ပင်လယ်ဆားက အသားအရေကို အဆိပ်အတောက်ပြေစေနိုင်စွမ်းလည်းရှိတယ်၊

ဝက်ခြံဆိုတာ ကျားမ မရွေး မုန်းတီးကြတဲ့အရာပါပဲနော်။ ဝက်ခြံထွက်လာတိုင်း စိတ်ရှုပ်ရတာက အလှပျက်ရုံတင်မဟုတ်ဘဲ မျက်နှာ ရောင်ရမ်းနီရဲနေတာဆိုတော့ ကျန်းမာရေးပိုင်းအရဆိုလည်း မကောင်းဘူးလေ။ ပင်လယ်ဆားဟာ ဝက်ခြံပျောက်စေတဲ့အစွမ်း ရှိတာကို သိပါသလား။

 

အသားအရေကိုကောင်းကျိုးဖြစ်စေမယ့် သတ္ထုဓာတ်တွေဟာ ပင်လယ်ဆားထဲမှာ ပေါပေါများများ ပါဝင်နေပါတယ်။ ဒါ့အပြင် ပင်လယ်ဆားက အသားအရေကို အဆိပ်အတောက်ပြေစေနိုင်စွမ်းလည်းရှိတယ်။ ဒါကြောင့်မို့လို့ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ ပင်လယ်ဆားကိုသုံးပြီး ဝက်ခြံတွေပျောက်အောင် ကုချင်ရင်တော့ ဒီနည်းကိုသုံးပါနော်။

၁။ ရေနဲ့ရောသုံးတဲ့နည်း

44e5c250-13cf-0134-24b4-0e1b1c96d76b.jpg 

ပင်လယ်ဆားကို ရေနဲ့ရောပြီးအနှစ်လိုဖြစ်အောင်လုပ်ပါ။ မျက်နှာသစ်ပြီးရင် ဖျော်ထားတဲ့အနှစ်ကို ဝက်ခြံပေါက်တဲ့နေရာပေါ်တို့ထားလိုက်ရပါမယ်။ ၁၅ မိနစ်ကြာမှ ရေနဲ့ပြန်ဆေးချလိုက်ရင် ဝက်ခြံတွေ သိသိသာသာ ချပ်သွားပါလိမ့်မယ်။

၂။ ဂရိတ်ဖရုသီးနဲ့လည်းသုံးနိုင်တယ်

ဂရိတ်ဖရုသီးဟာ အသားအရေရဲ့ pH level ကို ကောင်းမွန်အောင် ထိန်းပေးထားနိုင်တယ်။ ပင်လယ်ဆားနဲ့ ရောသုံးရင် ပိုပြီးသိသာပါတယ်။ ဂရိတ်ဖရုသီးနဲ့ ပင်လယ်ဆားကိုရောပြီး သကြားနဲ့ အုန်းဆီနည်းနည်းထပ်ထည့်ကာ သမအောင်မွှေပါ။ ဝက်ခြံပေါက်ထားတဲ့နေရာပေါ်ကို အသာအယာလေး ပွတ်ပေးပြီး ၂ မိနစ်လောက်နေရင် ရေဆေးချပေးရမှာ ဖြစ်ပါတယ်။

၃။ ရှားဇောင်းလက်ပပ်

3-15.jpg 

အသားအရေအတွက် အရမ်းကောင်းတဲ့ ရှားဇောင်းလက်ပပ်က ဆရာကြီးပဲနော်။ သူ့ကိုလည်း ပင်လယ်ဆားနဲ့ရောပြီး မျက်နှာပေါ်ကို လိမ်းရင်း နှိပ်ပေးရတဲ့နည်းကို သုံးကြည့်ပါ။ လိမ်းထားတာတွေ ခြောက်သွားပြီဆိုမှ ရေနဲ့ပြန်ဆေးချလိုက်ရင် ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာ၊ ယားယံတာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

Source : Natural Remedies

 

Share

Loading Next Article...
က္က