အရေပြားခြောက်သွေ့မှုကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေပြီး နဂိုရှိရင်းစွဲ အသက်အရွယ်ထက် ပိုမိုကြီးရင့်နေတယ်လို့လည်း ထင်ရတတ်ပါတယ်။

လူတော်တော်များများ အသားအရည်ခြောက်သွေ့မှု (သို့) အရေပြားခြောက်သွေ့မှုဒဏ်ကို ခံစားဖူးကြမှာပါ။ အသားအရည်ခြောက်သွေ့လာတဲ့အခါ အရေပြားဟာ ပက်ကြားအက်များကဲ့သို့ ဖြစ်လာပြီး ရံဖန်ရံခါမှာဆိုရင် အရေပြားကို ကုတ်ခြစ်မိတဲ့အခါမျိုးမှာ အဖြူရောင်အစင်းကြောင်းတွေ ပေါ်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေပြီး နဂိုရှိရင်းစွဲ အသက်အရွယ်ထက် ပိုမိုကြီးရင့်နေတယ်လို့လည်း ထင်ရတတ်ပါတယ်။ ဒါကြောင့် အရေပြားခြောက်သွေ့မှုဒဏ်မှ ကင်းဝေးစေဖို့ နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။

 

၁။ အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ပြောင်းလာစေပြီး သွေးလည်ပတ်စီးဆင်းမှုကို လိုက်လျောညီထွေရှိစေပါတယ်။ ဒါကြောင့်အပေါ့စားလေ့ကျင့်ခန်း ပြုလုပ်ဖြင်းဖြင့် နှစ်လိုဖွယ်ရာရှိသော၊ ကောင်းမွန်သော အသားအရည်မျိုးကို

ရရှိစေပါတယ်။

 

၂။ ညအချိန်မှာ နာရီအနည်းငယ် ပိုအိပ်ခြင်းကလည်း ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှုကို အားပေးပြီး အရေပြားခြောက်သွေ့ခြင်းမှ သိသာထင်ရှားစွာ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်အိပ်နေကျ အချိန်ထက် (၂)နာရီမျှ ပိုမိုအိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်ပါ။

 

၃။ ထောပတ်သီး စားသုံးခြင်းဖြင့်လည်း အရေပြားခြောက်သွေ့မှုကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် အိုမင်းရင့်ရော်လာမှုကို နှေးကွေးစေပြီး အသားအရည်ကိုပါပြန်လည် လှပစေပါတယ်။

 

 

၄။ အလှဆီ လိမ်းကျံခြင်းဖြင့်လည်း အသားအရည်ခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။

Source : Daily Express

Share

Loading Next Article...
က္က