ဧဝရတ်တောင်ကိုတောင် ဖုံးလွှမ်းနိုင်လောက်အောင် ရှည်ပါတယ်။

မိန်းကလေးတွေရဲ့ အိပ်မက်ထဲမှာ မင်္ဂလာဆောင်တဲ့အချိန် အလှဆုံးဖြစ်ချင်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ တချို့ဆို မင်္ဂလာမဆောင်ချင်ဘူး။ ဂါဝန်လှလှကြီးဝတ်ပြီး ဓာတ်ပုံရိုက်ချင်တာတဲ့။ သတို့သမီးဂါဝန်တွေ ဆိုတာလည်း အရမ်းကိုလှပြီး နောက်မှာ အမြီးအရှည်ကြီးနဲ့ဒီဇိုင်းတွေက ခုခေတ်မှာ ရေပန်းစားနေတာပါ။

နောက်မြီးအရှည်ကြီးနဲ့ သတို့သမီးဂါဝန်တစ်ထည်ကိုတော့ ကမ္ဘာ့စံချိန်တင် နောက်မြီးအရှည်ဆုံး သတို့သမီးဝတ်စုံအဖြစ် ဂင်းနစ်မှတ်တမ်းတင်အဖွဲ့က သတ်မှတ်လိုက်ပါတယ်။ World's longest wedding dress train ကို ပြင်သစ်နိုင်ငံက Caudry ဆိုတဲ့ မြို့လေးတစ်မြို့မှာ ပြခဲ့တာပါ။ သူ့ကို ဇာနဲ့ ပြုလုပ်ထားတာဖြစ်တယ်။

 

ဂါဝန်ရဲ့နောက်က ဇာနဲ့လုပ်ထားတဲ့ အမြီးရှည်ကြီးက ၈၀၉၅.၄၀ မီတာ (၂၆,၅၅၉.၇၁ ပေ) ရှည်သတဲ့။ ဒီအရှည်အလျားဟာဆိုရင် ဧဝရတ်တောင်ကိုတောင် ဖုံးလွှမ်းနိုင်လောက်အောင် ရှည်ပါတယ်။ ဧဝရတ်တောင်ရဲ့အမြင့်က ၈၈၄၈ မီတာပဲ ရှိတာလေ။

ခုလိုမျိုးစံချိန်တင်တဲ့ ဝတ်စုံ ဖြစ်လာအောင် Dynamic Projects ဆောက်လုပ်ရေးကုမ္ပဏီက စေတနာ့လုပ်အားရှင် ၁၅ ဦးက ၂ လ အချိန်ယူပြီး ချုပ်လုပ်ခဲ့ကြရပါတယ်။ အစိတ်အပိုင်းလေးတွေ ချုပ်လုပ်ပြီးမှ အားလုံးကို ပြန်ဆက်လိုက်တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ဖူးတဲ့ ဝတ်စုံက ၁၂၀၃.၉ မီတာ ရှိခဲ့ပြီး ယခုဝတ်စုံကတော့ အပြတ်အသတ်ကြီးကို ပိုရှည်လျားပါတယ်။

 

ဂါဝန်အမြီးရဲ့ အရှည်အလျားကိုတော့ Cabinet Caron-Briffaut ရဲ့ ပရော်ဖက်ရှင်နယ် surveyor ဖြစ်တဲ့ Christophe Dumont နဲ့ Guinness World Records ရဲ့ တိုင်းတာရေးမှုး Rob Molloy တို့က အတည်ပြု တိုင်းတာပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဂင်းနစ်မှတ်တမ်းတင် အသိအမှတ်အပြုလက်မှတ်ကို ထုတ်ပေးခဲ့တယ်။ မှတ်တမ်းတင် အသိအမှတ်ပြုပွဲကိုတော့ ပြင်သစ်နိုင်ငံရဲ့ ရန်ပုံငွေရှာဖွေရေးပွဲ AMF Telethon ရဲ့ နှစ်စဉ်ပွဲမှာ ပြုလုပ်သွားတာပါ။ ယင်းအဖွဲ့အစည်းဟာ French Muscular Dystrophy Association လိုမျိုး အကျိုးအမြတ်မမျှော်ကိုးတဲ့ အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေမြှင့်တင်ပေးတဲ့ပွဲကို နှစ်စဉ်ပြုလုပ်ပေးတာပါ။ အသိအမှတ်ပြုလက်မှတ်ရပြီးနောက်မှာတော့ မင်္ဂလာဝတ်စုံအမြီးကို အပိုင်းလိုက်လေးတွေဖြတ်ပြီး ရောင်းချကာ ရောင်းရငွေအားလုံးကို Telethon ကို လှူဒါန်းခဲ့ပါတယ်။

Source : GWR

Share

Loading Next Article...
က္က