Body lotion တစ်မျိုးတည်း အတူတူသုံးပေမဲ့ ကိုယ်ကသူ့လောက် အသားအရေမလှလာတာ ဒါတွေကြောင်လည်းပါတယ်။

ပျိုမေလေးတို့အနေနဲ့ ငယ်ရွယ်တက်ကြွသူတွေပီပီ ကျန်းမာရေးကိုရော အလှအပကိုပါ ဂရုစိုက်ကြမယ်လို့ ယုံပါတယ်နော်။ ဒီလိုမျိုး ဂရုစိုက်နေတဲ့ကြားကပဲ ဝက်ခြံတွေထွက်လာလိုက်၊ အသားအရေတွေ ညစ်နွမ်းလိုက်နဲ့မို့ စိတ်ညစ်နေသူတွေရှိလား။ အဲ့တာတွေဟာ မသိလိုက် မသိဘာသာနဲ့ လုပ်နေမိတဲ့ အကျင့်လေးတွေကနေ အစပျိုးပြီး ဖြစ်လာရတာပါ။ ဘယ်လိုအကျင့်တွေလဲဆိုတာ မဒီက ပြောပြပါဦးမယ်နော်။

၁။ မျက်နှာကို လက်နဲ့ ခဏခဏကိုင်တာ

69.jpg 

လက်တွေနဲ့ မျက်နှာကိုကိုင်တာ တစ်နေ့ကို ဘယ်နှကြိမ်လောက် လုပ်မိလဲ? တစ်ကြိမ် ထိမိတိုင်း မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ဖုန်တွေ တင်ပေးလိုက်တယ်ဆိုတာ သိပါရဲ့လား။ မျက်နှာသစ်တာနဲ့ မိတ်ကပ်လိမ်း၊ skincare လိမ်းတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ မျက်နှာကို လက်နဲ့ မထိမိအောင် နေနိုင်သမျှနေရပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပြီးမှ မျက်နှာသစ်တယ်

Gym မှာ လေ့ကျင့်ခန်းလုပ်ပြီးတော့ ချွေးတရွှဲရွှဲနဲ့မို့ မျက်နှာသစ်ရတယ်။ အဲ့ဒီအခါ ဘာဖြစ်သွားသလဲဆိုရင် ချွေး၊ ဖုန်နဲ့ လိမ်းထားတဲ့ မိတ်ကပ်တွေက ကြေး(ဂျီး)တွေအဖြစ်နဲ့ ချွေးပေါက်ထဲကို ပြန်ဝင်သွားနိုင်တယ်လေ။ တကယ်ဖြစ်သင့်တာကတော့ လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာသစ်ရတာပါ။ ပြီးတော့မှ ချွေးတိတ်အောင်စောင့်ပြီး မျက်နှာသစ်တာကသာလျှင် မှန်ကန်တဲ့နည်းဖြစ်ပါတယ်။

၃။ ရေချိုးပြီးအချိန်အရမ်းကြာတော့မှ lotion လူးတယ်

using-soap-in-the-shower-everyday-1513198151.jpg 

Body lotion လူးတယ်ဆိုတာက ရေချိုးပြီးလို့ ခန္ဓာကိုယ်မှာ အစိုဓာတ်လေး ကျန်နေတဲ့အချိန်မှာလိမ်းရင် အထိရောက်ဆုံး ဖြစ်ပါတယ်။ ရေချိုးထားစအချိန်မှာ လိမ်းရင် body lotion ကို အရေပြားက ပိုစုပ်ယူနိုင်လို့ အသားအရေကိုပိုလှစေတယ်။ ရေချိုးပြီးလို့ အချိန်ကြာတော့မှလိမ်းရင် မထိရောက်ဘူး။

၄။ ကြေးတွန်းဖတ်တွေကို မလဲဘူး

ကြေးတွန်းဖတ်တွေကို အချိန်အကြာကြီးသုံးနေတာမျိုးလည်း မဖြစ်သင့်ဘူး။ နောက်တစ်ခုက ခန္ဓာကိုယ်ကိုပွတ်တိုက်တဲ့ ကြေးတွန်းဖတ်ကို မျက်နှာပေါ် မတင်ဖို့လည်းလိုတယ်။ ကြေးတွန်းဖတ်တွေကို ကြာကြာသုံးရင် ဘက်တီးရီးယားတွေကပ်နေပြီး အဲ့ဒီဘက်တီးရီးယားတွေက ခန္ဓာကိုယ်ပေါ် ပြန်ကပ်တဲ့အခါ ယားနာတွေပေါက်လာရော။

၅။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေ

never-cleaning-your-makeup-brushes-1513198151.jpg 

မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ ဘရပ်ရှ်၊ ဖော့၊ ကြက်ဥ စတာတွေကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် ထားပေးရမယ်။ သိမ်းတဲ့အခါလည်း လေလုံအောင်ထားပြီး သိမ်းဖို့လိုတယ်။ အဲ့တာတွေကို မဆေးဘဲသုံးနေရင် ဝက်ခြံတွေဖြစ်လာနိုင်တယ်နော်။

Source : List

Share

Loading Next Article...
က္က