လက်သည်းအလှဆင်ခြင်း (manicure) ဆိုတာ မိန်းကလေးတိုင်းလိုလို စိတ်ဝင်စားကြမှာပါနော်။ မိမိတို့ရဲ့ ရှည်လျားသွယ်လျတဲ့ လက်ချောင်းရှည်လေးတွေရဲ့ ထိပ်ဖျားမှာ အရောင်လေးတွေ မျိုးစုံနဲ့ ဘောင်ကွပ်စီချယ် ထားရတာကိုက ပျော်ရွှင်မှုတစ်ခုပါ။

 

ဒါပေမယ့် လက်သည်းဆိုးဆေးဆိုးထားပြီး မကြာခင်မှာပဲ လက်သည်းဆိုးဆေးလေးတွေ ကျွတ်သွားတာကိုတော့ မုန်းတီးကြမှာပါပဲ။ ဒါဆိုရင်တော့ မဒီလေးတို့ရဲ့လက်သည်းလေးတွေပေါ်မှာ လက်သည်းဆိုးဆေးတွေ ပိုမိုတာရှည်ခံနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်သည်းနီဖျက်ဆေးသုံးမယ်

86066851-56a1331a5f9b58b7d0bcf97d.jpg

လက်သည်းမဆိုးခင် လက်သည်းနီဖျက်ဆေးကို အရင်သုံးပေးခြင်းက လက်သည်းနီလေးတွေကို လက်သည်းတွေပေါ်မှာ ပိုကြာကြာခံစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းနီဖျက်ဆေးက လက်သည်းတွေပေါ်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်လို့ပါပဲ။ လက်သည်းပေါ်က အဆီတွေကို ဖယ်ရှားပေးပြီးတဲ့အခါမှာ လက်သည်းဆိုးဆေးလေးတွေကလည်း ပိုမိုတာရှည်ခံလာပါတယ်။

၂။ လက်သည်းဆိုးဆေးအကောင်းစားကို ရွေးချယ်ပါ

အပေါစားလက်သည်းဆိုးဆေးတွေက တာရှည်မခံသလို လက်သည်းကိုလည်း ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းကျန်းမာရေးအတွက်ကော၊ လက်သည်းဆိုးဆေးလေးတွေ ပိုမိုတာရှည်ခံစေဖို့အတွက်ပါ တန်ဖိုးကြီးပြီး အရည်အသွေးကောင်းမွန်တဲ့ လက်သည်းဆိုးဆေးတွေကိုသာ ရွေးချယ်သင့်ပါတယ်။

၃။ ပါးပါးလေးဆိုးပါ

iStock_000004921530_Medium.jpg 

တချို့က လက်သည်းဆိုးဆေး ဆိုးရင် ထူထူသုတ်မှ တာရှည်ခံမယ်ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ လက်သည်းဆိုးဆေးကို မလိုအပ်ဘဲ အထူကြီးဆိုးခြင်းက လက်သည်းကို သွယ်ဝိုက်သောနည်းနဲ့ ထိခိုက်စေပါတယ်။ ဒါကြောင့်် ပါးပါးလေးနဲ့ ကြာကြာခံအောင် ဆိုးလည်းရပါတယ်။

See also: 

၄။ နှစ်ထပ်ဆိုးပါ

တချို့ကကျတော့ ဆိုးဆေးပါးပါးလေး တစ်ထပ်တည်းဆိုးရုံနဲ့ အဆင်ပြေကြပါဘူး။ အဲဒီလိုအခါမျိုးမှာ အပေါ်က ဆိုးဆေးပါးပါးလေးပေါ်မှာ နောက်ထပ် ပါးပါးလေးတစ်လွှာ ထပ်ဆိုးပေးလိုက်ပါ။ ဒါဆိုရင် အရမ်းကြီးလည်း ရုပ်မဆိုးတော့သလို တာရှည်လည်းခံစေမှာပါ။

၅။ လက်သည်းဆိုးဆေးကို သေချာအခြောက်ခံပါ

glamour_heres-how-to-get-the-hottest-nail-trend-of-2016.jpg 

လက်သည်းဆိုးဆေး ဆိုးပြီးရင် တစ်ခုသတိထားရမှာက စိတ်ရှည်ဖို့ပါ။ ဆိုးနေချိန်မှာ စိတ်ရှည်ဖို့လိုသလို ဆိုးပြီးချိန်မှာလည်း စိတ်ရှည်ရှည်နဲ့ ခြောက်သွေ့သည်အထိ စောင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ လက်သည်းလေးက မိမိလိုချင်တဲ့အတိုင်း ဟန်ချက်ညီညီနဲ့ လှပနေမှာပါ။

၆။ Cuticle oil သုံးပါ

ဈေးကွက်ထဲမှာ cuticle oil (လက်သည်းပန်းကုံးကို လိမ်းပေးရတဲ့အဆီ) တစ်မျိုးရှိပါတယ်။ အဲဒီအဆီကို လက်သည်းပန်းကုံးလေးတွေပေါ်မှာ လိမ်းထားပေးခြင်းကလည်း လက်သည်းဆိုးဆေး အရောင်ကို ပိုမိုတာရှည်ခံစေပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က