ဖိနပ်ရဲ့ဒေါက်တွေက ထူးခြားနေတယ်။

Instyle မဂ္ဂဇင်းရဲ့ ဆုချီးမြှင့်ပွဲကို အင်္ဂါနေ့ညက လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကော်ဇော်နီပေါ်မှာ စတိုင်လ်ကျကျ လျှောက်လှမ်းခဲ့ကြတဲ့ မင်းသား မင်းသမီးတွေ အနုပညာရှင်တွေကို ဖိတ်ကြားကာ ဆုပေးအပ်တဲ့ပွဲပါ။



 

ဒါကြောင့်မို့လို့လည်း စတိုင်လ်နဲ့ဖက်ရှင်တွေကို အားကျအတုယူနိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဝတ်အစားဒီဇိုင်းတွေထက် ဆယ်လီနာဂိုးမက်စ်ရဲ့ဖိနပ်က လူတွေစိတ်ဝင်စားစရာဖြစ်အောင် ဟော့သွားပါတယ်။

see also 

 

အနက်ရောင် dress အတိုကို ခပ်ရှင်းရှင်းဝတ်လာခဲ့တဲ့ ဆယ်လီနာက အနက်နဲ့လိုက်ဖက်မယ့် အဝါရောင်ကို တွဲဖက်ထားတာ တွေ့ရတယ်။ ရွှေရောင်နားကွင်းထူထူနဲ့အတူ လက်စွပ်နှစ်ကွင်းကိုလည်း ဘယ်ညာ လက်နှစ်ဖက်လုံး ဝတ်ဆင်ထားသလို အဝါရောင်ဒေါက်ဖိနပ်ကိုလည်း ဝတ်ထားတာပါ။ ဆယ်လီနာရဲ့ထူးခြားတဲ့ဖိနပ်ဒီဇိုင်းဟာ မကြာခင် ဈေးကွက်ကိုရောက်လာမလားပဲ။

ဘာကြောင့်လဲဆိုတော့ ဖိနပ်ရဲ့ပုံစံက ခပ်ရှင်းရှင်းဒီဇိုင်းပေမဲ့ ဖိနပ်ရဲ့ဒေါက်တွေက ထူးခြားနေတယ်။ တစ်ဖက်မှာ သစ်သားတုံးလို ဒေါက်တုံးတုံးဖြစ်ပေမဲ့ ကျန်တစ်ဖက်က ဒေါက်နေရာမှာ အဝါရောင်ဘောလုံးကြီး တပ်ထားတယ်လေ။ စီးရခက်မလား အဆင်ပြေမလားဆိုတာကတော့ စီးကြည့်မှ သိမှာပဲ။ ဒါပေမဲ့ ဆယ်လီနာကတော့ ဖိနပ်ကို သက်တောင့်သက်သာလေးပဲ စီးပြထားပြီး ပြုံးပြုံးရွှင်ရွှင်တွေ့နေရတော့ သူမအတွက် ဒီဖိနပ်တွေက အဆင်ပြေပုံရပါတယ်။

Source : The Sun

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က