အသားဖြူတာ ညိုတာကိုပဲ ကြည့်လို့မရဘူး

ကျွန်မတို့ မြန်မာမိန်းကလေး အများစုဟာ အောက်ခံမိတ်ကပ် (foundation) ကို ဝယ်တဲ့အခါတိုင်း ကိုယ့်အသားအရောင်ထက် ပိုဖြူတာကို ဝယ်နေမိကြတယ်။ မျက်နှာလေး ဖြူဖွေးနေတာကို သဘောကျကြတယ်လေ။ အဲ့ဒီအခါကျတော့ ဘာဖြစ်သွားသလဲဆိုရင် မျက်နှာတစ်ခုတည်းကွက်ပြီး ဖြူဖွေးနေပေမဲ့ လည်ပင်းတွေနဲ့ အရောင်ကွဲသွားရတယ်။ ပိုဆိုးတာကတော့ လက်တွေနဲ့ယှဉ်လိုက်ရင် မျက်နှာနဲ့က တခြားစီဖြစ်သွားတော့ သဘာဝမကျတော့ဘူးပေါ့။

 

သဘာဝကျကျ မိတ်ကပ်အပြင်အဆင်လေး လိုချင်ရင် မိတ်ကပ်လျှော့လိမ်းဖို့ မလိုပါဘူး။ ကိုယ့်အသားအရောင်နဲ့ တစ်ထပ်တည်းကျနေမယ့် မိတ်ကပ်ကိုသာ ရွေးနိုင်ဖို့ပဲ လိုပါတယ်။ သဘာဝကျကျလှနေတဲ့ အလှကသာ လူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါလား။ ဒါဆိုရင် ကိုယ့်အသားရောင်နဲ့လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို ဘယ်လိုရွေးကြမလဲ။

မိတ်ကပ်ဖောင်ဒေးရှင်းတွေဟာ အခြေခံအားဖြင့်တော့ အရောင် ၃ ရောင်နဲ့လာတယ်။  Warm, Cool, Neutral and olive ဆိုပြီး ယေဘုယျအားဖြင့် ၃ ရောင် လာတယ်။ အဲ့တာကိုမှ အရောင်တွေ ထပ်ကွဲသွားတတ်တာမျိုး။

 

ကိုယ့်ရဲ့သွေးကြောအရောင်က ခရမ်းရောင် ဒါမှဟုတ် အပြာလား။ ငွေထည်လက်ဝတ်ရတနာတွေဝတ်ရင် လိုက်ဖက်မှုရှိတယ်ဆိုရင် cool အမျိုးအစားထဲက အရောင်တွေကို ရွေးချယ်ပါ။

 

တကယ်လို့ ကိုယ့်သွေးကြောလေးတွေက စိမ်းနေတယ်၊ ရွှေထည်တွေဝတ်ရင် လိုက်ဖက်တယ် ဆိုရင်တော့ warm အမျိုးအစား ဖောင်ဒေးရှင်းကို ရွေးရပါမယ်။ ဒါက အသားဖြူတာ၊ ညိုတာနဲ့လည်း မဆိုင်ဘူး။ စူပါမော်ဒယ် Alessandra Ambrosia ဆိုရင် warm အမျိုးအစားပဲ လိုက်ဖက်တာ။

 

ကိုယ့်ရဲ့ သွေးကြောအရောင်က မီးခိုရောင်သမ်းသလိုမျိုး ဖြစ်နေတာလား။ ဒါဆိုရင် olive အရောင်အမျိုးအစား ဖောင်ဒေးရှင်းတွေနဲ့ လိုက်ဖက်ပါတယ်။ သဘာဝအရောင်နဲ့ အဝါကို ပေါင်းစပ်ထားတဲ့ အရောင်မျိုးပေါ့။ Kim Kardasian ရဲ့ အသားအရောင်မျိုးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က