတွေဆို ထိပ်ပိုင်းမှာဖြီးပေးပြီး ဆံပင်ရှည်တဲ့သူတွေကတော့ အောက်ပိုင်းကို ဖြီးပေးပါ။

၆။ ရေမွှေးပြန်ဆွတ်ဖို့မေ့တယ်

shutterstock_33304711.jpg 

ရေဓာတ်ဘယ်လောက်လိုအပ်လဲ ဆိုတာပေါ်မူတည်ပြီး၊ နေထိုင်လှုပ်ရှားပုံနဲ့ အလုပ်ဘယ်လောက်ရှုပ်တယ် ဆိုတာပေါ် မူတည်ကာ မိမိရေမွှေးပြန်ဆွတ်ပေးဖို့ လိုမယ့်အချိန်ကို ခန့်မှန်းထားသင့်ပါတယ်။ တစ်နည်းအားဖြင့် ရေမွှေးဆွတ်ပြီး (၄) နာရီဝန်းကျင်လောက်မှာ နောက်တစ်ကြိမ်ပြန်ဆွတ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ပြင်ပအရာဝတ္ထုတွေနဲ့ ထိတွေ့မှုများလေလေ၊ ရေမွှေးနံ့ပျယ်သွားဖို့ ဖြစ်နိုင်ခြေ များလေလေပါပဲ။

Source: alux

 

Share

Loading Next Article...
က္က