မဒီတို့ငယ်ငယ်က အသည်းစွဲဖြစ်ခဲ့ရတဲ့ စူပါမော်ဒယ်ကြီးတွေကို တစ်စုတစ်စည်းတည်း ပြန်တွေ့လိုက်ရပါတယ်။

ယခုသီတင်းပတ်အတွင်းမှာပဲ Spring Fashion Show တွေကို ဖက်ရှင်မြို့တော် မီလန်မှာ စတင် မြင်တွေ့လာရပါပြီ။ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ဖက်ရှင်သစ်တွေကို အသီးသီး မိတ်ဆက်နေကြရာမှာ Versace လည်း အပါအဝင်ပါပဲ။

 

Versace အမှတ်တံဆိပ်ရဲ့ Spring 2018 collection ဖက်ရှင်ရှိုးမှာတော့ မဒီတို့ငယ်ငယ်က အသည်းစွဲဖြစ်ခဲ့ရတဲ့ စူပါမော်ဒယ်ကြီးတွေကို တစ်စုတစ်စည်းတည်း ပြန်တွေ့လိုက်ရပါတယ်။

see also 

 

၁၉၉၀ ပြည့်နှစ် ကာလတွေက ဖက်ရှင်လောကကို လွှမ်းမိုးထားခဲ့တဲ့ စူပါမော်ဒယ်ကြီးတွေဖြစ်တဲ့ စင်ဒီကရော့ဖို့ဒ်၊ နာအိုမီ ကမ့်ဘဲလ်၊ ကလော်ဒီယာ ရှစ်ဖာ၊ ဟယ်လန်နာ ခရစ္စတန်ဆန်နဲ့ ကာလာ ဘရူနီတို့ကို ပြန်လည်တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ တကယ့် မော်ဒယ်မိခင်ကြီးတွေပဲမဟုတ်လား။

 

ခုချိန်ထိအောင် အလှမပျက်၊ အောင်မြင်ကျော်ကြားနေကြတဲ့ မော်ဒယ်ကြီးတွေဟာ Versace ရဲ့ လျှောက်လမ်းပေါ်မှာ အရောင်တူ ဝတ်ဆင်ပြီး လျှောက်ခဲ့ကြပါတယ်။ ဒီရှိုးပွဲမှာ ၁၉၉၀ ပြည့်နှစ်ရဲ့ အကျော်ကြားဆုံးမော်ဒယ်တွေအပြင် လက်ရှိမော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့ ဂျီဂျီဟက်ဒီး၊ စင်ဒီကရော့ဖို့ဒ်ရဲ့သမီးလေး ကိုင်ရာ ဂါဘာတို့အပြင် အခြား နာမည်ကျော်မော်ဒယ်တွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ခဲ့ရပါတယ်။

 

Catwalk လျှောက်လမ်းထက်မှာ တစ်ယောက်လက်တစ်ယောက်ချိတ်ပြီး ကျော့ကျော့မော့မော့ လှမ်းလာပုံဟာ ပရိသတ်တွေကို အသည်းဘဝင်ခိုက်သွားစေတဲ့ အခိုက်အတန့်ပါပဲ။ သူတို့တွေကို ခုလိုမျိုး တစ်နေရာတည်းမှာ အတူတူမြင်ရဖို့ဆိုတာ သိပ်ခက်ပါတယ်။ အကုန်လုံးက အသက် ၄၀ ကျော်နေကြပြီ ဆိုပေမဲ့ ခုချိန်ထိအောင် ဆွဲဆောင်မှုတွေ အပြည့် ရှိနေကြဆဲပါပဲ။

Source : Vogue

Share

Loading Next Article...
က္က