နားဆွဲရဲ့နာမည်က ဂရိနတ်ဘုရားတွေရဲ့ အမည်တွေဖြစ်ပါတယ်။

"ယောက်ျားမှာဖိနပ်၊ မိန်းမမှာနားကပ်" ရယ်လို့ ရှေးလူကြီးတွေက ပြောကြတယ်။ မိန်းကလေးဆိုတာမျိုးက နားကပ်လေးပန်ထားမှ တင့်တယ်မယ်လို့ ဆိုကြတယ်လေ။ နားကပ်၊ နားဆွဲ၊ နားကွင်း စသဖြင့် အမျိုးမျိုး ဝတ်ဆင်ကြတယ်လေ။ ကမ္ဘာ့ဈေးအကြီးဆုံးနားဆွဲကို ဒီနှစ်ထဲမှာပဲ ရောင်းသွားတာ သန်းရှစ်သောင်းကျော်နဲ့ ရောင်းချခဲ့ရသတဲ့။

 

ကမ္ဘာ့ဈေးအကြီးဆုံးနားဆွဲအဖြစ် လေလံတင်ရောင်းချနိုင်ခဲ့တဲ့ နားဆွဲဟာ ဒေါ်လာ ၅၇.၄ သန်း (ကျန် သန်းပေါင်းရှစ်သောင်းကျော်)နဲ့ ရောင်းချခဲ့ရတာပါ။ အပြာရောင်နဲ့ ပန်းရောင်စိန်ပွင့်တွေက သစ်တော်သီးပုံစံရှိကြပြီး သူတို့ကို Apollo နဲ့ Artemis လို့ အမည်ပေးထားပါတယ်။ အပိုလိုနဲ့ အားတီးမစ်ဆိုတာ ဂရိနတ်ဘုရားတွေရဲ့ အမည်တွေဖြစ်ပါတယ်။ Sotheby's လေလံအရောင်းဌာနက မေလ ၁၇ ရက်နေ့မှာ ရောင်းချခဲ့တာပါ။

see also 

 

နှစ်ခုလုံးကို သီးခြားဆီခွဲပြီး လေလံတင်ခဲ့တာပါ။ အပြာရောင်အတွက် ဒေါ်လာ ၄၂ သန်းနဲ့ ပန်းရောင်နားဆွဲအတွက် ဒေါ်လာ ၁၅ သန်း လေလံဆွဲ ဝယ်သူသွားခဲ့တာပါ။ သီးခြားဆီခွဲပြီး လေလံတင်ပေမဲ့ ဝယ်သွားတဲ့လူကတော့ တစ်ဦးတည်းပါပဲ။

 

အပြာရောင်နားဆွဲ အပိုလိုဟာ ၁၄.၅၄ ကရတ်ရှိပြီး ကမ္ဘာ့ရှားပါးစိန်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပန်းရောင်စိန်နားဆွဲ အားတီးမစ်ကတော့ ၁၆ ကရတ်ရှိပါတယ်။

Source : Bazaar

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က