Step up 3 ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်လိုပါပဲ။ "အကဟာ ငါတို့ရဲ့လက်နက်ဆိုရင် ဖိနပ်အကောင်းစားတစ်ရံဟာ ငါတို့ရဲ့သံချပ်ကာဝတ်စုံပါပဲ" တဲ့။

လက်ထဲမှာ ပိုက်ဆံ ဒေါ်လာ (၂၀၀၀၀) ရှိတယ်ဆိုပါစို့။ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖိနပ်ကြိုးနဲ့ မိမိရဲ့ Air Force One ဖိနပ်လေးကို အလှဆင်မလား။ တခြားဟာဝယ်မလား။ အဖြေကတော့ ဖိနပ်အကောင်းစားတွေပေါ်မှာ ဘယ်လောက်ရူးသွပ်လဲဆိုတဲ့ အတိုင်းအတာပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်ကြိုးကတော့ ဈေးကွက်ထဲမှာ ရှိနေခဲ့ပါပြီ။



ဒေါ်လာ (၂၀၀၀၀) တန် ဖိနပ်ကြိုး

Add-Gold-Touches-to-Your-Sneakers-with-the-Most-Expensive-Shoelaces-Priced-at-19000-3.jpg 

ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်ကြိုးကို ထုတ်လုပ်ရောင်းချတဲ့ Mr. Kennedy ဆိုတဲ့ ကုမ္မဏီဟာ အဆိုပါဖိနပ်ကြိုးတွေကို စတင်ရောင်းချခဲ့စဉ်တုံးက လူတော်တော်များများဟာ ဒီဖိနပ်ကြိုးတွေနဲ့ ပတ်သက်ပြီး မတူညီတဲ့ အမြင်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ တချို့အမြင်တွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ ယနေ့ခေတ်မှာ လှပကောင်းမွန်တဲ့ အားကစား ဖိနပ်တစ်ရန်အတွက် ထိုက်သင့်တဲ့ ပမာဏတစ်ခု ပေးစီးဖို့ ဝန်မလေးကြတော့ပါဘူး။

 

မော်ဒန်ဖက်ရှင်လောကမှာ လှပကောင်းမွန်တဲ့ ဖိနပ်တွေရဲ့ အရေးပါမှုက ယခင်ကထက် မြင့်တက်လာပါပြီ။ Step up 3 ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်လိုပါပဲ။ "အကဟာ ငါတို့ရဲ့လက်နက်ဆိုရင် ဖိနပ်အကောင်းစားတစ်ရံဟာ ငါတို့ရဲ့သံချပ်ကာဝတ်စုံပါပဲ" တဲ့။ စဉ်းစားကြည့်ပါ။ လှပတဲ့ ဖိနပ်လေးပေါ်မှာ တန်ဖိုးကြီးဖိနပ်ကြိုးနဲ့ ချည်ထားတာကို စီးသွားရတဲ့ခံစားချက်ကို။ ခြေထောက်နဲ့ မြေကြီးတောင် ထိတယ်လို့ ခံစားရမယ်မထင်ပါဘူး။

Mr. Kennedy

Add-Gold-Touches-to-Your-Sneakers-with-the-Most-Expensive-Shoelaces-Priced-at-19000-1-e1496932996450.jpg 

ဒီတန်ဖိုးကြီးဖိနပ်ကြိုးတွေကို ရောင်းချနေတာကတော့ Mr. Kennedy ဆိုတဲ့ ကုမ္မဏီပါ။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖိနပ်ကြိုးတွေကို ရရှိဖို့အတွက် ကိုလမ်ဘီယာဒီဇိုင်နာတွေနဲ့ လက်မှုပညာသည်တွေဟာ ရွှေကြိုး၊ ငွေကြိုးလေးတွေကို လိမ်ယှက်ပြီး နာရီပေါင်း (၁၂၀) ကျော်အချိန်ယူပြီး ပြုလုပ်ဖန်တီးထားတာပါ။ အသုံးပြုထားတဲ့ လက်မှုပညာကလည်း ရှေးဟောင်း လက်မှုပညာရပ်နဲ့ ပန်းတိမ်ပညာရပ်ရဲ့ အနှစ်သာရတွေကို ပေါင်းစည်းပြီး ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ ဖိနပ်ကြိုးတွေကို ဖန်တီးထားတာပါ။

ဒီဖိနပ်ကြိုးတွေကို ဖန်တီးပြုလုပ်ဖို့ အကြံရတဲ့ ပုဂ္ဂိုလ်ကတော့ Colin Hart ဖြစ်ပြီး သူဟာ ယနေ့ခေတ် ဖိနပ်ကြိုးတွေကို တီထွင်ဖန်တီးခဲ့တဲ့ Mr. Kennedy ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ကုမ္မဏီကို Mr. Kennedy လို့ နာမည်ပေးခဲ့ပါတယ်။ သူဟာ ဒီလိုဖိနပ်ကြိုးတွေကို အထက်တန်းလွှာလူတန်းစားအတွက် သီးသန့်ပြုလုပ်ဖို့ အိုင်ဒီယာကို ကိုလမ်ဘီယာနိုင်ငံ၊ ကွင်ချီယာမြို့မှာ အလုပ်လုပ်နေရင်း ရရှိခဲ့တာပါ။

 

သူဟာ လှပတဲ့ လက်ယက်လက်ကောက်လေးတွေကို ပြုလုပ်နေတဲ့ မိသားစုတစ်ခုကို တွေ့မြင်ခဲ့ရပြီး ဒီလက်မှုပညာတွေကို ဖိနပ်ကြိုးရက်လုပ်ရာမှာ အသုံးပြုလိုက်ရင် ဘယ်လိုနေမလဲဆိုပြီး တွေးမိခဲ့ပါတယ်။ အဲဒီကမှ အကြံရလာပြီး ကုမ္မဏီကို ထူထောင်ခဲ့တာပါ။

တန်ဖိုး ဒေါ်လာ (၁၉၀၀၀) ကျသင့်မယ့် ဖိနပ်ကြိုးကို အွန်လိုင်းကနေ မှာယူနိုင်ပြီး ကုမ္မဏီမှ အစောင့်အရှောက်တွေနဲ့တကွ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးမှာပါ။ နောက်ပြီး ဒီဖိနပ်ကြိုးတွေကို ဝယ်ယူမယ်ဆိုရင် ဝယ်ယူသူအတွက် ကုမ္မဏီမှ ဘဝတစ်သက်တာ လက်မှုအာမခံပေးမှာဖြစ်ပြီး သူတို့ရဲ့လက်မှုပညာလက်ရာနဲ့ ပစ္စည်းအရည်အသွေးကို အပြည့်အဝ အာမခံထားပါတယ်။ ဒါပေမယ့် နောက်တစ်ယောက်ကို လက်ပြောင်းပေးအပ်မယ်ဆိုရင်တော့ (ပြန်လည်ရောင်းချခြင်း၊ အမွေပေးခြင်း) အာမခံဆက်လက်ရရှိမှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်ကြိုးကို ဒေါ်လာ (၂) သောင်းနီးပါးပေးဝယ်ရမှာ လက်တွန့်နေတယ်ဆိုရင်တော့ တတ်နိုင်လောက်တဲ့ ငွေကြေးပမာဏနဲ့ နောက်ထပ် ဖိနပ်ကြိုးတစ်မျိုးကိုလည်း ဝယ်ယူနိုင်ပါသေးတယ်။ အဲဒါကတော့ ဒေါ်လာ (၃၀၀၀) ပဲ ကျသင့်မှာဖြစ်တဲ့ Mr. Kennedy ငွေ ဖိနပ်ကြိုးပဲ ဖြစ်ပါတယ်။

Source: alux

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က