မိတ်ကပ်လိမ်းပြီဆိုရင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းကိရိယာတွေကို သေချာပြန်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။

ဒီခေတ်ကြီးမှာ မိတ်ကပ်မလိမ်းတဲ့ မိန်းကလေးရှိမယ်မထင်ပါဘူး။ မိတ်ကပ်လိမ်းပြီဆိုရင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းကိရိယာတွေကို သေချာပြန်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြန်မဆေးပေးနိုင်ဘူးဆိုရင် မိက်ကပ်ပစ္စည်းတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညိလာနိုင်ပြီး ပြန်သုံးတဲ့အချိန်မှာ မျက်နှာပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ စွဲကပ်စေမှာပါ။

 

အဲဒီကနေ ဝက်ခြံတို့၊ မှဲ့ခြောက်တို့၊ ဆားဝက်ခြံတို့ ပေါက်လာစေနိုင်ပြီး မျက်နှာအရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဈေးကွက်ထဲမှာလည်း မိတ်ကပ်ဘရပ်ချ်ဆေးတဲ့ သန့်စင်ဆေးတွေ ဝယ်ယူလို့ရနိုင်ပေမယ့် အိမ်မှာ ကိုယ့်ဖာသာကိုယ်လုပ်လည်း ရပါတယ်။

ရှာလကာရည်အကြည်ဟာ ဘရပ်ချ်နဲ့ တခြားမိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေပေါ်မှာ ကပ်ညိနေနိုင်တဲ့ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို ရှင်းလင်းပေးနိုင်တဲ့ သဘာဝ ဘက်တီးရီးယားနဲ့ မှိုရောဂါ ဆန့်ကျင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ရှာလကာရည်ဟာ အရေပြား၊ ဆံပင်နဲ့ အဝတ်အထည်တွေမှာ အသုံးပြုနိုင်တဲ့ သန့်ရှင်းရေး ပစ္စည်းကောင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

၁။ အောက်ခံမိတ်ကပ်လိမ်းတဲ့ဖော့ (Foundation sponge)

makeup-make-up-foundation-sponge-blender-blending-puff-flawlesspowder-smooth-beauty-nw-1453968328-3493968-1.jpg 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ရေနည်းနည်းထည့်ပြီး ခေါင်းလျှော်ရည်နည်းနည်း ရောပေးလိုက်ပါ။ ပြီးရင် ရှာလကာရည်အကြည်အနည်းငယ်ကိုလည်း ထည့့်ပေးလိုက်ပြီး foundation sponge ကို (၅) မိနစ်ခန့် ထည့်စိမ်ပေးလိုက်ပါ။ ပြီးရင် ဖော့ကို လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပွတ်ပြီး ရေပြန်ညှစ်ပေးလိုက်ပါ။ ပြီးရင် ရေသန့်သန့်ထဲမှာ နောက်ထပ် (၅) မိနစ်လောက် စိမ်ပေးလိုက်ပြီး ရေညှစ်ပေးလိုက်ပါဦး။

See Also: 

၂။ မျက်တောင်ကော့တံ

0347994_l.jpg 

ပန်းကန်လုံးတစ်လုံးထဲမှာ ရေခွက်ဝက်ခန့်ရယ်၊ ရှာလကာရည် (၄) ပုံ (၁) ပုံရယ်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ ဆပ်ပြာရည်အနည်းငယ်ကို ရောထည့်လိုက်ပါ။ မွှေပြီးရင် ဂွမ်းစလေးနဲ့တို့ပြီး မျက်တောင်ကော့တံံကို သေချာပွတ်တိုက်ဆေးကြောပေးလိုက်ပါ။

၃။ မိတ်ကပ်ဘရပ်ချ်

201511191059133848.jpg 

ပန်းကန်လုံးတစ်လုံးထဲမှာ ရေတစ်ခွက်စာနဲ့ မုန့်ဖုတ်ဆိုဒါမှုန့် လက်ဖက်ရည် (၁) ဇွန်းစာကို ရောထည့်ပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါပျော်သွားတဲ့အထိ မွှေပေးလိုက်ပြီးမှ ဆပ်ပြာရည် လက်ဖက်ရည် (၂) ဇွန်း၊ အုန်းဆီအနည်းငယ်၊ ရှာလကာရည် (၁) ခွက်တို့နဲ့လည်း ရောပေးလိုက်ပါဦး။

ပြီးရင် မိတ်ကပ်လိမ်းတဲ့ ဘရပ်ချ်လေးတွေကို ရလာတဲ့ ပျော်ရည်ထဲမှာ (၁) နာရီလောက် စိမ်ပေးထားလိုက်ပါ။ ပြီးရင်တော့ ဘရပ်ချ်မျှင်တံလေးတွေကို လက်သည်းတွေ ခြစ်ထုတ်ပေးပြီး ရေသန့်သန့်နဲ့ တစ်ထပ်ပြန်စိမ်ပေးလိုက်ပါ။ (၅) မိနစ်လောက်ကြာရင် အခြောက်ခံပေးနိုင်ပါပြီ။

Source: theindianspot

 

Share

Loading Next Article...
က္က