လက်နဲ့ပွတ်ရင် ပိုဆိုးသွားရော

ကျောင်းတက်နေသူတွေနဲ့ ရုံးသမားတွေဆိုရင် ဒီကိစ္စကို အနည်းနဲ့အများ ဆိုသလို ကြုံနေကြရတယ်လေ။ အကျႌမှာ မှင်တွေစွန်းပြီး ဖျက်မရတော့တာ။ အိတ်ကပ်ထဲ ဘော့ပင်ထည့်တတ်သူတွေဆို အမြဲတမ်း ဖြစ်နေတာ။ အဲ့ဒီလိုမျိုး အဝတ်အစားကို မှင်တွေစွန်းသွားတိုင်း ဘယ်လိုဖျက်ကြလဲ။ မဒီကတော့ ဒီနည်းတွေအတိုင်း အဆင့်ဆင့်လုပ်ကြည့်ပါတယ်။

၁။ စုပ်ယူပစ်ပါ

ink-stain-shirt-stock-today-tease-170109_03ef44c97af4103e60671af37a70d6bd.jpg 

မှင်စွန်းသွားတာနဲ့ အလောတကြီး မပွတ်မိပါစေနဲ့။ ပိုဆိုးသွားနိုင်ပါတယ်။ တစ်ရှုးစ၊ ဝါဂွမ်းလေးနဲ့ မှင်စွန်းနေရာပေါ်ကို ခပ်ဖွဖွ ဖိပေးလိုက်ပါ။ မှင်တွေကို တစ်ရှုးစက စုပ်ယူသွားပါလိမ့်မယ်။ စွန်းတာနဲ့ ချက်ခြင်းလုပ်ဖို့တော့ လိုမယ်နော်။ မှင်တွေ မခြောက်ခင်ပေါ့။

၂။ အယ်လ်ကိုဟောအခြေခံထားတဲ့ solvent

maxresdefault (3).jpg 

မှင်စွန်းသွားတဲ့ နေရာပေါ်ကို အယ်လ်ကိုဟော solvent (မှင်တွေပျော်ဝင်အောင်ဖျော်ပေးမယ့်အရည်) ကို အစက်လေးတွေ ချပေးပါ။ ခြောက်နေတဲ့ မှင်တွေ ပြန်စိုလာတာနဲ့ ချက်ခြင်းပဲ တစ်ရှုးစနဲ့ မှင်တွေကို စုပ်ယူပစ်ပါ။ မှင်တွေကုန်သွားတဲ့အထိ ထပ်တလဲလဲ လုပ်ရပါမယ်။

၃။ လျှော်ပါ

gallery-1461945292-index-white-shirts.jpg 

အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ ဆိုရင်တော့ လျှော်ရမယ့်အဆင့်ကို ရောက်လာပါပြီ။ ကြေးချွတ်ဆေးပါတဲ့ ဆပ်ပြာမှုန့်ကို အသုံးပြုပါ။

Source : She Finds

Share

Loading Next Article...
က္က