ကိုယ့်ချစ်သူကိုလည်း ဒါမျိုးတွေပဲ ဝယ်ပေးကြတယ်။

ယောက်ျားလေးတွေကသာ မိန်းကလေးတွေကို မြန်မာဆန်ဆန်ဝတ်မှ သဘောကျတာတို့၊ ဂျင်းနဲ့တီရှပ်နဲ့မှ အသေကြွေတာတို့ ဆိုပြီး မှတ်ချက်တွေပေးနေကြတာ။ မိန်းကလေးတွေကလည်း ယောက်ျားလေးတွေရဲ့ ဖက်ရှင်ကိုကြည့်ပြီး ကောက်ချက်ချတာ ပိုတောင်များသေးတယ်။ မိန်းကလေးတွေ ကြွေတဲ့ men fashion တွေက ဘာတွေဖြစ်မလဲ။



မြန်မာဆန်ဆန်

6.jpg

လည်ကတုံးလက်ရှည်လေးကို ပုဆိုးလေးနဲ့ တွဲဝတ်ထားတဲ့ ကွီးတို့ရဲ့ဖက်ရှင်ဟာ မိန်းကလေးတွေအကြွေရဆုံး ဖက်ရှင်ပေါ့။ ယောက်ျားလေးတွေအနေနဲ့လည်း လည်ကတုံးနဲ့ ယောပုဆိုးလေး တစ်စုံတော့ ပိုင်ဆိုင်ထားသင့်တယ်။ ဘုရားသွားကျောင်းတက်နဲ့ အလှူတွေသွားတဲ့အခါ ဝတ်လို့ရပါတယ်။ သန့်ပြန့်ခန့်ညားစေမယ့် ဖက်ရှင်မျိုးလေ။

အနက်ရောင်

78.jpg

အနက်ရောင်က လူကို ကျစ်လျစ်သွားစေတယ်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အနက်ရောင်ဝတ်လိုက်ရင် အထာကျသွားတာ။ ပြီးတော့ အနက်ရောင်ဆိုတာကလည်း ဘာအရောင်နဲ့မဆို တွဲလို့ရတယ်လေ။

ဂျင်း

143.jpg 

ယောက်ျားလေးတွေအတွက်ကတော့ ဂျင်းဆို ပြောနေဖို့တောင်မလိုဘူး ဝယ်ထားပြီးသားပဲနေမှာ။ ဂျင်းဘောင်းဘီက တီရှပ်၊ ရှပ်အကျႌဒီဇိုင်း အတော်များများနဲ့ တွဲဝတ်လို့ရတယ်လေ။ လူငယ်ဆန်ပြီး ခပ်မိမိစတိုင်လ်ဖမ်းချင်ရင်တော့ တီရှပ်အဖြူနဲ့ ဂျင်းအပြာနဲ့ တွဲဝတ်ပေါ့။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကတ်နဲ့ ဝတ်တာမျိုးကတော့ အေးမြတဲ့ရာသီဥတုမျိုးမှာ အထာကျနေစေပါတယ်။

ရှော့ပင်န်

81.jpg 

ထသွားထလာဖက်ရှင်အနေနဲ့ ဒူးအထက် ဘောင်းဘီတို (ရှော့ပင်န်)ကိုလည်း ဆောင်ထားရပါမယ်။ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးရှိတာမို့ ဝတ်ကြည့်ပါ။ ရာသီဥတုပူတဲ့အချိန်မျိုးမှာဆို ဘောင်းဘီရှည်ကိုပဲ တစ်ချိန်လုံး မဝတ်နိုင်ဘူးလေ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က